မြေလတ်မီဒီယာ ဂျာနယ် မှ ၂၀၁၅ နှစ်သစ်ကိုကြိုဆိုပါ၏

၂၀၁၅ နှစ်သစ်မှစ၍ မြေလတ်မီဒီယာဂျာနယ်က
လှုပ်ရှား သွက်လက် အစွမ်းထက် အများပြည်သူ ကောင်းကျိုးအတွက်
၁၅/၁/ ၂၀၁၅ နေ့မှာ စတင်၍  အတွဲ(၁)  အမှတ်(၁)  ဂျာနယ်ထုတ်ဝေပါမည်။
အင်္ဂလိပ်လ(၁)ရက်နေ့ နှင့် (၁၆) ရက်နေ့များတွင် လစဉ် ထွက်ပါမည်။
အယ်ဒီတာအဖွဲ့
 

ပြည်ထောင်စုလွတ်တော်ရုံး ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီမှရန်ပုံငွေသုံးစွဲခြင်း ဆိုင်ရာဥပဒေပုဒ်မ၇။ပုဒ်မခွဲ(ဃ)အရခွင့်ပြုခဲ့သော ကျပ်သိန်းတစ်ထောင်တိတိအားပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်း

မြို့သစ်
ဒီဇင်ဘာ(၁၆)ရက

ပြည်ထောင်စုလွတ်တော်ရုံး
ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီမှရန်ပုံငွေသုံးစွဲခြင်း
ဆိုင်ရာဥပဒေပုဒ်မ၇။ပုဒ်မခွဲ(ဃ)အရခွင့်ပြုခဲ့သော
ကျပ်သိန်းတစ်ထောင်တိတိအားပွင့်လင်းမြင်သာစွာ
ချပြရှင်းလင်းခြင်း
မကွေးတိုင်းဒေသကြီး။မြို့သစ်မြို့တွင်ဒေသတွင်းဖွံ့
ဖြိုးရေးလုပ်ငန်းများအတွက်ရပ်ကွက်နှင့်ကျေးရွာအုပ်
စုများတွင်ဆောင်ရွက်ရမည့်ကျေးလက်လမ်းတံတားလုပ်ငန်း(၁၆)ခုကကျပ်သိန်း(၇၃၂)ပြည်သူလူထုအ
မှန်တကယ်လိုအပ်သောအခြားလုပ်ငန်း(၆)ခုကျပ်သိန်း(၂၄၀.၂၈)အထွေထွေကုန်ကျစရိတ်ကျပ်သိန်း၂၇'၇၂ဖြစ်ပြီးတည်ဆောက်ရေးကာလမှာ၂၀၁၄ခုနှစ်
ဒီဇင်ဘာ၁ရက်နေ့မှ၂၀၁၅မတ်လ၃၁ရက်နေ့အထိ
သတ်မှတ်၍ဆောင်ရွက်မည့်အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်
များကိုလုပ်ငန်းအပ်စနစ်ဖြင့်ဆောင်ရွက်စေပြီးဆွေး
နွေးပွဲကိုနှစ်ပတ်နှစ်ကြိမ်ပြုလုပ်ပြီးဒေသတွင်းဖွံ့ဖြိုး
ရေးလုပ်ငန်းများကိုဆောင်ရွက်စေခဲ့ပါသည်
၎င်းဆွေးနွေးပွဲကိုမြိုနယ်အုပ်ချုပ်ရေးမှူးဦးသိန်း
ဇော်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမြင့်သူ
အထောက်အကူပြုဥက္ကဌဦးကျော်ဝင်းစည်ပင်ဥက္ကဌ
ဦးတင်မြင့်ဆည်မြောင်အေအီးဦးဝင်းလွင်ဆောက်လုပ်ရေးအင်ဂျင်နီယာဒေါ်ပြုံးကြည်ကျေးလက်ဦးစီးနှင့်
လုပ်ငန်းလုပ်ဆောင်မည့်အဖွဲ့အစည်းများဒေသဆိုင်ရာလူငယ်ကွန်ရက်များသတင်းမီဒီယာများတက်ရောက်ပြီးဒေသဖွံ့ဖြိုးရေးအတွက်အပြန်အလှန်မေးမြန်း
ဆွေနွေးကြကြောင်းမြေလတ်မီဒီယာမှသတင်းရရှိ
သည်

အောင်ကျော်
မြို့သစ်
မြေလတ်မီဒီယာ
Ph  256046562

 

မြေလတ်မီဒီယာ ဂျာနယ် မှ သတင်း နှင့် ဆောင်းပါး များ ဖိတ်ခေါ်ပါသည်



စိတ်ဝင်စားသူ မည်သူမဆို မြေလတ်မီဒီယာ ဂျာနယ်တွင် ပါဝင်ရေးသားရန် ဖိတ်ခေါ်အပ်ပါသည်...။

မကွေးတိုင်းဒေသကြီးအတွင်းမှ သတင်းများဦးစားပေးဖော်ပြပါမည်။

လူထုအော်သံ နှင့် ဆောင်ပါး ကာတွန်း ကဗျာ များလည်းပေးပို့နိုင်ပါသည်။
 
လိုရင်း တိုရှင်းဖြင့် ထိထိမိမိရေးသားပေးပိုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
အမည် မှတ်ပုံတင်အမှတ် ဖုန်းနံပတ် လိပ်စာပြည့်စုံရပါမည်။
 
ပွဲသတင်းများမှအပ စာမူခချီးမြှင့်ပေးပါမည်။
 
၂၀၁၅ ဇန်နဝါရီ ၁၅ ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)ထွက်မည်။ စာမူများ ဇန်န၀ါရီလ ၁၀ ရက်နေ့ ဖောင်ပိတ်ပါမည် အမီပေးပိုပေးကြပါခင်ဗျား။
 
 
၁၅ ရက်တစ်ကြိမ်ထွက်ပါမည် ။ အတွဲ(၁)၊ အမှတ်(၂)မှစ၍ လစဉ် အင်္ဂလိပ်လ  ၁ ရက် နှ င့် ၁၆ ရက်နေ့များတွင် ထုတ်ဝေပါမည်။ ရောင်းဈေး  ၃၀၀ ကျပ် ။
 
ပေးပို့ရာတွင် အောက်ပါအီးမေးသို့ ကွန်ပျူတာ(သို့မဟုတ်)ဖုန်းဖြင့် စာရိုက်၍  စာဖိုင် ကိုပေးပို့ကြပါ ။  စာဖိုင်အားဓာတ်ပုံရိုက်ခြင်း စကင်နာဖတ်၍ ပေးပိုပေးခြင်းအားလက်မခံပါ။ လူထုအော်သံများကို စာရွက်များဖြင့်ပေးပို့နိုင်ပါသည်။ အခြားစာမူများကို အင်တာနက် အွန်လိုင်းဖြင့်သာ စာမူများပေးပို့ပေကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ 
 
မည်သူမဆို သတင်းထောက် အမည်များ ဂျာနယ်တွင် ဖော်ပြပေးနိုင်ရန် ဂျာနယ်မထွက်မီ ဆက်သွယ်ကြရန် ဖိတ်ခေါ်ပါသည်။
 
ထုတ်ဝေသူ
ဦးဝင်းကြည်
မကွေး  ၀၉ ၄၄၀၂၂၅၁၀၀
စာမူများကို အောက်ပါ မေးလ်လိပ်စာ နှစ်ခုအားပို့ပေးစေလိုပါတယ်။
uwinkyi123@gmail.com, myaylatmedia@gmail.com
 

“သတင်းထောက် တင်ရွှေ(မင်းဘူး) အား ပုဒ်မ(၁၈)ဖြင့် ၂၀၁၄၊ မေ ၇ ရက်နေ့က မကွေးမြို့တွင် မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြအမှုကို ရုံးတင်ရန် ရဲစခန်းမှစစ်ဆေးပြီ”



မကွေး၊ ဒီဇင်ဘာ ၃၀ ။

          မကွေးမြို့မရဲစခန်းမှ ပြီးခဲ့သော၂၀၁၄၊ မေ (၇)ရက်နေ့တွင် မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြခဲ့သော အမှုကို တရားလို အဖြစ် မကွေးမြို့မစခန်းမှူး ဒုရဲမှူး ထွေးကို မှ ငြိမ်းချမ်းစွာစီတန်လှည့်လည်ခွင့် လျှောက်ထားသူ တင်ရွှေ(မင်းဘူး) အား (ခွင့်ပြုချက်မရဘဲ ဆန္ဒပြ၍) မေ ၇ ရက် နေ့ကပင် (ပ)၈၂/၂၀၁၄၊ ပြစ်မှုပုဒ်(၁၈) ဖြင့် တရားစွဲ ခဲ့သော အမှုဖြစ်ကြောင်း ၎င်းရဲစခန်းမှတ်တမ်းအရ သိရသည်။


          ၎င်း အမှုအား ၂၀၁၄၊ ဒီဇင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် မကွေးမြို့မရဲစခန်းမှ တင်ရွှေ(မင်းဘူး)ကို ခေါ်ယူပြီး အမှုတည်ဆောက်ရန် အမှုစစ် ဒုရဲအုပ် သိန်းနိုင်ဝင်း က စစ်ဆေးခြင်းပြုလုပ်ကြောင်း၊ စစ်ဆေးပြီး တင်ရွှေ(မင်းဘူး)အား ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးကြောင်း တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။


“ အဲဒီအချိန်က ဆန္ဒပြဖို့ ခွင့် ပြုမိန့်တင်သူက ကျွန်တော်ပါ၊ ခွင့်ပြုမိန့်ကို ငြင်းပယ်ခံခဲ့ရတယ်။ ဒါနဲ့ ၈၈ မျိုးဆက်ကျောင်းသား ငြိမ်း/ပွင့် (မကွေး)ရယ် NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်တို့အဖွဲ့နဲ့ ကျွန်တော် တို့မီဒီယာသမားတွေ သုံးဖွဲ့ပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် ဒီကိစ္စကို တည်ဆဲဥပဒေအရ တရားဥပဒေ ဘောင်အတွင်းက ကျွန်တော်တစ်ဦးတည်း ရင်ဆိုင် ဖြေရှင်းသွားမှာပါ။” ဟု သတင်းထောက် တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။


          အဆိုပါဆန္ဒပြပွဲတွင် မီဒီယာလွတ်လပ်ခွင့်ရရှိရေး၊ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးထောင်ချထားတဲ့ DVB သတင်းထောက် ဇော်ဖေ၊ သတင်းထောက် မခိုင်၊ ယူနတီဂျာနယ် အမှုဆောင်နှင့် သတင်းထောက်များ ပြန်လည် လွှတ်ပေးရေး၊ သတင်းသမားများကို စာနယ်ဇင်းကောင်စီ မှ ဖြေရှင်းပေးရေး စသည့် ရည်ရွယ်ချက် ကြွေးကြော်သံ များဖြင့် ဆန္ဒပြခဲ့ကြကြောင်း သတင်ထောက် တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုထပ်မံပြောသည်။

၎င်း ဆန္ဒပြစဉ်အချိန်က သတင်းထောက် တင်ရွှေ(မင်းဘူး)သည် ယူနတီဂျာနယ်၊ တူမောရိုးဂျာနယ် များတွင် နယ်သတင်းထောက်၊ ဟစ်တိုင်ဂျာနယ်တွင် ကျော်မြတ်သူ ကလောင်ဖြင့် နယ်သတင်းထောက်ဖြစ် ကြောင်း၊ လက်ရှိ ၂၀၁၅ တွင်ထုတ်ဝေမည့် မြေလတ်မီဒီယာ ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ သတင်းထောက်လုပ်ငန်းအပြင် မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့အား စောင့်ကြည့် ရေး အတွင်းရေးမှူး အဖြစ်ဖွဲ့စည်း၍ ပါဝင်ဆောင်ရွက်နေ၍ ဒေသခံအာဏာပိုင်များက အညှိုးအတေး ဖြင့်ပြုလုပ် သည် ထင်ပါကြောင်း တင်ရွှေ(မင်းဘူး) က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

“မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ CNJ မီးသတ်ရေသယ်ယာဉ် (၃၁)စီး နှင့် ပစ္စည်းကရိယာများ လွှဲပြောင်းပေးအပ်ပွဲ”



မကွေး၊ ဒီဇင်ဘာ ၂၉ ။


          မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ပြည်တော်သာလမ်း၊ တိုင်းဒေသကြီးအားကစားကွင်း၌ ၂၀၁၄၊ ဒီဇင် ဘာ ၂၉ ရက်၊ နံနက် ၉နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ မီးသတ်ရေသယ်ယာဉ် (၃၁)စီး နှင့် ပစ္စည်းကရိယာများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၊ CNJမီးသတ်ရေသယ်ယာဉ် (၃၁)စီး လက်ခံမည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့မိမြို့ဖများ ဖိတ်ကြားထား သူများ အင်အား၅၀၀ ဦးခန့် တက်ရောက်ကြောင်းသိရသည်။


          မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၄၊ ဇန်န၀ါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မီးလောင်မှု  ပေါင်း(၁၂၃)ကြိမ်၊ အိမ်ခြေ(၃၉၄)အိမ်၊ ဆုံးရှုံးမှုပေါင်းငွေကျပ်သန်း (၂၀)ကျော်ခန့်ရှိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ၎င်းပွဲတွင် ပြောကြားသည်။


          CNJ မီးသတ်ရေသယ်ယာဉ်(၃၁)စီးအား မကွေးမြို့နယ် မကွေးခွဲ တစ်စီး။ ရေနံချောင်းမြို့နယ် ညောင်လှ စခန်းတစ်စီး၊ နောင်ရိုးစခန်းတစ်စီး။ ချောက်မြို့နယ် ဂွေးချိုးရွာမီးသတ်စခန်း တစ်စီး။ တောင်တွင်းကြီးမြို့နယ် ရွှေအိုးရပ်မီးသတ်စခန်း တစ်စီး၊ ဆပ်သွားရွာ တစ်စီး။ မြို့သစ်မြို့နယ် တစ်စီး၊ လေးတိုင်စင်ရွာ တစ်စီး။ နတ်မောက်မြို့နယ် တစ်စီး၊ ရွာမွန်ရွာ တစ်စီး။ မင်းဘူးမြို့နယ် မင်းဘူးမြို့ တစ်စီး၊ စကုမြို့ တစ်စီး၊ ထောက်ရှာပင်ရွာ တစ်စီး။ ဆောမြို့နယ် ကျောက်ထုရွာ တစ်စီး။ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာ တစ်စီး။ စလင်းမြို့နယ် တစ်စီး၊ ဆင်ဖြူကျွန်းမြို့ တစ်စီး၊ ကန်ပြားကျေးရွာ တစ်စီး။ သရက်မြို့နယ် ပြရည်ရွာ တစ်စီး။ မင်းလှမြို့နယ် တစ်စီး၊ ရေနံမရွာ တစ်စီး။ အောင်လံမြိုနယ် တစ်စီး၊ ပြလို့ရွာ တစ်စီး။ ပခုက္ကူမြို့နယ် မြစ်ချေရွာ တစ်စီး။ ဆင်ပေါင်ဝဲမြို့နယ် တစ်စီး၊ ကံမရွာ တစ်စီး။ ရေစကြိုမြို့နယ် ပခန်းကြီး တစ်စီး၊ မအူရွာ တစ်စီး။ မြိုင်မြို့နယ် လင်းကတောကျေးရွာ တစ်စီး။ ပေါက်မြို့နယ် ရေပြာကျေးရွာ တစ်စီး။ ဂန့်ဂေါမြိုနယ် တစ်စီး တို့ကို အသီးသီးလွှဲပြောင်းပေးအပ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က မြေလတ်မီဒီယာ ကိုပြော ကြား၍ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

ရွှေစက်တော် ဘုရား သြဝါဒါစရိယဆရာတော်နှင့်ဂေါပကအဖွဲ့အသစ်ရွေးချယ်ပြီး အမည်စာရင်းကြေညာ

မင်းဘူး ဒီဇင်ဘာ ၂၉

မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ရွေးချယ်ပြီး စာရင်းအား ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီအချိန်ခန့်တွင် မင်းဘူးမြို့ မဟာဝိသုတာရာမ တိုက်သစ်ကျောင်း၌ ပြုလုပ်ကြောင်း မြေလတ်မီဒီယာ ကသတင်းရှိသည်။

၎င်းအစည်းဝေးကို နေ့လည် ၁ နာရီခေါ်ယူထားသော်လည်း ရွေးချယ်ရေးအဖွဲ့ အကြိတ်အနယ်ဖြင့် သီးခြားကျောင်းသာသနမာမက တွင် ဆွေးနွေးနေကြောင်းသိရသည်။

သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စသာရ အောင်မြေရတနာကျောင်း မကွေး နှင့် (၁၀)ပါး။ ဂေါပက(၁၀)ဦးမှ တစ်ဦးနှတ်ထွက်၍ ကိုးဦး ရွေးသည်။  ယခင်ဂေါပက (၃)ဦး ပြန်ပါကြောင်းသိရသည်။  အစိုးရဌာနဝန်ထမ်း ငါးဦး။ ခရိုင်အုပ်ချုပ်ရေးမှူး  ခရိုင်ရဲတပ်ဖွဲ့မှူး ခရိုင် လဝကမှူး  ခရိုင်သာသနာရေးမှူး  ခရိုင်သစ်တောလက်ထောက်ညွှန်ကြားရေးမှူး တို့ (၁၅)ဦးဖြစ်ကြောင်းသိရသည်။

အရပ်သားဂေါပက(၉)ဦးမှာ ဦးကျော်စိန်ဝင်း(မင်းဘူး)| ဦးဝင်းမြင့်အောင် (မင်ဘူး)| ဦးကျော်ဇော်(မင်းဘူး)| ဦးမြင့်ဌေး(မင်းဘူး)| ဦးစီုးတင့်(စကု)| ဦးဝင်းမြင့်(စကု)| ဦးဝင်းဌေး(စကု)|ဦးညွှန့်မြင့်(ငဖဲ)| ဦးသန်းဝင်း(ငဖဲ) တို့ဖြစ်ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

ယခင်ဂေါပကဟောင်း မှ အသစ်အဖွဲ့သို့ ၂၀၁၅  ဇန်နဝါရီ (၄)ရက်နေ့ လွှဲပြောင်းမည်ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် က မြေလတ်မီဒီယာကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေး  ဖုန်း  ၀၉ ၄၄၀၂၂၅၁၀၀

 

မြေလတ်မီဒီယာ ဂျာနယ် မှ သတင်း နှင့် ဆောင်းပါး များ ဖိတ်ခေါ်ပါသည်

စိတ်ဝင်စားသူ မည်သူမဆို မြေလတ်မီဒီယာ ဂျာနယ်တွင် ပါဝင်ရေးသားရန် ဖိတ်ခေါ်အပ်ပါသည်...။

မကွေးတိုင်းဒေသကြီးအတွင်းမှ သတင်းများဦးစားပေးဖော်ပြပါမည်။

လူထုအော်သံ နှင့် ဆောင်ပါး ကာတွန်း ကဗျာ များလည်းပေးပို့နိုင်ပါသည်။
 
လိုရင်း တိုရှင်းဖြင့် ထိထိမိမိရေးသားပေးပိုကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
အမည် မှတ်ပုံတင်အမှတ် ဖုန်းနံပတ် လိပ်စာပြည့်စုံရပါမည်။
 
ပွဲသတင်းများမှအပ စာမူခချီးမြှင့်ပေးပါမည်။
 
၂၀၁၅ ဇန်နဝါရီ ၁၅ ဂျာနယ် အတွဲ(၁)၊ အမှတ်(၁)ထွက်မည်။ စာမူများ ဇန်န၀ါရီလ ၁၀ ရက်နေ့ ဖောင်ပိတ်ပါမည် အမီပေးပိုပေးကြပါခင်ဗျား။
 
 
၁၅ ရက်တစ်ကြိမ်ထွက်ပါမည် ။ အတွဲ(၁)၊ အမှတ်(၂)မှစ၍ လစဉ် အင်္ဂလိပ်လ  ၁ ရက် နှ င့် ၁၆ ရက်နေ့များတွင် ထုတ်ဝေပါမည်။ ရောင်းဈေး  ၃၀၀ ကျပ် ။
 
ပေးပို့ရာတွင် အောက်ပါအီးမေးသို့ ကွန်ပျူတာ(သို့မဟုတ်)ဖုန်းဖြင့် စာရိုက်၍  စာဖိုင် ကိုပေးပို့ကြပါ ။  စာဖိုင်အားဓာတ်ပုံရိုက်ခြင်း စကင်နာဖတ်၍ ပေးပိုပေးခြင်းအားလက်မခံပါ။ လူထုအော်သံများကို စာရွက်များဖြင့်ပေးပို့နိုင်ပါသည်။ အခြားစာမူများကို အင်တာနက် အွန်လိုင်းဖြင့်သာ စာမူများပေးပို့ပေကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ 
 
မည်သူမဆို သတင်းထောက် အမည်များ ဂျာနယ်တွင် ဖော်ပြပေးနိုင်ရန် ဂျာနယ်မထွက်မီ ဆက်သွယ်ကြရန် ဖိတ်ခေါ်ပါသည်။
 
ထုတ်ဝေသူ

ဦးဝင်းကြည်
မကွေး  ၀၉ ၄၄၀၂၂၅၁၀၀
uwinkyi123@gmail.com
 

“မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ မကွေးတိုင်းဒေသကြီးအိမ်ခြံမြေအသင်း ဖွဲစည်းမည်ဆို”



မကွေး၊ ဒီဇင်ဘာ ၂၁ ။

          မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ ဟိုက်ကလပ် ဥယျာဉ်ကဖီး၌ ၂၀၁၄၊ ဒီဇင်ဘာ ၂၁၊ နေ့လည် ၃ နာရီမှ ၄း၃၀ နာရီအချိန်အထိ မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ မကွေးတိုင်းဒေသကြီးအိမ်ခြံမြေအသင်းဖွဲ့ရန် ညှိနှိုင်းကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်၊ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ တွဲဘက်အတွင်းရေးမှူး ဦးမြင့်စိန်၊ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုကိုယ်စားလှယ် နှင့် အိမ်ခြံမြေအကျိုးတော်ဆောင်(ပွဲစား)များ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးတို့ဖြင့် စုစုပေါင်း (၂၇)ဦးတက်ရောက်ကြောင်းသိရသည်။


          မကွေးတိုင်းဒေသကြီးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်မှ အမှာစကားပြောဆို၍ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး အား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံပေးမည်ဖြစ်ကြောင်း ဦးထွန်းဆိုင် မှပြော ကြားသည်။

 ထို့နောက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်း မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ တွဲဘက်အတွင်းရေးမှူး ဦးမြင့်စိန်တို့ နှစ်ဦးမှ အသင်းဖြစ်ပေါ်လာပုံနှင့် အသင်း၏ဖွဲ့စည်းပုံများနှင့် သင်တန်းတွင် သင်ကြားမည့် ဘာသာရပ် ရှစ်ခုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကောင်းမွန်စူပါမားကတ် ခမ်းမတွင် ထပ်မံတွေ့ဆုံပွဲကျင်းပ၍ မကွေးတိုင်းအိမ်ခြံ မြေ၀န်ဆောင်မှုအသင်းဝင်များကို လက်ခံမည်ဖြစ်ကြောင်း၊ ၂၈/၂၉ နှစ်ရက်တွင် ၎င်းခမ်းမ၌ အသင်းဝင်များကို အိမ်ခြံမြေ၀န်ဆောင်မှုသင်တန်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးသော၂၉ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း ဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အမှုဆောင် (၉)ဦးကိုရွေးချယ်မည်ဖြစ်ကြောင်း၊၃၀ ရက်နေ့တွင် ရုံးဖွင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ၎င်းပွဲတွင် ဦးထွန်းဆိုင် မှပြော ကြားသည်။

“ ကျွန်တော်တို့ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းကို မ၀င်တဲ့ ပွဲစားတွေ အပြင်မှာ လုပ်စားခွင့်ရှိပါသလားခင်ဗျား” ဟု တက်ရောက်သူ ပွဲစားတစ်ဦးက မေးမြန်းရာ၊ အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ မော်တော်ဆိုင်ကယ်တွေ လိုင်စင် ရှိသူ နှင့် လိုင်စင်မရှိသူများ ပြဿနာတက်တဲ့အခါမှာ ကွာခြားသလို ကွာခြားသွားမည်ဟု ပြန်လည်ဖြေဆိုသည်။

          မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းကို ၂၀၁၁ မှ စတင်ဖွဲ့စည်းရန် အစိုးရထံတင်ပြခဲ့ပြီး ၂၀၁၂/၂၀၁၃ တွင်အသင်းမှတ်ပုံတင်ခွင့်ရခဲ့ကြောင်း၊ တိုင်းနှင့်ပြည်နယ်၊ နေပြည်တော်အပါအ၀င် (၁၅)ခုရှိရာ၊ မကွေးတိုင်း ဒေသ ကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်းသည် ၁၄ ခုမြောက်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တစ်ခုသာ ဖွဲ့စည်းရန်ကျန်နေ ကြောင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.comေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

မြေလတ်မီဒီယာ ဂျာနယ် မှ အယ်ဒီတာချုပ် ဒေါက်တာသက်လွင် ၏ ဖေ့စ်ဘုတ်မှ ပြောစကားများ

ကျွန်တော် ဘယ်ပါတီဝင်မှမဟုတ်ပါ။
အသက် (၇၅)နစ်ရှိမှတော့။အမတ်လဲ
မဖြစ်နိုင်တော့ပါဘူး။
သမိုင်း ပညာရှင်လဲ၊မဟုတ်ပါဘူးဗျာ
သမိုင်း ပညာသင်ပါ။ ဖြစ်နေတာတွေ
ကို။နောက် သမိုင်းဆရာတွေ ရေးဖို့
မှတ်တမ်းတင်တာပါ။ဘက်မလိုက်ပါဘူး။ပြည်သူ့ဘက်တော့ ။လိုက်တာပါ့။


သမိုင်းတရားခံ၊
အဖြစ်မခံကြနဲ့၊
နာမည်သေရင်
လူသေတာထက် ဆိုးတယ်။
သမိုင်းကို အစိုးရက ရေးမှာမဟုတ်ဘူး
လူတွေက ရေးကြမှာ။


သြော် ဟုတ်ကဲ့၊နည်းများမဆို
လှူနိုင်ပါတယ်။
လှူ ငွေပို့ရမဲ့လိပ်စာလား
မဇ္ဇျိမ အလင်း မဂ္တဇင်းအလှူ
ဦးအာဒိစ္ဈ (ရွေကန်သား)
မြို့ရှောင်လမ်း ဖုန်း ၂၃၀၀၈၅၇
အမှတ် (၃) ရပ်ကွက်
ဦးကောသလ္လ (ပုလဲဖြူ ငါ့သရောက်)
အမှတ်(၁၃)ရပ်ကွက်
ဖုန်း ၂၃၀၂၀၀၃
ဒေါက်တာသက်လွင်
ဖုန်း ၂၃၀၂၀၆၅
တို့ထံလှူနိုင်ပါတယ်။
စာအုပ်ထုတ်ရန် အလှူဟု
ပြောပါ။
ကျေးဇူးတင်ပါတယ်။ဘာသာ
သာသနာကို စာပေဖြင့် မြှင့်တင်ပါ။

ဘာမှမပူကြပါနဲ့
အင်္ဂလိပ်က မြန်မာပြည်ကိုနစ်တရာ
ကျော်အုပ်ချူပ်သွားတယ်။သာသနာ
ပြုတွေလွှတ်။သာသနာပြူကျောင်း
တွေဖွင့်။လုပ်ပေမဲ့ ခရစ်ယန်ဘာသာ
ပြောင်းလာသူလူတစ်ထောင်မှာ
တစ်ယောက် တောင်မရှိဘူး
ခရစ်ယန်မှဗုဒ္ဓဘာသိုပြောင်းသွားသူ
ကပိုများနေတယ်ဟုအစီရင်ခံစာမှာ
ဖေါ်ပြတယ်။မြန်မာတို့ရဲ့ဗ္ဓုဘာသာ
အသိက ခိုင်မြဲနေပြီလို့ဆိုတယ်။
နေ့ခေတ်လဲ၊ဗုဒ္ဓဘာသာကပိုမိုပြန့်ပွား
နေတာပါ။အခြားဘာသာသို့ကူး
ပြောင်းသူဆိုတာလူတစ်သောင်းမှာ
တစ်ယောက်မရှိနိုင်ပါဘူး။ပြောင်း
တယ်ဆိုတာက စီးပွားရေးကြောင့်ပါ။
ဆင်းရဲမွဲတေမှု့နည်းသွားရင် ဘယ်သူ
မှဘာသာပြောင်းမှာမဟုတ်ပါဘူး
စီးပွားရေးကြောင့် တရုတ်မယားဖြစ်
ချင်ဖြစ်မယ်။ကုလားကိုတော့ အသား
မဲသွားခေါ တာနဲ့မယူဘူး။စိတ်ချ။
စာသင်ကျောင်းတွေ ဘ က
တွေများများဖွင့်နိုင်အောင် အစိုးရက
ထောက်ပံ့ကြေးတွေပေးဘို့သာပြော
ဘာသာပြောင်းမှာ ပူစရာမဟုတ်ပါ။ 


ဟုတ်ကဲ့ ပုဂံမှာ လှိုင်ပါတဲ့ဘုရား
Temple တွေထဲမှာ အစောဆုံလို့
ထင်ရတာကတော့ ပုထိုးသားများ
ဘုရားနဲ့ နတ်လျှောင်းကျောင်း
လို့ယူဆပါတယ်။ပုဂံ မှာအစောဆုံး
ဆိုရင်။ မြန်မာပြည်မှာလဲ အစောဆုံး
ုဖြစ်မှာပါ။ဟိန္ဓူတွေကစပြီး လှိုဏ်ပါတဲ့
စေတီတွေကို ပုဂံမှာတည်တယ်လို့
ယူဆပါတယ်။ ဆေးရေးဆရာတွေ
ကလဲ ဟိန္ဓူ တွေပဲ ဖြစ်ဖို့များတယ်။
မွန်တွေကတော့ ၊အမှောင်ကြိုက်တယ်။
ပျူတွေက အလင်းရောင်များများရ အောင်တည်ကြဟန်တူပါတယ်။
တကယ်တော့ ဆရာရယ်။မြန်မာ့
ယဉ်ကျေးမှု့ဆိုတာ ဗုဒ္ဓ နဲ့အတူ
ပါလာပြီး။ကုလားယဉ်ကျေးမှု့ပါပဲ၊
ဟုဆရာကြီးဒေါက်တာသန်းထွန်း
ကမှတ်ချက်ပြုခဲ့ပါတယ်။


ဦးအုံးငွေ (ကျုပ်ဗျာ --မှားခဲ့တဲ့အမှား
တစ်ခုကို ပျောက်အောင်။
ငွေ ဘယ်လောက်ပေးရ ၊ပေးရ၊
ပျောက်အောင်။လုပ်ချင်တယ်။)
ကော်မတီတစ်ဦး ---/(မရနိုင်ပါဘူး
ဗျာ ။နောက်ထပ်မမှားအောင်သာနေပါ
ငါးပိထုပ်တဲ့ဖက်လိုပါပဲ၊ ရေနဲ့ဘယ်
လောက်ဆေး ဆေး ။နံနေမှာပါပဲ။

တကယ်ဆိုရင်ရှင်းရှင်းလေးပါ။
အမည်တွေကပါဠိလိုဆိုတော့
ရှုပ်နေတာပေါ့
ဥပမာ
၁/သရေခေတ္တရာ (ကြက်သရေရှိ
သော ယာမြေ)
၂/အရိန္ဓမာလှန်(ရန်သူကိုနိမ်နင်းလှန်
၃/ဒက္ခိဏသာခါဘုရား (ဒက္ခိဏဆိုတာက တောင်အရပ်
သာခါ ကိုင်း။ဗောဓိပင်ရဲ့တောင်ဘက်
ကိုင်းကိုထုလုပထားတဲ့ ဘုရား
၎/သရက္ခန်ဘုရား(မွေးသောအသား နဲ့ထုလုပ်ထာတဲ့ဘုရား
၅/အနုရာဒ(အများနှင့်သင့်တင့်)
၆/အနုရုဒ္ဓ (ပြည်သူချစ်သောမင်း)
၇/မင်း မဟာဂီရိ။မဟာ (ကြီးသော
ဂီရိ(တောင်)တောင်မကြီးနတ်
စသည်ဖြင့်ပေါ့။


ဖုန်း နဲ့ Fb မှမေးကြ ဆွေးနွေကြ
ဝေဖန်ကြတာတွေကို။Fbမှပြန်ုပီး
လိုရင်းဖြေရပေမဲ့၊များလွန်းလို့
တောင်းပန်ပါတယ်။fbမကျွမ်းကျင်ပါ
Emailတောင်မပို့တတ်ပါ။

မြေလတ်မီဒီယာ ဂျာနယ် တွင် ဆက်လက်ဖတ်ရှုကြပါခင်ဗျား...။