မကွေးမြို့ ၀ါးတောချောင်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ




မကွေး     ဧပြီ    ၂၈
          မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ် ၀ါတောချောင်းကျေးရွာ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးမှု ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၂၇)ရက်နေ့ ည(၇)နာရီအချိန်က အဆိုပါကျေးရွာအ၀င်မုခ်ဦးတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင်မှ ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းရေး နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်ဆောင်ရွက်မှုဖြင့် 160 kVA (၁)လုံး၊(၉)မီတာ ကွန်ကရစ်မီးတိုင် များ၊လျှပ်စစ်မီးကြိုး(၄၀၀)ဗို့ ဓာတ်အားလိုင်း(၁၉)ခန်းတပ်ဆင်ရန် လျှပ်စစ်အင်ဂျင်နီယာများမှ ဆောင်ရွက်ပေးမှု လုံခြုံမှုစနစ်တို့ကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ၀ါးတောချောင်းကျေးရွာမှ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
          ဆက်လက်၍ကျေးရွာအ၀င် ဝေဠုဝန်ကျောင်းတိုင်အတွက် ပါဝါမီတာ တပ်ဆင်ရန် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မတည်လှူဒါန်းငွေ(၁၄၈၂၅၀၀)ကျပ်အား ကိုယ်စားလှယ် ဦးကြည်ထွန်းမှ ပေးအပ်လှူ ဒါန်းရာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင်မှ လက်ခံရယူခဲ့ပြီး ၀ါးတောချောင်းကျေးရွာ လျှပ်စစ်မီး လင်းရေးအား ဖဲကြိုးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊၀န်ကြီး ဦးဝင်းမြင့်မောင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

          ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ကျေးရွာ လျှပ်စစ်မီးလင်းရေး အထိမ်းအမှတ် ခလုပ်အား နှိပ်၍  လျှပ်စစ်မီးများ ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်တော်များနှင့်အတူ ကျေးရွာအတွင်း လျှပ်စစ်မီးလင်းနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
          အဆိုပါ ၀ါးတောချောင်းကျေးရွာသည် အိမ်ခြေ(၁၅၀)ရှိပြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာ့လျှပ်စစ်ဓါတ်အားမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးခဲ့ရာ ကျေးရွာနေ ပြည်သူများ လူမှုရေး၊စီးပွားရေး၊ပညာရေး လုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်၍ ၀မ်းသာ ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး
မှတ်ပုံတင်အမှတ်       ဂ/ပဖန(နိုင်)၀၆၉၉၇၈
ဖုန်း                  0933248014

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


 

``စေတုတ္တရာမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ ရေမြုပ်ရွာပေါင်း(၁၉)ရွာမှ ဆရာတော်ခြောက်ပါးနှင့် တောင်သူ နှစ်ဆယ့်လေးဦးတို့က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ နစ်နာကြေးရရန်တောင်းဆို´´




ဧပြီ(၂၈)ရက်၊ နံနက်(၉း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ စေတု တ္တရာမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ ရေမြုပ်ရွာပေါင်း(၁၉)ရွာမှ ဆရာတော်ခြောက်ပါးနှင့် တောင်သူ နှစ်ဆယ့်လေးဦးတို့က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ နစ်နာကြေးရရန်တောင်းရန် လာရောက်တွေ့ဆုံ ကြောင်း သတင်းရရှိသည်။

          ၎င်းနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး၊ ဒုတိယနေ့ကျင်းပနေကြောင်းသိရသည်။ ဆရာတော်များဦးဆောင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် (သို့မဟုတ်) အတွင်းရေးမှူး ဦးနေ၀င်း နှင့်တွေ့ဆုံရန်လာရောက်ကြကြောင်း ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့လုံခြုံရေး များက လွှတ်တော်အထူးအစည်းအဝေးရှိနေ၍ ၎င်းတို့အားတားဆီး၍ တစ်နေရာသို့ပြန်ကြရန်၊ အစည်းအဝေးပြီး လျှင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းနှင့် တာဝန်ရှိသူများကို တွေ့ဆုံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
          ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၄ ခု၊ ဇန်န၀ါရီ(၁)ရက်နေ့တွင် ကြီးအုံကြီးဝဆည်ရေမြုပ်ရွာများဖြစ်ကြသော မကျီးစု၊ ညောင်ကုန်း၊ခဲပြစ်၊ သံဆည်၊ ကြီးဝ၊ ညောင်အိုင်၊ ၀န်လို၊ မြေနီကုန်း၊ ငါးမရွာ၊ ပဲရင်းကိုင်း၊ တယ်ဇားရွာ၊ မဏ္ဍာပ်ကိုင်းရွာ၊ ခိုနန်း၊ ကြီးအုံ၊ ကျောက်ပုံ၊ တောင်မြေနီ၊ တောင်ကုန်း၊ အင်းကုန်းရွာများမှ တောင်သူများသည် ဦးမြင့်သွင် တရားလွှတ်တော်ရှေ့နေကို ငှါးရန်း၍ လယ်/ဆည် ပြည်ထောင်စုဝန်ကြီးထံသို့ နို့တစ်စာပေးပို့ခြင်းဖြစ် ကြောင်းသိရသည်။ ၎င်းစာတွင် လူကြီးမင်း၏ ၀န်ကြီးဌာနအနေဖြင့် တောင်သူများစိုက်ပျိုးထားသော လယ်မြေများ ကို ဥပဒေနှင့်အညီ လျော်ကြေး၊ နစ်နာကြေးများပေးခဲ့ခြင်းမရှိခဲ့သောကြောင့် ဒေသခံတောင်သူ လယ်သမားများ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေးများ ချို့တဲ့နေခဲ့သည်မှာ အချို့ သုံးနှစ်၊ အချို့ခုနှစ် နှစ်အထိကျော်ခဲ့ပေပြီ၊ စာရင်းဇယားများအရ တောင်သူများဆုံးရှုံးသည့် စုစုပေါင်းငွေကျပ်(၃၀၅၁၂.၂၈၁)သန်းအား ၂၀၁၄၊ မတ်လ (၂၉)ရက်နေ့ နောက်ဆုံးထားပြီး နစ်နာကြေးများအဖြစ် ညှိနှိုင်းဆောင်ရွက်ပေးအပ်ရမည် ဖြစ်ကြောင်း ဥပဒေနှင့် အညီ အသိပေးခဲ့သော နို့တစ်စာဖြစ်ကြောင်း သိရသည်။



          လယ်/ဆည် ပြည်ထောင်စုဝန်ကြီးမှ မကွေးတိုင်းဒေသကြီးအစိုးရသို့ ဆက်လက်ညှိနှိုင်းဆောင်ရွက် စေခိုင်း၍ ၂၀၁၄၊ ဧပြီ(၂၂)ရက်မှ (၃၀)ရက်နေ့အတွင်းလာရောက်တွေ့ဆုံဆက်သွယ်နိုင်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးနေ၀င်း က စာထွက်ခေါ်ဆိုကြောင်း၊ ရှေ့နေ ဦးမြင့်သွင် တရားလွှတ်တော်ရှေ့နေ မှ သူ၏ကိုယ်စား ယခု ဆရာတော်ခြောက်ပါးနှင့် တောင်သူများအား ကိုယ်စားလှယ်လွှဲစာ ဦးနေ၀င်းထံသို့ ဧပြီ(၁၀)ရက်နေ့က ကိုယ်စားလှယ်လွှဲစာဖြင့် ပူးတွဲလာခဲ့ကြောင်း သိရသည်။
``ဒီကြီးအုံကြီးဝဆည်တမံကြောင့် ရေမြုပ်ရွာ(၁၉)ရွာကိုရွေ့ပြောင်းခဲ့ရတာပါ။ အိမ်နေရာရွေ့ပြောင်းခ ငါးထောင် ကျပ်စီ သာပေးပြီး မြေယာတွေအတွက် လျော်ကြေးငွေက ယခုထိမရကြသေးဘူး။ ယခုရွေ့ပြောင်းရွာတွေမှာ ရေအခက်အခဲဒုက္ခ တော်တော်ကိုခံစားနေကြရပါတယ်။  ဒကာတွေလည်း လုပ်စားစရာမြေကမရှိ ၊  လုပ်စား စရာ တောင်ယာမြေလေးတွေကို မြေစာရင်းဌာနကို မှတ်ပုံတင်တော့လည်း သစ်တောဧရိယာဆိုပြီး တားဆီးခံ နေကြပါတယ်။ ကျုပ်တို့ဘုန်းကြီးတွေရော ဒေသခံ ဒကာ ဒကာမတွေ တော်တော်ကို အတိဒုက္ခရောက် နေကြရပါတယ်။ ဒါကြောင့် ဘုန်းကြီးတွေဦးဆောင်ပြီး လာတွေ့တာပါ။ ဒီကိစ္စဖြေရှင်းပေးဖို့ မတွေ့ရရင် လုံးဝမပြန်ပါဘူး။´´ ဟု ဆရာတော် ဦးပညာသီရိ(၀န်လိုကျေးရွာကျောင်း) ဆရာတော်က ပြောသည်။
          ၎င်းဆရာတော်ခြောက်ပါးနှင့်တောင်သူနှစ်ဆယ်လေးဦးအဖွဲ့သည် နေ့(၁)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း နှင့်တွေ့ရန် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးအစိုးရ ရုံးရှေ့သို့ စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။
          အဆိုပါကြီးအုံကြီးဝဆည်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တမံရေပိတ်ခဲ့ကြောင်း၊ ရေမြုပ်ကျေးရွာပေါင်း (၁၉)ရွာ၊ ရေမြုပ်မြေယာဧရိယာ ဧက ခုနှစ်ထောင်ကျော်ခန့်၊ မိသားစု အိမ်ခြေ နှစ်ထောင်ကျော်ခန့်၊ လူဦးရေ ငါးထောင်ကျော်ခန့်ရှိကြောင်း စေတုတ္တရာမြို့မှ ဦးကျော်အောင်လွင်က ပြောသည်။


နေ့လည်(၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အစည်းအဝေးရှိနေ၍ လက်ခံမတွေ့ဆုံနိုင်ကြောင်း၊ သူတို့ခေါ်ဆိုသည်မှာ ရှေ့နေ ဦးမြင့်သွင် ဖြစ်၍ ယခုလာရောက်ကြသော ဆရာတော်များနှင့် တောင်သူများကို လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း တာဝန်ရှိသူမှ အကြောင်းပြန်ကြားကြောင်း  စေတုတ္တရာမြို့မှ ဦးကျော်အောင်လွင်က ပြောသည်။


ဝိုင်းကြည်အောင်


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
 
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
 
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


 

မကွေးမြို့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ




မကွေး     ဧပြီ     ၂၇
          ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အစည်းအဝေးအခမ်းအနားကို ဧပြီလ(၂၇)ရက် နံနက်(၉)နာရီအချိန်က မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဘာသာရေးခေါင်ဆောင်များတက်ရောက် ကြပါသည်။
          အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့် အမှာစကားပြောကြားပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်မှ အဖွဲ့ ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။
          ထို့နောက် မကွေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူး မှ တိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်စွာဖြင့် အတူယှဉ်လက်တွဲ၍ တည်ငြိမ် အေးချမ်းစွာ နေထိုင်ခဲ့သည်များကို ရှင်းလင်းတင်ပြပြီး ခရိုင်အသီးသီးမှ ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
          ဆက်လက်၍ တက်ရောက်လာသော ဘာသာရေးခေါင်ဆောင်များမှ မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ခဲ့မှုများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်  ဦးဘုန်းမော်ရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
          အဆိုပါအခမ်းအနားသို့ ဗုဒဘာသာ၊အစ္စလာမ်ဘာသာ၊ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ ၀င်များအပါအ၀င် အင်အား(၆၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     -     ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                      0933248014
 

``ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကျင်းပ´´




မကွေး၊ ဧပြီ(၂၅)။
          ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကို ၂၀၁၄၊ ဧပြီ(၂၅)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြသည်။
          တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအ ဝေးအထမြောက်ကြောင်း ကြေညာပါသည်။

          ဆက်လက်ပြီး ၂၀၁၄ ခု၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဌာန၊ ၀န်ကြီးက လွှတ်တော်သို့တင်သွင်းပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအဖွဲ့အ စည်းဝင်များက ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် ၂၀၁၄ ခုနှစ်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကို ၂၀၁၄၊ ဧပြီ(၂၅)ရက်၊ နံနက်(၁၁း၅)နာရီအချိန်တွင်ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၄၊ ဧပြီ(၂၈)ရက်၊ (တနင်္လာနေ့) နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့သည်။
တင်ထွန်းဦး
သတင်းပေးပို့သူ- ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်ဆက်)