လမ်းခုလတ် ၂၀၁၃ အင်တာဗျူးများတဲ့။

Maung Moe Gyi added 3 new photos.
ကျွန်တော်ရန်ကုန်မှာပါတီကသင်
တန်းတစ်ခုတက်စဉ်မိုးမခမီးဒီယာမှ
အင်တာဗျူးစဉ်ခံစားချက်လေးတွေ
ကိုပြောမိပါတယ်။အခုစာအုပ်ထွက်
လာပါပြီ။ လမ်းခုလတ် ၂၀၁၃ အင်တာဗျူးများတဲ့။ကျွန်တော်အပါအဝင်
ဟံသာဝတီဦးဝင်းတင်။ကိုကိုကြီး။
မသီတာစမ်းချောင်း။ဦးကျော်သူ။
ဒေါ်ဖြူဖြူသင်းပါ ၁၇ ဦးအင်တာဗျူး
စာအုပ်လေးပါ။
 
-ကိုမိုးကြီး

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ ပြုလုပ်ခြင်း

မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဇွန်လ (၂၄) ရက်

  ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၄.၆.၂၀၁၄)ရက်နေ့ နံနက်(၁၀ဝ၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။

    လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း( ၄ )ကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၁)ဦးမှ ပြန်လည်ဖြေကြားပါသည်။
    ဆက်လက်ပြီး ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းတင့်မှ တင်သွင်းသည့် “မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေများတွင် ပါဝင်သော အချို့နည်းဥပဒေပြဋ္ဌဌာန်းချက်များသည် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိရပါသဖြင့် ယင်းနည်းဥပဒေများကို ပယ်ဖျက်ရန်၊ ပြင်ဆင်ပေးရန် လွှတ်တော်သို့တိုက်တွန်းကြောင်း”အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်ကအတည်ပြုတဲ့အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌဌက ကြေညာပါသည်။

    ဆက်လက်ပြီး ၂၀၁၄ ခုနှစ် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကအသေးစား ငွေချေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏  အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝင်းမြိုင်က ဖတ်ကြားတင်ပြပါသည်။
    ထို့နောက် မကွေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို (၁၂၂၅)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး ကို  ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် (ဗုဒ္ဓဟူးနေ့)  (၁၀ဝ၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

တင်ထွန်းဦး

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ရေနံချောင်း    ဇွန်     ၂၄
          မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်၊ စက်မှုဇုံ ငွေစင်္ကြာမော်တော်ယာဉ်ထုတ်လုပ်ရေးအလုပ်ရုံ ခန်းမတွင် ဇွန်လ (၂၂)ရက်နေ့က ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးမာန် ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား အခမဲ့ ဆေးဝါးများ ကုသပေးခဲ့သည်။

          အဆိုပါဆေးကုသရေးအဖွဲ့တွင် ရွှေ့လျားခွဲစိတ်ယာဉ်ဖြင့် အထွေထွေခွဲစိတ်ဝေဒနာရှင်(၈)ဦး၊ အရိုးခွဲစိတ် (၂)ဦး၊ မျက်စိခွဲစိတ်(၉)ဦး၊ရွေ့လျားဓါတ်မှန်ယာဉ်ဖြင့် ဓါတ်မှန်ရိုက်ကူးသူ(၈၁)ဦး၊ တ.ဆ.ရ(၁၆/၁၀၀) သို့ပြောင်းရွှေ့ကုသသည့်လွှဲပြောင်းလူနာ(၄၀)ဦး၊သာမန်ဝေဒနာရှင်(၁၆၉၂)ဦး၊ စုစုပေါင်း (၁၈၃၂)ဦးတို့အား အခမဲ့ ကုသပေးခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(မကွေး)
 
နတ်မောက်မြို့နယ်၊ဝမ်းဘဲအင်းကျေးရွာတွင် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ

မန္တလေးမြို့၊အနောက်ပြင်၊ခင်မကန်ဆရာတော်ကြီး       ဇာတိမြေ နတ်မောက်မြို့နယ်၊ဝမ်းဘဲအင်းကျေးရွာတွင် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲနှင့်  လှူဒါန်းမှုများ ပြုလုပ်
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဂွေးပင်အုပ်စု၊ဝမ်းဘဲအင်းကျေးရွာတွင် ဇွန်လ၂၂ရက်နေ့နံက်က  မန္တလေးမြို့အနောက်ပြင်၊ခင်မကန်တိုက်၊မဟာဇောတိကအုဋ်ကျောင်းဆရာတော်  ဘဒ္ဒန္တ  ဣန္ဒာစာရ အရှင်သူမြတ်မှ  ဝမ်းဘဲအင်းကျေးရွာ မူလတန်းလွန်ကျောင်း ဆောက်လုပ်ရန်အတွက်မတည်ငွေ များ၊နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေး မှုသင်တန်းများနှင့်၂၀၁၃/၂၀၁၄ပညာသင်နှစ်များတွင်အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြသောကျောင်းသားကျောင်းသူ များ အပါအဝင်  ဝမ်းဘဲအင်း မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသောဆရာဆရာမ များအား   ထောက်ပံ့ချီးမြှင့်မှုများပြုလုပ်ခဲ့သည်။

 ဆရာတော် အနေဖြင့်ဇာတိမြေဖြစ်သော ဝမ်းဘဲအင်းကျေးရွာအား ဘက်စုံဖွံ့ဖြိုးရေးကို အထူးဆောင်ရွက်  လျှက်ရှိပြီး ဆရာတော်ကြီး၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် မန္တလေးမြို့မှ စောင်းကောက်ဖိနပ် လုပ်ငန်းနှင့်ဆေးတို့ဖတ်ကြီးလုပ်ငန်းပိုင်ရှင် မိသားစုများက အဓိကကျသောအခန်းကဏ္ဌများမှပါဝင်လှူဒါန်းနေကြ ကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဝမ်းဘဲအင်းကျေးရွာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရေးအတွက်မတည် ငွေ(၁၀)သိန်းကိုဆရာတော်မှပထမဦးစွာလှူဒါန်းချီးမြှင့်သည်။ထို့နောက်ဝမ်းဘဲအင်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင်  ဖွင့်လှစ်ပို့ချ ခဲ့သည့်  နွေရာသီ ဗုဒ္ဓဘာသာအခြေပြုယဉ်ကျေးမှုသင်တန်းများတွင်လည်းကောင်း၊၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင်အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြသောမူလတန်း၊အလယ်တန်းနှင့်လက်ရှိ၂၀၁၄/၂၀၁၅ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသောကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ဝမ်းဘဲအင်းကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဆရာ/ဆရာမများကိုလည်းကောင်း အသီးသီးထောက်ပံ့ ချီးမြှင့်မှုများပြုလုပ်သည်။

ဆုချီးမြှင့်ရာတွင် ငွေသားဆုများ၊ဗလာစာအုပ်၊ဘောပင်၊ခဲတံနှင့်ပေတံစသောကျောင်းသုံးပစ္စည်းများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆရာဆရာမများအတွက် တဘက်ထည်များစုစုပေါင်းတန်ဖိုးငွေ(၆၁၀ဝ၀ဝိ/) ခြောက်သိန်းတစ်သောင်းကျပ်ဖိုး ကို နှစ်စဉ်ပြုလုပ်နေကျအတိုင်း မွေးရပ်မြေ တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
                                                                                                                                                                                                                     ပေါ်ဦး(နတ်မောက်)
                                                                                                                                                                                                                      ဝ၉-၂၅၆၀၄၅၈၃၅

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 
``မကွေးမြို့ရှိ အဝေး/အနီးပြေးကားဂိတ်များ ခရီးသွားအာမခံလုပ်ငန်းများနှင့် စာချုပ်ကြပြီ´´

မကွေးမြို့၊ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း နှင့် အဝေရာလမ်းထောင့်ရှိ မကွေးမြို့ ကားကွင်းအတွင်းမှ ကားဂိတ်များ ခရီးသွားကုမ္ပဏီများနှင့် မြန်မာ့အာမခံတို့ ခရီးသည်များအတွက် ခရီးသွားအာမခံ စာချုပ် ချုပ်ဆို ပြီးကြောင်း  မကွေးတိုင်းဒေသကြီး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီ (ယကက) ဥက္ကဋ္ဌ  ဦးမြင့်စိုး က ဇွန်၂၃ ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။

          ခရီးသွားအာမခံ ကုမ္ပဏီပေါင်း တစ်ဆယ့်နှစ်ခု နှင့် မြန်မာစီးပွားရေးဘဏ် အာမခံ စုစုပေါင်း အာမခံ လုပ်ငန်း တစ်ဆယ့်သုံးခုရှိရာ မကွေးမြို့တွင် အာမခံကုမ္ပဏီနှစ်ခုနှင့် မြန်မာ့အာမခံ တို့ အာမခံသုံးခု တို့နှင့်သာ စာချုပ်ကြ ကြောင်း၊ ကမ္ဘောဇ အာမခံဘဏ်လုပ်ငန်း (IKBZ) နှင့် မိုင်တစ်ရာအထက် ကားဂိတ်ပေါင်း (၁၉)ဂိတ်၊ ဂလိုဘယ် ဝေါလ် (GL-W) နှင့် မိုင်တစ်ရာအထက် ကားဂိတ်ပေါင်း (၁၈)ဂိတ်၊ မြန်မာ့အာမခံ နှင့် မိုင်တစ်ရာ အထက်၊ မိုင်တစ်ရာအောက် ကားဂိတ်ပေါင်း (၂၅)ဂိတ် တို့ အသီးသီး အာမခံကုမ္ပဏီများ ဖြင့် ဇွန်လ အတွင်း စာချုပ်ပြီး ကြောင်း  ယကက ဥက္ကဋ္ဌ မှ ဇွန်(၂၂)ရက်နေ့စာရင်းအရ သတင်းထုတ်ပြန်သည်။ 

`` ကျွန်တော်တို့ကားဂိတ်ကတော့ မိုင်တစ်ရာအထက် ခရီးသည်တစ်ဦး ငွေကျပ်သုံးရာ ခရီးလမ်းကြောင်း တစ်ကြောင်းအတွက် အာမခံကြေးဝယ်ယူခိုင်းပါတယ်၊ မ၀ယ်ချင်လဲ ရပါတယ်၊ ဒါပေမယ့် မ၀ယ်သူ မရှိပါဘူး၊ အားလုံးဝယ်ကြပါတယ်။ ကားလက်မှတ်ပေါ်မှာ သက်ဆိုင်ရာ ကုမ္ပဏီအာမခံတံဆိပ်ရိုက်ပေးလိုက်ပါတယ်၊ အကယ်၍ လက်မှတ်ပေါ်မှာ တံဆိပ်မရိုက်မိလို့ မပါလည်း တရားဝင်ပါတယ်၊ ဂိတ် လက်ခံလက်မှတ် အရောင်း ဇယားမှာ ကုမ္ပဏီအမည်ပါ အာမခံတံဆိပ်တွေရိုက်ထားပြီး ညနေ(၅)နာရီမှာ အာမခံကုမ္ပဏီတွေက ငွေလာသိမ်း ကြပါတယ်။´´ ဟု မကွေး-ရန်ကုန် အာကသ ကား ဂိတ်မှူး ဦးမောင်မောင်လွင် က မဇ္ဈိမ ကိုပြောသည်။

          ခရီးသွားအာမခံလုပ်ငန်းများသည် မိုးတွင်းကာလ ခရီးသည်နည်းပါးချိန်၌ စတင်နေရ၍ အချို့ကားဂိတ်များ က ခရီးသည်များထံ အာမခံကြေးငွေ ထပ်မံမတောင်းဘဲ မူလသတ်မှတ်ကားခထဲမှ အာမခံကြေး ငွေသုံးရာကျပ်ကို စိုက်ပြီး ပေးဆောင်သော ကားဂိတ်များလည်း ရှိနေကြောင်း ရှေ့ဆောင်ဂိတ်ပိုင် ဦးကျော်ဦးက မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 
`` မကွေးမြို့တွင် ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ်ဒေသ) အမှုဆောင်အသစ် ပြန်လည်ရွေးချယ်´´

မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော် (မြစ်ကွေ့ဧရာ လူမှုကွန်ယက်) အိမ်၌ ဇွန် ၂၂ရက်နေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအချိန်အထိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ် ဒေသ) အလုပ်အမှုဆောင်အသစ်  ပြန်လည်ရွေးချယ်ပွဲ ကျင်းပကြောင်း မဇ္ဈိမက သတင်းရရှိသည်။

          ၎င်းအဖွဲ့ကို မကွေးမြို့ပေါ်ရှိ တက္ကသိုလ် ခြောက်ခုမှ သမဂ္ဂများ၊ ရေနံချောင်း၊ ချောက် နှင့် ပခုက္ကူမြို့များရှိ ကျောင်းသားသမဂ္ဂများကို ပေါင်းစည်းဖွဲ့သော  ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ်ဒေသ) ဖြစ်ကြောင်း၊ လက်ရှိ တက္ကသိုလ်အသီးသီးမှာ ကျောင်းတက်နေကြသော ကျောင်းသားအဖွဲ့ဝင်များဖြင့် ၂၀၁၂ ခု ဇွန်လ (၁၂) ရက်နေ့တွင်  စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခင် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကျောင်းပြီးသွား၍ လုပ်ငန်းခွင်သို့ ၀င်ရောက်သွားကြပြီဖြစ်၍ ၂၀၁၄ ဇွန်(၂၂)ရက်နေ့မှာ လက်ရှိကျောင်းသားစစ်စစ် လူငယ်ကျောင်းသား မျိုးဆက် သစ်များထံ လွဲပြောင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယနေ့မှစ၍ ကျွန်တော်အပါအ၀င် အလုပ်အမှုဆောင်(၁၅)ဦး လုံးနှတ်ထွက်၍ အလုပ်အမှုဆောင်(၁၅)ဦးကို တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်အဖြစ်တက်ရောက်လာကြ သူ ကျောင်းသား၊ကျောင်းသူ သမဂ္ဂအဖွဲ့ဝင်(၃၂)ဦးဖြင့် ပြန်လည်ရွေးချယ်ပွဲဖြစ်ကြောင်း လက်ရှိတာဝန်ယူထား သော ဥက္ကဋ္ဌ (ဟောင်း) ကိုခန့်ထူး ကပြော သည်။

``ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားအရေးကိုအဓိထားပြီး လုပ်ဆောင်ကြတာပါ၊ ကျောင်းသားဆိုတာ ကျောင်းရဲ့သားတွေပါ၊ ကျောင်းဆိုတာ ပြည်သူတွေဆောက်ပေးတဲ့အိမ်ပါ၊ ပြည်သူဆောက်ပေးထားတဲ့အိမ်မှာ နေကြတဲ့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့သားသမီးတွေပါ၊ ဒီတော့ ပြည်သူတွေမျက်ရည်ကျရင် ကျွန်တော်တို့ ၀မ်းနည်းကြရပါတယ်။ ပြည်သူတွေထမင်းငတ်ရင် ကျွန်တော်တို့လည်း  ထမင်းငတ်ကြပါတယ်။ ဆိုတော့ ကျောင်း သားအရေးကို အဓိကထားပြီးလုပ်တဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းထားပေမဲ့ ပြည်သူတွေက လိုအပ်လို့ တောင်းဆိုလာတဲ့အခါမှာ အမျိုးသားအရေးကို  ပြည်သူတွေနဲ့ အတူလုပ်ဆောင်ပေးကြမှာပါ´´။ ဟု ဥက္ကဋ္ဌ ကိုခန့်ထူး ကပြောသည်။

          ၂၀၁၄ အလုပ်အမှုဆောင်အသစ်(၁၅)ဦးကို ပြန်လည်ရွေးချယ်ပေးကြပြီး ဥက္ကဋ္ဌ ကိုဘိုဘိုလွင် (မကွေးနည်း ပညာတက္ကသိုလ်)၊ဒု ဥက္ကဋ္ဌ(၁) ကိုမျိုးကိုကိုအောင်(ရေနံချောင်းနည်းပညာတက္ကသိုလ်)၊ ဒု ဥက္ကဋ္ဌ(၂) ကိုအေထက် ကျော်(ချောက်နည်းပညာ)၊ ဘဏ္ဍာရေးမှူး မပြည့်ဖြိုးခိုင်( မကွေးတက္ကသိုလ်)၊ တွဲဘဏ္ဍာရေးမှူး ကိုကျော်ဇင်ထွန်း (မကွေးနည်းပညာ)၊ အတွင်းရေးမှူး ကိုရဲသွေးကျော် (မကွေးဆေးတက္ကသိုလ်)၊ တွဲဘက်အတွင်းရေးမှူး ကိုသိန်းဇော်မြင့်(မကွေးကျန်းမာရေးတက္ကသိုလ်) တို့ပါ အလုပ်အမှု ဆောင်(၁၄)ဦးရွေးချယ်၍ ပခုက္ကူ ကျောင်း သားသမဂ္ဂ မှ တက်ရောက်မလာသေး၍ အလုပ်အမှုဆောင် တစ်နေရာအတွက် ချန်လပ်ထားကြောင်း အခမ်း အနားမှုး ကိုထက်ထက်ဇော် မှ သတင်းထုတ်ပြန်သည်။