မကွေးတိုင်းဒေသကြီး MPTဆက်သွယ်ရေးမန်နေဂျာကြီးကယ်တော်မူပါ ။

သို့

မကွေးတိုင်းဒေသကြီး MPTဆက်သွယ်ရေးမန်နေဂျာကြီးကယ်တော်မူပါ ။

ကျွန်တော်တို့ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းရွှေစက်တော်ဘုရား ရွာသားဈေးသည်တွေပါ။ ဆက်သွယ်ရေးကချပေးတဲ့ MPTဖုန်းတွေကိုသာ သစ္စာရှိရှိ ကိုင်ဆောင်နေကြသူများဖြစ်ပါတယ်။ ကျွန်တော်တို့ရွာသားတွေကိုင်နေတဲ့ ဖုန်းလိုင်းတွေက အောက်ရွှေစက်တော်ချောင်းထဲရောက်ရင် လုံးဝပြောလို့မရတော့ပါဘူး။ ဖုန်းပြောချင်ရင် တောင်ကုန်းတွေသို့ ပြေးပြေးတက်နေရပါတယ်။ MPT တာဝါတိုင် တတ်ဆင်ပြီးတယ်လို့လည်း သိနေရပါတယ်။ အဲဒီတာဝါတိုင်လိုင်းကို ဘုရားပွဲတော်ရက်မှာသာ ဖွင့်ပေးတယ်သိနေရပါတယ်။
ဖုန်းတွေလိုင်းကောင်းအောင် အဲဒီတာဝါတိုင်က MPTလိုင်းကို ဖွင့်ပေးပါရန် လေးစားစွာ တင်ပြလိုက်ရပါတယ်။ ဒီလိုမ မဟုတ်ရင်တော့  ချောင်းကိုပြစ်၍ မြစ်ကိုရှာကြရပါတော့မယ်...၊၊၊၊၊၊

ဦးသန်းထွန်း
ရွှေစက်တော်ဘုရားတွင် ထာဝရနေထိုင်သူဈေးသည်ကြီး
 

``ရွှေပါရမီကျန်းမာရေးဖောင်းဒေးရှင်း မှ အောင်လံမြို့မှာ အခမဲ့ဆေးကုသပေးခဲ့ရာ ကျန်ခဲ့သော ခွဲစိတ်လူနာများကို မကွေးမြို့ဆေးရုံများသို့ ပို့ဆောင်၍ အခမဲ့ဆက်လက်ကုသပေး´´



မကွေး၊ သြဂုတ် ၃၁ ။
          
 မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူဆေးရုံကြီးနှင့် မကွေးဆေးတက္ကလိုလ်၊ သင်ကြားရေးဆေးရုံသို့ အောင်လံ-မကွေး၊ နယူးအောင်လံ မှန်လုံကားလေးများဖြင့် သြဂုတ် ၃၁ ရက်နေ့အထိ လူနာပေါင်း တစ်ရာကျော်ခန့် ခွဲစိတ် ကုသရန် ရောက်ရှိ လာကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။


          ဆရာတော် အရှင်ဆန္ဒာဓိက ၏ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မှ အောင်လံမြို့၊ သြဂုတ် ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိတိ အများပြည်သူများကို အခမဲ့ဆေးကုသပေးခဲ့ကြောင်း၊ အထွေထွေရောဂါ လူနာပေါင်း တစ်သောင်းကျော်ခန့် အခမဲ့ဆေးကုသပေးခြင်းနှင့် ခွဲစိတ်လူနာပေါင်း ငါးရာကျော်ခန့်တို့ကိုလည်း အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့ကြောင်း၊ အောင်လံမြိုနယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သရက်မြို့နယ် အတွင်းရှိ အနယ်နယ်အရပ်ရပ်ရှိ ကျေးရွာများမှ လူနာများ စုပြုံပြီးရောက်လာ၍ သြဂုတ် ၂၅ ရက်နေ့တွင် လူနာပေါင်း နှစ်ရာကျော်ခန့် ဆေးကုသရန် ကျန်ရှိနေခဲ့ကြောင်း၊ ဆရာတော် အရှင်ဆန္ဒာဓိက ၏ မှာကြားချက်အရ၊ ၎င်းကျန်ခဲ့သော လူနာများကို အောင်လံမြို့၊ ဓမ္မမာပကတရားတော် ပြန့်ပွားရေးနှင့်သွေးလှူရှင် အသင်းမှ ဦးဆောင်စီစဉ်၍ မကွေးမြို့သို့ ပို့ဆောင်ပြီး ဆေးကုသပေးရန်၊ ၎င်း တို့အား ဆေးကုသနိုင်ရန် ကျသင့်သော ဆေးဘိုးငွေများကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျခံလှူဒါန်းကြောင်း ဦးစံတင် ဥက္ကဋ္ဌ (အောင်လံမြို့၊ ဓမ္မ မာပကတရားတော် ပြန့်ပွားရေးနှင့်သွေးလှူရှင် အသင်း)က မဇ္ဈိမ ကိုပြောသည်။


`` ယခု ကျန်ခဲ့တဲ့ လူနာ နှစ်ရာကျော်ကိုလည်း ရောဂါအလိုက် ရန်ကုန်မြို့နဲ့ မကွေးမြို့ဆေးရုံတွေကို သြဂုတ် ၂၆/၂၈/၃၀/၃၁ ရက်အထိ (၄)ရက်ရှိပါပြီး အသုတ်လိုက်ခွဲပြီး ပို့ဆောင်ကုသပေးနေပါတယ်၊ လူနာပေါင်းတစ်ရာ လောက်ပို့ပေးဖို့ကျန်ပါသေးတယ်၊ နောက်ရက်တွေလည်း ထပ်ပို့ရမယ်၊ ဆေးကုသပြီးသူတွေကိုလည်း ပြန်လည် ခေါ်ဆောင်ပေးနေပါတယ်။ ဒီလူနာ နှစ်ရာကျော်အတွက် အောင်လံမှ ရန်ကုန်မြို့နဲ့မကွေးမြို့များသို့ သွားလာစရိတ်၊ နေထိုင်စားသောက်စရိတ်အားလုံးနဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မှ အောင်လံမြို့သို့လာရောက်ကုသပေးခဲ့စဉ်က သမားတော်ဆရာကြီးများအဖွဲ့ တစ်ဖွဲ့လုံးအတွက် ငါးရက်တိတိ ကုန်ကျစရိတ်အားလုံးတို့ကို အောင်လံမြို့ စိန်နှစ်စိန်မှုန့်တိုက်ပိုင်ရှင် ဦးတင်စိန် ဇနီး ဒေါ်ကြူကြူ နှင့် ၎င်းတို့၏သား သမားတော်ကြီး ဒေါက်တာတင်ဝင်းအောင် တို့မိသားစုက လှူဒါန်းငွေသိန်းပေါင်းရာချီပြီး ဒီလူနာတွေကို သူတို့ ကိုယ်တိုင် မကွေးတိုင်းပြည်သူ့ဆေးရုံနဲ့ ဆေးတက္ကသိုလ်သင်ကြားရေးဆေးရုံတွေအထိ အောင်လံမြို့က မကွေး- အောင်လံပြေးဆွဲနေတဲ့ နယူးအောင်လံ ကားများရဲ့အကူအညီကိုယူပြီး အိမ်အရောက် အသွား/ အပြန်ဆောင်ရွက် လှူဒါန်းပေးနေကြပါတယ်ခင်ဗျာ´´ ဟု ဦးစံတင် ဥက္ကဋ္ဌ (အောင်လံမြို့၊ ဓမ္မမာပကတရားတော် ပြန့်ပွားရေးနှင့် သွေးလှူရှင်အသင်း)က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

``မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ တွေ့ဆုံပွဲကို မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂမှ သံဃာရာမကျောင်းတွင် ကျင်းပ´´



(တိုင်းပြည်တိုးတက်ဖွံ့ဖြိုးတာက ဇီးစေ့လောက်သာအကျိုးပြုပြီး လယ်ယာမြေပြဿနာတွေ က မြင့်မိုရ်တောင်လောက်ဖြစ်နေတယ်။)
        
  မကွေး၊ သြဂုတ် ၃၀ ။

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ သံဃာရာမကျောင်းတိုက်တွင် သြဂုတ် ၃၀/၃၁ (၂)ရက်တိတိကျင်းပကြောင်း၊ ပထမနေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ် လယ်ယာမြေဥပဒေပညာရှင် ဦးဝင်းမျိုးသူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပွင့်ဖြူမြိုနယ်) မှ ဒေါက်တာအောင်မိုးညို၊ မြေလတ်ဒေသ မကွေး တိုင်းတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့်  မြေယာဥပဒေသင်တန်းဆရာ ဦးအောင်ကျော်ကျော်တို့၏ မြေယာဥပဒေများပြောကြားချက်ကို တက်ရောက်လာသူတောင်သူကိုယ်စားလှယ်များမှ ပြန်လည်မေး မြန်း ဆွေးနွေးကြကြောင်း  သတင်းရရှိသည်။

``ပြီးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာသိမ်းဆည်းထားတဲ့လယ်ယာမြေတွေထဲက သုံးသိန်း ငါးသောင်းကျော်ဧကကို ပြန်လည်မစွန့်လွှတ်တော့ဘူးလို့ လယ်ယာမြေသိမ်းဆည်းရေးနှင့်အခြားမြေများသိမ်း ဆည်းခြင်း  စစ်ဆေးရေး ဥက္ကဋ္ဌက ကြေညာတယ်၊ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးထဲက အများဆုံးဖြစ်နေ တယ်၊ ဒီလောက်များပြားနေ့တဲ့ သိမ်းဆည်းထားတဲ့မြေယာတွေကို  ပြန်လည်သုံးသပ်စဉ်းစားပြီး ပြန်ပေးဖို့ နိုင်ငံတော် သမ္မထံတင်ပြပေးရန် အဆိုပြုခဲ့ပါတယ်။´´ဟု ပြည်သူ့လွှတ်တော် ဒေါက်တာအောင်မိုးညို က ၎င်းပွဲ တွင်ပြော သည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းအတွင်းရှိ ငါးခရိုင်နှင့် မြို့နယ်များ(၂၆)မြိုနယ် မှတောင်သူလယ်သမား သမဂ္ဂကိုယ်စားလှယ်များငါးဆယ့်နှစ်ဦးကျော်ခန့်တက်ရောက်ကြောင်း၊ ဖိတ်ကြားထားသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တို့ တက်ရောက် ခြင်းမရှိပါကြောင်း၊ လယ်ယာမြေများ နှင့် အခြားမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေးကော်မတီဝင် မကွေး မြို့နယ်NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းမှာလည်း ကျန်းမာရေးမကောင်း၍ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံသို့ တက် ရောက်ဆေးကုသနေ၍ မတက်ရောက်နိုင်ကြောင်း ၎င်းပွဲ အခမ်းအနားစီစဉ်သူ ဦးအောင်ကျော်ကျော် မှ ပြောကြား သည်။


``နိုင်ငံတော်သမ္မတကြီးက ၂၀၁၃၊ ဒီဇင်ဘာလထဲမှာ ဌာနဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲရေးအတွက် ဇွတ် အလုပ်ခိုင်းခဲ့တယ်၊ တိုင်းပြည်ကို ပိုမိုကောင်းမွန်အောင်လုပ်ခဲ့တာပါ၊ ဒါပေမဲ့ အထက်က ပြုပြင်ပြောင်း လဲခဲ့သော်လည်း အောက်ခြေ အဆင့်အထိ မရောက်ခဲ့ပါဘူး၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးတာက ဇီးစေ့လောက်သာ အကျိုးပြုပြီး လယ်ယာမြေ ပြဿနာတွေနဲ့အခြားပြဿနာတွေက မြင့်မိုရ်တောင်လောက်ဖြစ်နေပါတယ်။´´ဟု နိုင်ငံတော် သမ္မတအကြံပေး ဦးဝင်းမျိုးသူ က ၎င်းအခမ်းအနားတွင်ပြောသည်။


ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

``ရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ထံသို့ နယ်လှည့်ဈေးသည်မိသားစုများနှင့် ဒေသခံတို့မှ ၂၀၁၅ ခုနှစ် ဘုရားပွဲတော်ကျင်းပရက် မတိုင်မီ ဂေါပကအဖွဲ့သစ် ရွေးချယ်ပေးရန် ထပ်မံတောင်းဆို´´



မင်းဘူး၊ သြဂုတ် ၂၉ ။
         
 မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားဂေါပကရုံး၌ သြဂုတ် ၂၉ ရက် နံနက် ၁၁နာရီအချိန်ခန့်တွင် ရွှေစက်တော်ဘုရားဈေးသည်(၁၈)ဦးကို ဒေသခံ ဦးနေမျိုးကျော်(စကု)နှင့် ဦးအေးကို (ဆင်ဂေါင်းရွာ)တို့ကဦးဆောင်၍ ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့်ထံသို့ ၂၀၁၅ ခုနှစ် ဘုရားပွဲတော် ကျင်းပရက် မတိုင်မီ ဂေါပကအဖွဲ့သစ် ရွေးချယ်ပေးရန် ထပ်မံတောင်းဆိုသော စာဖြင့်တင်ပြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          ၎င်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့အား ဈေးသည်ကိုယ်စားလှယ်များပါဝင်သော ဒီမိုကရေစီစနစ်ဖြင့် ဂေါပကအဖွဲ့အသစ် ပြန်လည်ရွေးချယ်ပေးပါရန် ၂၀၁၂/၂၀၁၃ နှစ်များတွင် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော်၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့သို့ တိုက်ရိုက် အကြိမ်ကြိမ်တင်ပြ တောင်းဆိုခဲ့သော်လည်း ဈေးသည်မိသားစုများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်ကို ဖြည့် ဆည်းဆောင်ရွက်ပေးရာတွင်လွန်စွာ နှေးကွေးနေပါကြောင်း၊ ထို့ကြောင့် ယနေ့ အချက်လေးချက်ဖြင့် ထပ်မံ တောင်းဆိုရခြင်းဖြစ်ကြောင်း နယ်လှည့်ဈေးသည် ကိုကျော်ခိုင်ဝင်း(မုံရွာ)နှင့် ကိုကျော်လွင်ဦး(ပခုက္ကူ) ဈေးသည် နှစ်ဦးမှ မဇ္ဈိမ ကိုပြောသည်။ 

၁။ ဂေါပကအဖွဲ့အသစ်အမြန်ဆုံး ဖွဲ့ဆည်းပေးရန်(လွတ်လပ်ပွင့်လင်းသော ရွေးချယ်ပွဲဖြစ်ရမည်။)

၂။  ဂေါပကအဖွဲ့ အသစ်တွင် ဈေးသည်မိသားမှ ရွေးချယ်ပေးသော ဈေးသည် ကိုယ်စားလှယ် ငါးဦးထည့်ပေး ရမည်။

၃။ နှစ်စဉ်ကျင်းပလျှက်ရှိသည့် ရွှေစက်တော်ဘုရားပွဲတော် အကြိုကာလတွင် ဆိုင်းခန်းများ၊ တည်းခိုဆောင်များ၊ ကားကူးတံတားများ၊ လူကူးတံတားများ၊ကားကွင်းများ၊ မီးဘေးလုံခြုံရေး၊ ကျန်းမားရေးစောင့်ရှောက်မှု၊ လုံခြုံရေး ၀န်ထမ်းများချထားရာတွင် ဈေးသည်မိသားစုများဖြင့် ကြိုတင်အသိပေးပြီး အကြံဥာဏ်များရယူရမည်။

၎။ လက်ရှိဂေါပကအဖွဲ့မှ အကောင်အထည်ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် လုပ်ငန်းများသည် ဂေါပကအဖွဲ့၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ခွင့်ပြုထားသော လုပ်ငန်းများမဟုတ်သည်ကို ကောင်းစွာသိရှိထားသည့် အတွက်၊ ထိုလုပ်ငန်းစဉ်များအား ခေတ္တရပ်ဆိုင်းကာ ဂေါပကအသစ် ပေါ်ပေါက်လာသည့်အခါမှသာ ကြီးမားသော လုပ်ငန်းများအား ကျွမ်းကျင်ပညာရှင်များ နှင့် ဒေသခံအများပြည်သူများ၏ အကြံအဥာဏ်ကိုရယူပြီး ဂေါပက အသစ်မှ ဆက်လက်အကောင်အထည်ဖော်ပေးရန် ။ တို့ဖြစ်ကြောင်း ၎င်းတောင်းခံတင်ပြစာ၌ ဖော်ပြထားသည်။


`` ၂၀၁၃ ခုနှစ် ရွှေစက်တော်ဘုရားပွဲတော်မတိုင်မီက သာသနာရေးဝန်ကြီးဌာနရဲ့အမိန့်အရ ရွှေစက်တော် ဂေါပကအဖွဲ့ထဲမှ အစိုးရ၀န်ထမ်း ငါးဦးကို နှုတ်ထွက်စေခဲ့တယ်။ ယခင်ဂေါပက ဥက္ကဋ္ဌဖြစ်တဲ့ မင်းဘူးခရိုင် အုပ်ချုပ် ရေးမှူး ဦးခင်မောင်မြင့်ကို နာယက ပြန်တင်ပြီး ကျန်တဲ့ အရပ်သားဂေါပကအဖွဲ့ဝင်တွေနဲ့ဘဲ ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့်နဲ့ အမှုဆောင်တွေကို ပြန်ရွေးချယ်ခန့်ထားပေးတယ်၊ အဲဒီအရပ်သား ဂေါပကအဖွဲ့ဝင်ထဲက မိမိဆန္ဒအရ ဂေါပကအဖွဲ့ဝင်အဖြစ်ကနေ သုံးဦးနုတ်ထွက်သွားပြန်တယ်၊ ယခု ဂေါပကအဖွဲ့ဝင်တွေ လှစ်လပ်နေပါတယ်။ ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ အများပြည်သူအကြိုက် ရွေးချယ်ထားတဲ့ ဂေါပကအဖွဲ့ မဟုတ်ပါဘူး´´ ဟု နယ်လှည့် ဈေးသည် ဦးညွန့်သိန်း(ကျောက်ပန်းတောင်း)  က မဇ္ဈိမ ကိုပြောသည်။

          ဤကိစ္စအား ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့်အား မဇ္ဈိမက မေးမြန်းရာတွင် ဂေါပက အဖွဲ့ဝင် များနှင့် အစည်းအဝေးပြုလုပ်ပြီး ဦးစီးပဓာန၊ နာယကဆရာတော်များနှင့် သက်ဆိုင်ရာ အဆင့်ဆင့်ထံသို့ တင်ပြပြီး မှ အကြောင်းပြန်ကြားမည်ဟု ဖြေဆိုပါသည်။ ၂၀၁၃ ခုနှစ်က ဂေါပကအဖွဲ့ ၂၂ ဦးရှိခဲ့ရာ အစိုးရ၀န်ထမ်း ငါးဦး နှုတ်ပယ်၍ အရပ်သားဂေါပကအဖွဲ့ဝင် ၁၇ ဦးဖြင့် အမှုဆောင်အဖွဲ့ ပြန်ဖွဲ့ခဲ့ကြောင်း၊ ၎င်းအရပ်သားအမှုဆောင်အဖွဲ့ ၁၇ ဦးမှ သုံးဦးမှာနှုတ်ထွက်နှင့် သေဆုံးသူတစ်ဦးဖြစ်၍ ၂၀၁၄ ခုနှစ်၊ လက်ရှိ ဂေါပကအဖွဲ့ဝင် ၁၃ ဦးဖြင့်လုပ်ကိုင် ဆောင်ရွက်နေကြောင်း မင်းဘူးမြို့၊ ရွှေစက်တော်ဂေါပကရုံးမှ (အမည်မဖော်လိုသူ)၀န်ထမ်းတစ်ဦးက မဇ္ဈိမ ကို အတည်ပြု ပြောဆိုသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

``ယူနတီဂျာနယ် အမှုဆောင်ဦးတင်ဆန်းနှင့်သတင်းထောက်များ၏ ထောင်ဒဏ် ဆယ်နှစ်ချမှုကို မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အယူခံလျှောက်ထားချက် နှစ်ဘက်ကြားနာ´´



မကွေး၊ သြဂုတ် ၂၈ ။

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၌ သြဂုတ် ၂၈ ရက်၊ နံနက် (၉း၃၀)နာရီတွင် ဦးတင်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း၊ ချိန်ပါရှေ့နေကိုလူလှိုင်မင်းအောင်၊ ဦးတင်ဆန်း၏တူ ကိုအောင်ဝင်းထွန်း နှင့် ကိုရာဇာဦး၏(မိခင်) ဒေါ်ချို၊ ၎င်း၏(အဒေါ်) ဒေါ်သန်းအေး၊ ကိုစည်သူ ၏(မိခင်)ဒေါ်အုန်းနွဲ့၊ ကိုလူမော်၏ ဇနီး မလွင်လွင်မြင့် နှင့် သမီးမိသားစု သုံးဦးတို့ နှစ်ဖွဲ့ ရောက်လာ ကြသည်။ 

          မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ ခုံရုံးအခန်း(၄)တွင် တရားလွှတ်တော်တရားသူကြီး ဦးမြင့်သိန်း၊ တရားလို(အစိုးရဘက်မှ) ဒုတိုင်းဥပဒေအရာရှိ ဦးသန်းဝင်း တို့ဖြင့် နံက် ၁၀း၂၀ မှ နေ့ ၁၂ နာရီခန့်အချိန်ခန့် အထိ အမှုအမှတ် ၅၈/၂၀၁၄ အယူခံလျှောက်ထားသော ယူနတီဂျာနယ် တရားခံသတင်းထောက်များ  ကိုစည်သူစိုး၊ ကိုလူမော်နိုင်၊ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့၏  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် မှ ပထမ အယူခံလျှောက်လဲချက်ကို ဖတ်ကြားလျှောက်ထားသည်။


``တရားလိုပြသက်သေများရဲ့ထွက်ချက်များကို အလေးမထားဘဲ တစ်ဘက်သတ်အမိန့်ချမှတ်ထားတာ ဖြစ် တဲ့အတွက် မူလအမိန့်ကိုပယ်ဖျက်ပေးပြီး ကျွန်တော့်သတင်းထောက်များကို တရားသေလွှတ်ပေးစေလိုပါတယ်၊ ၁-၈-၂၀၁၄ နေ့က နိုင်ငံတော်သမ္မတကြီးနဲ့ စာနယ်ကောင်စီတွေ့ဆုံပွဲမှာလည်း ပြစ်ဒဏ်ချမှတ်ထားတဲ့ စာနယ်ဇင်း သမားတွေကို ကူညီလို့ရမဲ့ ဥပဒေအရ ဆောင်ရွက်ပေးသွားမယ်ပြောထားတဲ့အတွက်လဲ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် မှ ကျွန်တော်၏ လျှောက်လဲချက်ကို ကူညီဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။´´  ဟု  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် မှ တရားခွင်၌ လျှောက်ထားကြောင်း ကြားသိရသည်။


          အမှုအမှတ် ၅၉/၂၀၁၄ ယူနတီဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း မှ ဒုတိယအကြိမ် ဖတ်ကြားလျှောက်ထားသည်။ 

၎င်း နောက် တရားလို(အစိုးရဘက်မှ) ဒုတိုင်းဥပဒေအရာရှိ ဦးသန်းဝင်း က ပခုက္ကူခရိုင်တရားရုံးမှ ချမှတ်သော အမိန့်အတိုင်း ပြစ်မှုမြောက်ကြောင်း၊ ယခု တင်ပြသွားသော တရားလွှတ်တော်ရှေ့နေများ၏ လျှောက် လဲ ချက်များသည် ၎င်းတို့၏ ကိုယ်ပိုင်ယူဆချက်များသာ ဖြစ်ကြောင်း တုံ့ပြန်လျှောက်ထားသည်။ တရားခံများ၏ ရှေ့နေနှစ်ဦးတို့က ကိုယ်ပိုင်အယူအဆများ မဟုတ်ကြောင်း၊ ဥပဒေအချက်အလက် အထောက် အထား များဖြင့် ထပ်မံတင်ပြကြောင်း၊ ဥပဒေကြောင်းအရ အခိုင်အမာ သာဓက အထောက်ထား များဖြင့်တင်ပြ ကြောင်း  စစ်ဆေးနေသော တရားခွင်မှ ကြားသိရသည်။ ဦးကျော်လင်း မှ ဤအမှုနှင့် ပတ်သက်၍  မကြားနာခင် နှင့် ကြားနာပြီး မဇ္ဈိမ က မေးမြန်းရာ..

``ဒီအမှုကို စပြီးစွဲစဉ်အခါက အရပ်စကားနဲ့ပြောရရင် ၀ိတ်များတယ်ဗျ၊ စွဲတဲ့ဥပဒေက ၁၉၂၃ ဥပဒေ အင်္ဂလိပ်ခေတ်ဥပဒေဖြစ်တယ်၊ နှစ်ပေါင် ၉၃ နှစ်ကျော်နေပြီ၊ အဲဒီအချိန်က ကိုလိုနီမွန်းတည့်နေတဲ့အချိန်မှာ စပိုင်တွေကို ဒီဥပဒေတွေနဲ့ ဖမ်းဖို့ထုတ်ထားတာဗျ။ ယခု အဲဒီအမှုနဲ့ ကျွန်တော် သတင်းထောက်တွေကို စက်ရုံထဲဝင်လို့ဆိုပြီး ဖမ်းဆီးလိုက်တာဘဲ၊ အဲဒီဥပဒေထဲမှာက ကာကွယ်ရေးစက်ရုံထဲကို အယောင်ဆောင်ပြီး ၀င်ရောက်ခဲ့ရင်၊ အယောင်ဆောင် ဆိုတာ ရဲယူနီဖောင်း(သို့) စစ်ယူနီဖောင်း ၀တ်ပြီး ရုံးပိုင်ဆိုင်ရာစာရွက် စာတမ်းတွေယူပြီး ၀င်ခဲ့ရင်တောင်မှ ထောင်ဒဏ်(၂) နှစ်သို့မဟုတ် ငွေဒဏ်တခုခုနဲ့ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်ချဖို့ အာမခံပေးလို့ရတယ်လို့လဲ ပါတယ်၊ ယခုအမှုမှာ အာမခံလုံးဝမပေးဘဲ ထောင်ဆယ်နှစ်ချဆိုတော့ အဲဒီဥပဒေထက် ငါးဆကြီးတောင်ချထား တယ်ဗျာ´´။ ဟု အမှုမစစ်ခင်အချိန် ရှေ့နေ ဦးကျော်လင်း က မဇ္ဈိမ ကိုပြောသည်။၎င်း အတိုင်းလျှောက်လဲချက် တွင်လည်း  တင်ပြသည်။

``ဥပဒေအရ ဆုံးဖြတ်ကူညီရဲရင်တော့ ဒီအမှုကို လုပ်ပေးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုကို စတင်ကထဲက အမှုစွဲပြီးမှ ခွင့်ပြုမိန့်တင်တယ်၊ သက်သေခံပစ္စည်းတွေသိမ်းဆည်းစဉ်ကလဲ အထူးဥပဒေ ပုဒ်မ(၁၁) အရ ရှာဖွှေဝရမ်း မပါဘဲသိမ်းပြီးမှ လက်မှတ်ထိုးခိုင်းတယ်ဗျာ၊´´ ဟု အမှုကြားနာစစ်ပြီးချိန်တွင် ရှေ့နေ ဦးကျော်လင်း က မဇ္ဈိမ ကိုပြောသည်။

 ဤ အယူခံအမှုအား နောက်နှစ်ပါတ်လောက်ကြာမှ အမိန့်ချမည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က ခန့်မှန်း၍  ရှေ့နေ ဦးကျော်လင်းကတော့ တစ်လကျော်ခန့်မှာ အမိန်ချမှတ်လိမ့်မည်၊ စောင့်ကြည့်ရဦးမည်ဟု ခန့်မှန်းကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀