မကွေးသံဃာများအား အခမဲ့ကွန်ပျူတာသင်တန်း





မကွေးသံဃာများအား အခမဲ့ကွန်ပျူတာသင်တန်း
အမှတ်စဉ်(၁) တတိယပါတ် ပညာဒါန

(၁၂-၁၁-၀၉)နေ့မှစတင်ခဲ့သော ဤ သံဃာတော်များ အခမဲ့သင်တန်းကို (၂၆-၁၁-၀၉ မှ ၂၈-၁၁-၀၉)နေ့အထိ(၃)ရက်တွင် တစ်ရက်(၂)ချိန် တတိယပါတ် ပညာဒါန အလှူတော် ဖြစ်ပါ၏။ အလှူရှင်များမှာ မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က မှ သင်တန်းနည်းပြဆရာတော် နှင့် သင်တန်းသားသံဃာတော် များအား သွားလာသတင်းသုံး ဧည့်ခံရေးအတွက် မော်တော်ယာဉ်နှင့်အတူ ဆွမ်းကပ် လှူဒါန်း ပါသည်။ သင်တန်းခန်မအား ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစု၊ သင်တန်း နည်းပြဆရာတော်များ မန္တလေး၊ မကွေး ခရီးစရိတ်အလှူတော် ငွေ(၂၅၀၀၀၀ိ) နှစ်သိန်းခွဲ ကျပ်အား (ရွှေဒိုမိန်း)မိသားစုများမှ လှူဒါန်းကြပါသည်။

တတိယပါတ် သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီး ကျောင်းတိုက်မှ ဦးပညာဝံသ(ဓမ္မာစရိယ) ဖြစ်ပါသည်။

သင်တန်းတက်ရောက်သင်ကြားသောဆရာတော်များ

(၁) ဦးအဂ္ဂဓဇ ။ မကွေးတိုင်းသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်
မဟာဝိသုတာရာမတိုက်သစ်ကျောင်း၊ စလင်းမြို့။

(၂) ဦးမာနိတ ။ ပညာစက္ကာရာမကျောင်း၊ မကွေးမြို့။

(၃) ဦးကုသလ ။ မဟာဓမ္မိကာရာမတိုက်၊ မကွေးမြို့။

(၄) ဦးကောသလ္လ ။ ပြည်တော်သာစာသင်တိုက်၊ မကွေးမြို့။

(၅) ဦးဝါသေဋ္ဌ ။ ကန်ဦးကျောင်းတိုက်၊ မကွေးမြို့။

(၆) ဦးသီရိန္ဒ ။ စိန်ပန်းဇ၀နတိုက်သစ်ကျောင်း၊ မကွေးမြို့။

(၇) ဦးပညာဝံသ ။ စိန်ပန်းဇ၀နတိုက်သစ်ကျောင်း၊ မကွေးမြို့။

(၈) ဦးကောဝိဒ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။

(၉) ဦးပဏ္ဍ၀ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။

(၁၀) ဦးစန္ဒောဘာသ ။ မဟာဝိသုတာရာမတိုက်သစ်ကျောင်း။ မကွေးမြို့။

အထက်ပါ သင်တန်းသားသံဃာတော်အရှင်မြတ်(၁၀)ပါးတက်ရောက်သင်ကြားကြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၆)ရက်၊ညနေ(၄)နာရီရေး၏။
 

ဖြူးဆရာတော်ဘုရားကြီးဘဒ္ဒန္တနရပတိ၏ အန္တိမဈာပနအခမ်းအနားအစီအစဉ်



ဖြူးဆရာတော်ဘုရားကြီးဘဒ္ဒန္တနရပတိ၏ အန္တိမဈာပနအခမ်းအနားအစီအစဉ်


|Vimuttisukha (၀ိမုတ္တိသုခ)

show details 5:56 AM (1 hour ago)
ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။

၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။

ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

------------------------------------------------------------------

ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြပါမည်။
၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၇)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကုသိုလ်အလှူရှင်- ကိုရဲထွဋ်+မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ။

နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၆)ရက်၊နံနက်(၇း၂၀) ကူးယူဖော်ပြပါသည်။
 

ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ ပျံလွန်တော်မူသွားပြီ



နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် (၂၄-၁၁-၂၀၀၉)အင်္ဂါနေ့ ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။
“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။
အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၄)ရက်၊ညနေ(၆)နာရီရေးတင်ပါသည်။
 

ဖြူးဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲသတင်း


ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ

နိုဝင်ဘာလ (၂၂)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

ဘုန်းဘုန်းဦးအဂ္ဂဝရမိန့်မှာချက်အရ ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော မြန်မာနိုင်ငံသားများမှ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းမေးမြန်းမှုများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ဆက်သွယ်ရန် အခက်အခဲရှိခဲ့ပါလျှင် ထိုင်းနိုင်ငံရှိ ဖုံးနံပါတ် (+668 5113 7722)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။


ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


နိုဝင်ဘာလ (၂၁)ရက် သတင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေရာမှ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ကြွသွားပြီဖြစ်ပါကြောင်းကို ကြေညာအပ်ပါသည်။ ဖြူးဆရာတော်ကြီး၏ သတင်းကို ဆရာတော်ဦးအဂ္ဂ၀ရနှင့် ဆက်သွယ်၍ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင့် အောက်ပါဖုံးနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးအဂ္ဂဝရ
ဖုန်း - (+95 95390417)၊

ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
(လိုင်းဖုံးနံပါတ်ကို ဦးစားပေးခေါ်ဆိုကြပါရန်)



ရောက်ရှိလာသော ကိုဖိုးသားမေးလ်အား တဆင့်ကူးယူဖော်ပြပေးလိုက်ပါသည်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၃)ရက်၊နေ့လည်(၃း၂၀)ကူးယူ၏။
 

မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….


မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

အခန်း(၁)

“သမီးလေး မစံပယ်ကို သူတို့လက်ထဲ မအပ်ပါရစေနဲ့ ကိုထွန်းကြိုင်ရယ်..ကျမ…သေရင် သေ ပါစေတော့..”
““ခက်တာပဲ မိတင်ရယ်..မင်းကျန်းးမာရေးအတွက်ဆေးကုဖို့က ဒီတစ်လမ်းပဲ ရှိတော့တာ ကိုကွာ..””

အမေကြီးရဲ့နားထဲမှာ ဒီအသံတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်ကြားယောင် နေပါ တယ်.. လူကလေးရယ်..။အမေကြီးတို့မှာ ဒို့လင်မယားနှစ်ယောက်နဲ့ မစံပယ်ဆိုတဲ့ သမီးလေးရှိပါတယ်..။ မစံပယ်လေးက အမေကြီးတို့အိမ်ဘေးမှာနေသွားတဲ့ ကရင်မ လင်မယားကမွေးစားဖို့ နီတာရဲ ပေါက်စနကလေးအရွယ်ကပေးခဲ့တာပါ။ မစံပယ်လေး အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းထဲမှာတင် သေဆုံးသွားခဲ့တာပါ..။ ကရင်မ လင်မယားလည်း မစံပယ်လေးကိုပေးပြီး သူတို့ကရင်ပြည်နယ် ကိုပြောင်းသွားကြတယ် လေ။ ကလေးမရလို့ ကလေးရူးထနေကြတဲ့ ဒို့လင်မယားကတော့ သိပ်ကို ၀မ်းသာ ပျော်ရွင်သွားတာပေါ့ကွယ်။ မင်းတို့အဘ ကိုထွန်းကြိုင်ကဆို ဆိုက်ကားနင်းနေရင်း နံနက် စောစောတစ်ခေါက်၊ နေ့လည်ထမင်းစားပြန်ချိန်တစ်ခေါက်၊ညဆိုက်ကား သိမ်းပြန် လာရင်တစ်ခေါက်၊ တစ်နေ့ကိုသုံးခေါက် ဆိတ်ခြံကိုသွားပြီး ဆိတ်နို့တွေညှစ်ညှစ်ယူလာရ တယ်။ မစံပယ်လေး က ဆိတ်နို့နဲ့အသက်ရှင်လာရတာပါကွယ်..။ သူငယ်ငယ်ကတော့ ချစ်စနိုးနာမည် “ဆိတ်မ”လို့ခေါ်ကြ ပါတယ်။ အမေကတော့ သူအရွယ်လေးရောက်လာ တော့ရှက်မှာစိုးလို့“မစံပယ်”ဆိုတဲ့နာမည် လှလှ ကလေးကို ပေးခဲ့တာပါ။ မစံပယ်လေးအိမ်ကိုရောက်လာကထဲက အမေဈေးရောင်းမထွက်ဖြစ် တော့ဘူး။ အချိန်ရှိသရွေ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ မစံပယ်လေးရဲ့ဝေယျာဝစ္စကိစ္စတွေနဲ့ ညမိုးချုပ်ခဲ့ရတာပါ။ သူ့ကို အမေ့မျက်နှာသုပ်ပ၀ါတဘက်ကလေးနဲ့ခြုံထားပြီး ဆိတ်နို့ကို နို့ဗူးနဲ့တိုက်ခဲ့ရ တာပါ ကွယ်။ သူကလေး မကျန်းမမာဖြစ်ရင် ဒို့လင်မယားပြာပြာသလဲဖြစ်နေရပါတယ်။ ကိုထွန်းကြိုင် ဆိုရင် ဆိုက်ကားကိုမထွက်နိုင်ခဲ့ပါဘူးကွယ်..။ နေ့မအိပ်ရ၊ ညမအိပ်ရပါ။ ဆရာဝန်သွားပြ ဖို့နေနေသာသာ စားဖို့တောင် တစ်နေ့လုပ်မှစားရတဲ့ အမေတို့ဘ၀ပါ။ အိမ်နီးချင်း တွေကဆိုရင် စားစရာမရှိရတဲ့အထဲ ကလေးရူးထနေကြတယ်..။ မွေးနိုင် ကြွေးနိုင်မဲ့သူကို ပေးခိုင်းကြတာကွဲ့။ အမေကြီးက လုံးဝလက်မခံပါဘူး၊ မစံပယ်လေး အရွယ်ရောက်လာ အောင် ကိုထွန်းကြိုင်ရဲ့ဝင်ငွေနဲ့ မလောက်ခဲ့ရင် မရှိ ရှိတာကို ရောင်းချ ပေါင်နှံ မွေးလာခဲ့တာပါ..။“မိသိန်းတင်တို့က မရှိလို့ မွဲလို့သာ ငတ်ချင်ငတ်သေသွား ပါစေ..၊ မိခင်မေတ္တာကိုတော့ လုံးဝ မပျက်ကွက်စေရဘူးမှတ်ထားကြပါ၊ နောက်ကို မစံပယ်လေးကို တစ်ခြားသူပေးဖို့ လာမပြောကြပါနဲ့ဟေ့..” လို့ရန်တွေ့လွတ်ရပါတယ်။

အခန်း(၂)

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ထားခဲ့ကြလို့လား မပြောတတ်တော့ ပါဘူးကွယ်..။ မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ်။အမေကြီးနဲ့ အဘထွန်းကြိုင်တို့ အသက်(၆၀)တန်း တွေကိုရောက်နေကြပါပြီ..။ ဘ၀ ဘ၀အဆက်ဆက်က ပဌာန်းဆက် ဆိုတာကိုလဲ မယုံမရှိကြပါနဲ့…။ ဟော..ယခုကြည့်စမ်းပါ..သမီးလေး မစံပယ်က အရွယ်ရောက်လာခဲ့ပါပြီ..။ သူက အမေကြီးတို့ လင်မယားကို တစ်လှည့်လုပ်ကြွေးနေ ပါပြီ..။မစံပယ်တစ်ဦးထဲမဟုတ်တော့ပါဘူး။သူ့သား နှစ်ကောင် က တစ်နှစ်ကြီး တစ်နှစ်ငယ် ဆိုတော့ ရွယ်တူတွေပဲ ထင်မှတ်ရပါတယ်။သူတို့ညီအကိုရဲ့ တစ်မနက် ၀င်ငွေ ကိုက (၅၀၀၀ိ)ရနေပါပြီကွယ်။ သူတို့ညီအကိုငယ်ငယ်လေးက ဖေဖော်ဝါရီလ ကလေးများနေ့ ပြိုင်ပွဲတွေမှာ နှစ်တိုင်းအလှပြတာ ပထမဆု အမြဲရခဲ့ကြပါတယ်။ဟိုလူက ဆုတွေချ ၊ဒီလူကဆုတွေချနဲ့ အဖိုးကြီးကဆိုရင် ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရှာတယ်. တဲ့။ ပြီးတော့ သူကပြောနေ သေးတယ်…။
““မိတင်ရေ..မင်းစကားသာ ငါနားမထောင်ခဲ့မိပဲ..မစံပယ်လေးကိုသာ မင်းအသဲ အသန် ဖြစ်နေတုံး က ရောင်းခဲ့မိရင် ဒို့မှားသွားတာ သေချာပေါ့။ဒို့ဘ၀မှာ အတိတ်က ကုသိုလ်ကံမကောင်းခဲ့လို့ ဆင်းရဲ ခဲ့တယ်..။ အတိတ်က ကုသိုလ်ကောင်းမှု အလှူဒါန နည်းခဲ့လို့ ယခုဘ၀မှာ သားသမီးရတနာနဲ့ အခြွေရံသင်းပင်းနည်းခဲ့၊ မရခဲ့ကြတာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဘူးတယ်..။အင်း..ခုတော့လဲ ဘ၀ ဘ၀က ပဌာန်းဆက် ကြောင့်ပဲထင်ပါရဲ့ကွယ်.. ဆင်းရဲမွဲတေနေတဲ့ သားထောက်သမီးခံမရှိတဲ့ ငါတို့ လင်မယားကို… သမီး မစံပယ်တို့ နွားသားအမိသုံးကောင်က လူတွေထက်တောင်မှ မယုံကြည်နိုင် လောက်အောင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အကျွေးပြုနေ ပါပြီပကော လား…ကွယ်…””

“သြော်..ရှင်က ယခုမှ ဒီစကားကိုလာပြောနေတာ..ကျမ အမြဲပုခုံးမှာတင်ပြီး ဘုရားရှစ်ခိုးနေတဲ့ ပ၀ါတဘက်အစွန်းထဲက အထုပ်ကလေးကိုဖြည်ကြည့်စမ်း ..ဒီမှာ..ရွှေတို၊ ရွှေစကလေးတွေ လေ..။ အဲဒါ သမီးမစံပယ်ရဲ့ သားနှစ်ကောင်နဲ့ ယာခင်းတွေသွားပြီးတစ်မနက် ထွန်ယှဉ်းဌါးလိုက်လို့ ရတဲ့(၅၀၀၀ိ)ငွေတွေကို ရှင်ပေးသမျှ ရွှေတိုရွှေစတွေဝယ်စုထားတာပါ..။ ဒီသားနှစ်ကောင်ကို ရှင်ပြုရမဲ့ အရွယ် ရောက်လာရင် သမီးကြီးမစံပယ်နဲ့အတူ ရွာဦးကျောင်းဆရာတော် ထံ ရေစက်ချ အလှူ တော်ပေးရအောင်လို့ပေါ့တော်..၊နောက်ဘ၀မှာ ဒီနွားသားအမိတွေ လူပြန်ဖြစ်ကြပါစေ..။ ကျမတို့ လင်မယားကလဲ နိဗ္ဗာန်ကိုမရမီစပ်ကြား လူဘ၀မှာ လူပြန်ဖြစ်လာကြမဲ့ သမီးမစံပယ်တို့သားအမိ သုံးယောက်ရဲ့ အမိ၊အဖ တွေဖြစ်ရပါလို၏လို့ အဲဒီအလှူမှာ ဆုတောင်းပြီးရေစက်ချလိုက်မယ် ..ကိုထွန်းကြိုင်ရေ”။

မှတ်ချက်။ ။ အဘဦးထွန်းမြိုင်+အမေကြီးဒေါ်တင်သိန်းတို့၏ပြောပြသော အဖြစ်မှန်အား ရေးသားပါ၏။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊ညနေ(၄)နာရီ ရေးတင်၏
 

မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း




မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်း
အမှတ်စဉ်(၁)၊ ဒုတိယပါတ်ဆက်လက်ဖွင့်
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်

၁၉-၁၁-၀၉ မှ ၂၁-၁၁-၀၉ နေ့အထိ(၃)ရက် ဖွင့်ပါမည်။သင်တန်းချိန်များမှာ (နံနက်၇မှ၉)နာရီ၊နေ့လည်(၁မှ၃နာရီ) တစ်ရက်(၂)ချိန် ယခင်အစီအစဉ်အတိုင်း သင်ကြားပေးပါမည်။ သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်မှ ဆရာတော် ဦးပညာဝံသ(ဓမ္မာစရိယ) ကြွရောက်ပို့ချသင်ကြားပေးပါသည်။ တက်ရောက်သင်ကြားသော ဆရာတော်များမှာ မကွေမြို့စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါးဖြစ်၏။ သင်တန်းခန်းမ နှင့် မီးစက်မောင်းအလှူရှင်မှာ ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစုမှ ပညာဒါနပြုပါသည်။ သင်တန်းဆရာတော်(၂)ပါးအတွက် မန္တလေး၊မကွေး အသွားအပြန်ခရီးစားရိတ်အား(ရွှေဒိုမိန်း မိသားစုမှ ငွေကျပ်(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းကျပ်မတည်လှူဒါန်းထားပါသည်။ သင်တန်းနည်းပြ ဆရာတော်(၂)ပါးအား မကွေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့ ဥက္ကဌ ဦးပညာစက္က၏ ပညာစက္ကရာမကျောင်းတိုက် မှသတင်းသုံးနေထိုင်ရေးနှင့် ဆွမ်းကပ်လှူဒါန်းပါသည်။

သင်တန်းနည်းပြဆရာတော် ဦးကောဝိဒ (စစ်ကိုင်းဆွမ်းလောင်းသင်းနှင့် အခမဲ့ကွန်ပျူတာ သင်တန်းကျောင်း)ဆရာတော်မှာ စစ်ကိုင်းတိုင်း မြရတနာ(အနာကြီးရောဂါသည်များ)ရွာတွင် အ၀ီစိ ရေတွင်းတူးခြင်း၊ စတုဒီတာ ထမင်းကြွေးအလှူကိစ္စများကြောင့် မကွေးသင်တန်းသို့ မကြွလာ နိုင်ကြောင်း သိရှိရပါသည်။ တတိယပါတ် သင်တန်းသို့ လာရာက်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးကောဝိဒ မှဖုန်းဆက်၍မိန့်ကြားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊နံနက်(၈း၄၀)နာရီ ရေး၏။
 

အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..



အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်တာနက်ဆိုင်ထောင်မိတာတော့
(သားမှားပြီ..မေမေရဲ့၊သောကတွေကြွယ်..၊ ဒေါသတွေလွယ်…) လို့သာ ဟင်္သာတကိုထွန်းရင် သီချင်းကို အော်၍သာ ..ဆိုလိုက်ချင်ပါတော့တယ်ဗျာ…။အခွန်အခတွေကတစ်နှစ်ထက်တစ်နှစ်(၂)ဆတိုးကောက်ကြပါတယ်၊လုပ်ငန်းတွေကထိုးကျနေပါတယ်။မြန်မာပြည်ရဲ့မြို့တွေနယ်တွေမှာ အင်တာနက်ဆိုင်တွေ နေ့ချင်း၊ညချင်းပေါလာတာတော့ လူငယ်တွေအတွက်ဝမ်းသာစရာပါ..။

ဟိုတစ်လောက မန်းသူလေး အွန်လိုင်းပေါ်တက်လာပါတယ်။ ပခုက္ကူမြို့မှာ အင်တာနက်(၁)နာရီသုံးခ ငွေကျပ်(၁၀၀၀ိ)တဲ့..၊VZo ကင်ပရာကိုင်လိုက်တာနဲ့ အမ၊အမ (အဲဒါကိုသုံးရင် နောက်ထပ်တစ်နာရီ(၂၀၀၀ိ)ကျပ်ထပ်ပေးရမယ်တဲ့..။) သူကပြောပါတယ်။အင်း တောင်တွင်းကြီးမြို့မှာလဲ တစ်နာရီ(၁၀၀၀ိ)ကျပ်တဲ့။ အင်တာနက်ဆိုင်ရှားသေးတဲ့မြို့တွေက ဈေးတောင်းသလောက်ရကြမှာပေါ့လေ..။

ရန်ကုန်၊မန္တလေး၊မကွေးမြို့တွေမှာတော့ ဈေးတွေကျပျက်ကုန်ပါပြီ…။ တစ်နာရီ(၅၀၀ိ)ကျပ်ကနေ..တစ်နာရီ(၄၀၀ိ-၃၀၀ိ-၂၅၀ိ-၂၀၀ိ-၁၀၀)ကျပ်အထိ ဈေးတွေဒလဟောကို ထိုးချ၊ ထိုးကျနေကြပါပြီ….။ဒါကြောင့်လဲ ဂျာနယ်တွေမှာ(လက်ရှိအသုံးပြုနေဆဲ အင်တာနက်ဆိုင် တစ်ဆိုင်လုံး ရောင်းရန်..အပိုမီးစက်(၂)လုံး၊ အဲယားကွန်း(၃)လုံး၊ပစ္စည်းစုံပါသည်၊သင့်မဲ့ဈေးနှင့်အမြန်ရောင်းလိုပါသည်..)။ စတဲ့ကြော်ငြာတွေကို ခဏ ခဏဖတ်နေရတာပါနော်..။

ကျွန်တော်တို့ မကွေးမြို့မှာ အင်တာနက်ဆိုင်(၄၀)ခန့်ရှိပါတယ်..။ဆိုင်တွေနာမည်ကိုတော့ မပြောတော့ပါဘူး။ ဆိုင်သေး၊ဆိုင်လတ်၊ ဆိုင်ကြီး(၃)မျိုးလောက်တော့ ကွဲကြပါမည်။ အင်တာနက်ဆိုင်ကို (Adsl လိုင်းမပေါ်ခင်နဲ့၊ ပေါ်ပြီးစကာလမှ စောစောစဖွင့်ခဲ့တဲ့ဆိုင်တွေကတော့ ယခုလောက်ဆို အရင်းတော့ရလောက်ကြပါပြီ..။ ၂၀၀၉ ခုမှစဖွင့်တဲ့ဆိုင်တွေကတော့ မကြာခင်မှာ(အရုပ်ပြင်း) အရင်းပြုတ်ကုန်ကြပါတော့မည်..။ အဲဒီအထဲ ကျွန်တော်ကရှေ့ဆုံးကဖြစ်ပါတယ်..။ (အခြားစီးပွားရေးတွေနဲ့တွဲဖက်ပြီး တောင့်ခံနိုင်တဲ့ဆိုင်ကြီးတွေကတော့ ကျန်နေခဲ့ကြမယ်လို့ထင်ပါတယ်..။) အင်း..အဲဒီဆိုင်ကြီးတွေက လျှပ်စစ်မီး(၂၄)နာရီ မီးလာကြတယ်လေ..။ ဘယ်ကနေ ဘယ်လိုရကြတာလဲဆိုတာကတော့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူကသိကြမှာလဲဗျာ..။ကျွန်တော်တို့ဆီမှာ.. မိုးကလဲကွက်ကြားရွာသလို..မီးကလဲကွက်ကြားလာနေကြတာ မဆန်းတော့ပါဘူးလေ..။ ဒါကြောင့် ညတိုင်း၊ညတိုင်း ဖယောင်းတိုင်မီးလေးကိုတွန်းပြီး..၊ မီးစက်ကလေးကိုမောင်းပြီး..၊ကိုလေးဖြူ သီချင်းလား..ဘာတဲ့..(အလင်းရောင်..အလင်းရောင်..အလင်းရာင်…………။)လို့လဲအော်ဟစ်မိပါတယ်…ဗျာ..။

““ဦးလေး၊ ဦးလေး..ကျမသုံးတဲ့(နံပါတ် ၁ စက်ပြီးပါပြီ..(၁၅)မိနစ်ဆိုတော့ ရော့(၅၀ိ)တဲ့..”””။

ဗျာ…ကျွန်တော်မျက်လုံးပြူးသွားပါတယ်…။

“ ဟေး..နာရီဝက်သုံးခ(၁၅၀)ကျပ်တော့ ပေးပါတူမကြီးရာ..ငါတို့မှာ နေ့ရောညပါမီးစက်မောင်း ရတာပါ ကွယ်..။ဒီဇယ်တစ်ဂါလံ(၃၀၀၀ိ)ပေးရတာပါ။ တူမကြီးတို့စားနေတဲ့ ဇီးထုတ်(၁)ထုပ်တောင်(၁၀၀ိ)တန်မရှိတော့ပါဘူး။ဇီးထုပ်တစ်ထုပ်ကို ၃၀၀-၄၀၀ိ ပေးရပါတယ်..။ ငါတို့ အင်တာနက်က ဇီးထုပ်တစ်ထုပ်လောက်တောင် တန်ဖိုးမရှိတော့ပါလားကွယ်….။“

““ ရှင်..ဦးဆိုင်ကသာ..မရတာ..ဟိုမှာ ကောင်းမွန်စူပါမားကတ်ပေါ်က ကျမတို့လို(Manber)တွေဆိုရင်..တစ်နာကို(၂၀၀ိ)ကျပ် ရပါတယ်..။ တကယ်ထဲ အဖြစ်သဲနေလိုက်တာ..အဲဒီဆိုင်ကိုပဲသွားတော့မယ်.. အင်တာနက်တွေ နက်ဝပ်ဂိမ်းတွေစက်အလုံး(၁၀၀)ကျော်ကိုရွေးပြီး ခေါင်းခေါက်သုံးလို့ရပါတယ်နော်..”””

ကျွန်တော်..ကျွန်တော်.. ခြေဖနောင့်ကို ဆောင့်ကာ ဆောင့်ကာ ပြောဆို၍ ထွက်သွားသော ကလေးမလေးကိုကြည့်ပြီး……

“ ဟောသည်မှာဗျာ…အင်တာနက် ပူပူနွေးနွေးလေး..စက်တစ်လုံးမှ ပြားသုံးဆယ်..” ဟုသာ အော်၍သာ ရောင်းလိုက်ချင်ပါတော့သတည်း…..။”

ရှိတဲ့သူတွေ..ပို၍ရှိနိုင်ကြပါစေ…..။ မွဲတဲ့သူတွေ..ဒီဘ၀က အမြန်လွတ်ကင်းနိုင်ကြပါစေ…။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ နိုဝင်ဘာလ၊(၁၆)ရက်၊ည(၈း၃၀)နာရီ ရေးပါသည်။
 

ဖြတ်ညှပ်ကပ်သတင်းသမား တစ်ဦးကြောင့်


ဖြတ်ညှပ်ကပ် သတင်းသမား ငါးခုံးမတစ်ကောင်ကြောင့်
သတင်းလောက တစ်လှေလုံး အပုပ်မခံနိုင်ပါ…။
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၂၁)ရက်။

တစ်လောက ဈေးကွက်ဂျာနယ်မှာ ဆရာကျွန်းသားငမန်းမှရခိုင်ကဈေးကွက်သတင်းတွေကို ကော်ပီကူးချတဲ့သတင်းသမားတစ်ဦးကြောင့် အညာမြေလတ်သတင်းသမားများကို ၀ါးလုံးရှည်နဲ့ ကလော်ခံလိုက်ရပါတယ်။
ယခုလဲ ဒီပုံကိုကြည့်ပါ အဝေးကမြင်နိုင်ပါတယ်။ (မကွေးမြို့မဈေး ကမ်းနားလမ်း သင်္ဘောဆိပ်အနီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကို ပြုပြင်စဉ်) စာသားနဲ့ သတင်းဓာတ်ပုံမှားကြီးကို ဖော်ပြပေးထားပါတယ်။သတင်းအချက်အလက် ခိုင်လုံသောအကြောင်းအရာလဲ မပါပါဘူး။ သတင်းဓာတ်ပုံမှာ မကွေးကမ်းနားလမ်း လုံးဝမဟုတ်ပါ။ မကွေကမ်းနားလမ်း ရေကာတာ ကျောက်ရိုးကြီးကို (မ-ဆ-လ)ခေတ်ကတည်းက အခိုင်အမာတည်ဆောက် ခဲ့ပါတယ်။ ဧရာဝတီတံတား(မကွေး)တည်ဆောက်စဉ်ကလဲ ထပ်မံပြုပြင် အလှဆင်ထားပါတယ်။ ဘယ်သဘာဝ ဘေးအန္တရာယ်မှ ယနေ့အထိ မကျရောက် မပြိုပျက်ခဲ့ပါ။ ကျွန်တော်နှင့်တကွ စာဖတ်သူများမှာ ဒီဂျာနယ်၊ ဒီသတင်းမှား ဓာတ်ပုံကြီးကိုမြင်တွေ့လိုက်ရတာ များစွာစိတ်ထိခိုက်ကြရပါတယ်။ သာယာလှပနေတဲ့ ဆိပ်ကမ်းသာ မကွေးမြို့ရဲ့ကမ်းနားလမ်းကို ယခုလိုအနိဌာရုံ မဟုတ်မမှန်သတင်းမှားကြီး အတွက် မည်သူမှာတာဝန်ရှိပါသနည်း…။ ဒီသတင်း တစ်ပုဒ်ရေးလို့စာမူခငွေ(၃၀၀၀ိ)(၅၀၀၀)ကျပ် ရရှိရေးအတွက်ကိုသာဦးတည်ပြီး သတင်းဖြစ်အောင် ဖြတ်ညှပ်ကပ် ကော်ပီကူးချ ရေးသားနေတဲ့ သတင်းသမားများ ကို သက်ဆိုင်ရာမှ ထိရောက်စွာ ဖော်ထုတ် ရှင်းလင်းသင့်ပါပြီ…။

၂၂-၁၀-၀၉ နေ့မှာ ၎င်းသတင်းဓာတ်ပုံအတွက် နေလင်း(မကွေး) အား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး၍ကာယကံရှင်မှ မှားယွင်းစွာဖော်ပြမိပါကြောင်းဝန်ခံဂတိလက်မှတ် ရေးထိုးပေးထားရကြောင်း ကြားသိရပါတယ်ခင်ဗျာ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၄-၁၁-၂၀၀၉ ခု၊ ည(၈း၃၀)နာရီ တင်၏။
 

မကွေးမြို့တွင် သံဃာတော်များအား အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပြီ..။




မကွေးမြို့တွင် သံဃာတော်များအား
အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပြီ..။

၁၂-၁၁-၂၀၀၉ ၊နေ့ နံနက်(၇)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့် မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင် ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅) ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင် အမှတ်စဉ်(၁)သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ ယင်းသင်တန်းအား မကွေးတိုင်းသံဃာ့နာယက အဖွဲ့နှင့်တိုင်းသာသနာရေးဦးစီးမှူးရုံးမှ ဦးစီးကျင်းပဆောင်ရွက်ပေးပါသည်။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့် မန္တလေးမြို့ မြင်ဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသ တို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက် ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။ယင်းဆရာတော်နှစ်ပါးအား မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ပညာစက္ကကျောင်းတွင် ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင် တက်ရောက်ကြားကြသောဆရာတော်များမှာ မကွေးမြို့ စာသင်တိုက် အသီးသီးမှ စာချဆရာတော်များ ဖြစ်ကြောင်းသိရ၏။ ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာ အသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးမည်ဟု ကြားသိရပါသည်။ သင်တန်းကာလမှာ (၁)လဖြစ်၍ တစ်ပါတ်လျှင် ကြာသာပတေးနေ့၊ သောကြာနေ့၊ စနေနေ့(၃)ရက် ပို့ချပေးပါမည်။ သင်တန်းချိန်မှာ နံနက်(၇-၉)နာရီတစ်ချိန်၊ နေ့လည်(၁-၃)နာရီ၊ တစ်ရက်(၂)ချိန်သင်ကြားပို့ချပေးပါမည်။သင်တန်း နှစ်သုတ်သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ ယင်းသင်တန်းသို့ တက်ရောက်သင်ကြားလိုကြသော ဆရာတော်၊သီလရှင် များအား မကွေးတိုင်း သံဃာ့နာယက အဖွဲ့ထံ စုံစမ်းစာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းများသို့ ဆက်သွယ် လိုပါက ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၅၁၉၇ သို့ဆက်သွယ်နိုင်ကြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၂-၁၁-၂၀၀၉ ညနေ(၄း၃၀)နာရီ
 

ကျွန်ုပ်တွေ့သော စိတ်သဘာဝ(၃)

ShweOoDown

ရွှေလမ်းငွေလမ်းဝင်းကြည်
(၁၁-၁၁-၀၉) ည(၉)နာရီ
 

လွတ်လပ်တဲ့ ဘဝ

http://www.dhammayanant.com/

ဓမ္မရနံ့ ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

image hosted by ImageVenue.com


သံသရာချီတဲ့ ဒေ၀ဒတ် ရန်ငြိုးက
ရွှေခွက်မရတာက စသတဲ့…။

ကလီယိုပါထရာကြောင့်
ရောမအင်ပါယာကြီး ပျက်ဖူးတယ်…။

နယ်ပယ်သစ်ကို လိုချင်လွန်းလို့
စစ်ပွဲတွေလည်း နွှဲခဲ့ကြဖူးတယ်…။

ရွှေတွင်း ငွေတွင်း ရတနာတွင်းတွေအတွက်လည်း
သွေးစက်တွေ မြေခခဲ့ရဖူးတယ်…။

ဝတ္ထု နေရာ လူ ဆု တစ်စုံတစ်ခု
ရလိုမှု အာရုံပြုပြီး
တရား၊ မတရား နည်းကုန်ဖက်
စွမ်းအားရှိသမျှ လုယက်ပြိုင်ဆိုင်
နိုင်ပြန်တော့ ရန်တွေပွါး
ရှုံးရတော့ ဒေါသများ
ကဲ… ဘယ်မှာလဲ အကျိုးအမြတ်တရား…။

သားတစ်ရှင် ကျီးတစ်ကောင်လို ဘဝ
မလွှတ်မချင်း ထိုးဆိတ်ခံရ
လွှတ်မချရင် ဘ၀ပျက်
စုတ်..ပြတ်..သတ်..ဖွာ..ထွက်
ငါတို့ကိုယ်တိုင်ကရော
ထိုးဆိတ်နေကြတာလား…။
အထိုးဆိတ်ခံနေရတာလား…။

အရင်းစစ်တော့ တရားခံက
အာရုံလုတဲ့ လောဘ…။
အပြစ်မမြင် အစစ်ထင်ပြီး
နှစ်ခဲ့ရတာလည်း မောလှပါပြီ
(ဒီတော့…) သံသရာဆက်မယ့် အာရုံတွေ တစ်ခန်းရပ်
ဥပါဒါန်အစွဲတွေ ချဖြတ်
လောကဓံ စည်းအပြင်မှာ ထရပ်ရင်း
ဘ၀ကို လွတ်လပ်မှု ပေးကြည့်ကြစို့လေ…။

ဓမ္မရနံ့

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ နိုဝင်ဘာလ(၉)ရက်၊ ည(၁၂)နာရီ ကူးယူ၏။
 

ယမမင်းထံ အစစ်ခံခြင်း

ယမမင်းထံ အစစ်ခံခြင်း
Posted on November 2, 2009 by စန္ဒာ
Rate This

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။


ကျမ်းကိုး ။ ။ အမတ်ကြီး ဦးပေါ်ဦး
ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

************************************************************************************

http://sandarthuriya.wordpress.com/ စန္ဒာသူရိယ ဆိုဒ်မှ....


ကိုဖိုးသား ပို့ပေးသော မေးလ်အား ထပ်ဆင့်ဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၄)ရက်၊ည(၇)နာရီ ကူးယူ၏။
 

သားဆိုး မဟုတ်သော အေးရွှေ-ကေတုမတီ

ဘာသာမတူအဖေ့ထံမှ ခွဲထွက်ခဲ့ပြီး အယူမှန် သရဏဂုံအား အသက်ထက်ဆုံး သက်ဝင်ယုံကြည်ကိုးကွယ်တတ်သော စာရေးဆရာ အေးရွှေ-ကေတုမတီအား သူရေးသားသောဤစာမူဖြင့် ဂုဏ်ပြုလိုက်ရပါသည်။(ယခင် ကြိုတင်ဖော်ပြပေးထားသော အဆက်ဖြစ်ပါ၏)
Aye


ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်။





ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၄)ရက်၊ ညနေ(၃း၃၀)