``မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံ၍ မကွေးမြို့တွင်း ဒုစရိုက်မှုများကင်းစင်ရေးအတွက် ပွင့်လင်းမြင်သာစွာ သတင်းပေးရေး ဆွေးနွေး´´



မကွေး၊ အောက်တိုဘာ ၃၀ ရက်။
          မကွေးမြို့၊ ဆုံရပ်ကွက်၊ မကွေးမြို့မရဲစခန်း၌ အောက်တိုဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန် နှင့် ရပ်ကွက် ၁၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ နှင့် လူမှု ရေးအဖွဲ့အစည်း NGO များ စုစုပေါင်း အင်အား ၇၀ ဦးခန့်တို့ တွေ့ဆုံကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါတွေ့ဆုံပွဲတွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန် မှ ၎င်းသည် ရှမ်းပြည်မြောက်ပိုင်းမှ မကွေးမြို့သို့ပြောင်းရွေ့လာခြင်းဖြစ်၍ မကွေးမြို့နှင့် မကွေးခရိုင်အတွင်း ဒုစရိုက်မှုများကင်းစင်ရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ရပ်ကွက်များ၊ ကျေးရွာများမှ ရဲတပ်ဖွဲ့ဖြင့်တွေ့ဆုံရန် ဖိတ်ကြား လျှင်လည်း ၎င်းတို့ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လာရောက်မည်ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြု၍ ရဲတပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းကူညီသောအားဖြင့် သတင်းများပေးပို့ကြရန်ဖိတ်ခေါ်ကြောင်း၊ ယနေ့ပွဲတွင် အထူးဖိတ်ကြား၍ ရဲတပ်ဖွဲ့၏ အများပြည်သူများအတွက် လိုအပ်ချက်များကို ပွင့်လင်းစွာဆက်ဆံပြောကြားဆွေးနွေးပေးကြရန် ဖိတ်ခေါ်၍ တင်ပြချက်များကို မှတ်တမ်းတင်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းပွဲတွင် မကွေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မင်းဟန် က (၀၉-၃၆၀၃၅၆၆၈) သူနှင့်တိုက်ရိုက် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို အသိပေး ပြောကြားခဲ့သည်။


``အရင်တုန်းက ဒီလိုခရိုင်ရဲမင်းကြီးကိုယ်တိုင်က အောက်ခြေ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ NGO လူမှုရေး အဖွဲ့တွေကို ကြည်ဖြူစွာဖိတ်ကြားပြီး ပြောဆိုတာမရှိခဲ့ဘူးဗျာ..။´´ အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦးက မြေလတ်မီဒီယာ ကိုပြောသည်။


          ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားအဖွဲ့များမှလည်း လိုအပ် သည်များကို ပွင့်လင်းစွာမေးမြန်းဆွေးနွေး တင်ပြကြ၍ ခရိုင်ရဲမှူးမှ မှတ်တမ်းတင်ပြီး ပြန်လည်ဖြေဆိုကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

``မကွေးမြို့(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲကော်မတီ ၁၁ ဦး၏ ပုဒ်မ ၄၄ရ အမှု တတိယရုံးချိန်း´´



မကွေး၊ အောက်တိုဘာ ၂၇ ရက်၊
          ပြီးခဲ့သော ၂၀၁၄၊ ဇွန်လထဲတွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ပြည်တော်သာလမ်း၊ အေးစေတီဘုရားကွင်း ၌ ကျင်းပခဲ့သော NLDပါတီ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ဖြစ်မြောက်ရေးကော်မတီ(၁၁)ဦးကို အောက် တိုဘာ ၂၇ ရက်၊ နံနက်၁၁ နာရီမှ နေ့လည်၂း၃၀နာရီအထိ မကွေးမြို့နယ်တရားရုံးတွင် တတိယရုံးချိန်း အဖြစ် ဆက်လက်စစ်ဆေးကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။


          အောက်တိုဘာ ၂၇ ရက်ရုံးချိန်းသို့ တရားလို မကွေးတိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ဦးသောင်းရွှေ နှင့် အေးစေတီဘုရားဂေါပက ဥက္ကဋ္ဌ ဦးကြည်ဝင်းတို့ နှစ်ဦးကို စတင်စစ်ဆေးကြောင်းသိရသည်။ပုဒ်မ ၄၄၇ဖြင့် တရားခံဟုစွပ်စွဲခံထားရသော ဦးနေမျိုးကျော်ပါ ကော်မတီဝင် ၁၁ ဦးမှ ဦးရဲတင့်( အတွင်းရေးမှူး၊ မကွေးခရိုင်NLD ပါတီ)တစ်ဦးခွင့်တင်၍ ၁၀ ဦးတက်ရောက်ကြောင်း၊ NLDပါတီ(ဗဟို)မှ ဥပဒေအကျိုးတော်ဆောင် တရားလွှတ် တော်ရှေ့နေများ ဦးကျော်ဟိုး နှင့် ဦးဌေးဦး(စိန်ဂျွန်း) တို့လည်း ရန်ကုန်မှ တတိယအကြိမ် လာရောက်ကြောင်း သိရသည်။


``ကျွန်တော်က အေးစေတီဘုရားဂေါပက ဥက္ကဋ္ဌ ဦးကြည်ဝင်းပါ၊ မေလ(၂၉)ရက်နေ့က ကန်သာရပ်ကွက်ဥက္ကဋ္ဌ ထောက်ခံချက်ပါလို့ ဂေါပကဥက္ကဋ္ဌ ကလည်း ထောက်ခံခဲ့ပါတယ်၊ ဇွန်(၄)ရက်နေ့ရောက်တော့ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးကခေါ်ပါတယ်၊ ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင်စာရိုက်ပြီးယူလာခဲ့တဲ့ ကန့်ကွက်စာမှာ ကျွန်တော်လက်မှတ်ရေးထိုးပြီးပေးလိုက်ရပါတယ်၊ အမှန်အတိုင်းဘဲ ထွက်ဆိုခဲ့ပါတယ်။´´ဟု ဦးကြည်ဝင်းက မီဒီယာများကိုပြောသည်။

``ဒီနေ့တရားရုံးက စစ်ဆေးတဲ့အခြေအနေ အားလုံးကောင်းပါတယ်၊ တရားလို ဦးသောင်းရွှေကိုယ်တိုင်က ယခု တရားစွဲတဲ့ကိစ္စ သူဘာမှမသိပါဘူးလို့ပြောတယ်၊ သူ့ထက်ရာထူးကြီးတဲ့ အထက်ကပုဂ္ဂိုလ်တစ်ဦးက တာဝန်ပေးလို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်လို့ ထွက်ဆိုအစစ်ခံသွားပါတယ်။´´ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က မီဒီယာများကိုပြောသည်။

          ၎င်းအမူ၏ စတုတ္ထရုံးချိန်းကို ၂၀၁၄၊ နိုဝင်ဘာ(၅)ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

 

``ဆင်ပေါင်ဝဲမြို့နယ်မှ မကွေးမြို့သို့ တောင်သူငါးထောာင်ကျော်ဖြင့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုတင်ထွန်းအောင်ကို ပုဒ်မ(၁၉)ဖြင့် မကွေးမြို့နယ်တရားသို့ ရုံးတင်၍ တရားစွဲဆို´´



မကွေး၊ အောက်တိုဘာ ၂၇ ။
          ပြီးခဲ့သော  စက်တင်ဘာ၂၅ ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်မှ ဘရုံသစ်တောကြိုးဝိုင်းအတွင်းမှ ကျေးရွာ ပေါင်း(၁၁)ရွာရှိ၊တောင်သူ ငါးထောင်ခန့်ဖြင့် မကွေးတိုင်းဒေသကြီးသစ်တော်ဦးစီးဌာနရုံးနှင့် မြို့ပေါ်သို့ ဆန္ဒ ပြခဲ့သော တောင်သူအဖွဲ့ ခေါင်ဆောင် ကိုတင်ထွန်းအောင် ကို ၂၀၁၄၊ အောက်တိုဘာ ၂၇ ရက်၊ နေ့လည်၂း၃၀ နာရီအချိန်ခန့်တွင် မကွေး နယ်မြေရဲစခန်းမှ မကွေးမြို့နယ်တရားသို့ ပုဒ်မ(၁၉)ဖြင့် ရုံးတင်၍ တရားစွဲဆိုကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


`` ကျွန်တော်တို့ စက်တင်ဘာ ၂၅ ရက်နေ့က မကွေးမြို့ပေါ်ဆန္ဒပြပွဲအပြီးမှာ ဘရုံသစ်တောကြိုးဝိုင်းအတွင်းမှ လယ်ဧက လေးထောင်ကျော်ကို ပုံစံ(၇)အတွက် ဆင်ပေါင်ဝဲမြို့နယ်မြေစာရင်းဌာနက ပုံစံ(၁)တွေစာရင်း လာ ကောက်ယူသွားပါတယ်။´´ဟု မကွေးမြို့နယ်တရားရုံးရှေ့တွင် အောက်တိုဘာ ၂၇ ရက်နေ့က ကိုတင်ထွန်း အောင်မှ မြေလတ်မီဒီယာ ကိုပြောသည်။


          ၎င်းမှဆက်လက်၍ ကျွန်တော်တို့တောင်းဆိုထားတဲ့ ပုံစံ ၇ ထုတ်ပေးဖို့ ဧက နှစ်သောင်း ကျော်ကျန်ရှိနေ သေးကြောင်း၊ ဘရုံသစ်တောကြိုးဝိုင်းပယ်ဖျက်ပေးရေး၊ ဓားမဦးချလယ်ယာမြေများ ပုံစံ ၇ အမြန်ထုတ်ပေးရေး စသည့်တောင်းဆိုချက်များကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ တောင်းဆိုချက်တွေ မရရင် တောင်သူတွေစုပေါင်းပြီး နေပြည်တော် အထိ (၇)ရက်ခန့် တက်ရောက်ပြီး ဆန္ဒထုတ်ဖော်သွား မည်ဖြစ် ကြောင်း၊ တရားရင်ဆိုင်ဖို့ ကုန်ကျစရိတ် ကိုလည်းတောင်သူတွေစုပေါင်းကျခံမည်ဖြစ်ကြောင်း၊ ယခုလည်း ကျွန်တော့်ကိစ္စအတွက် တောင်သူ၂၀ဦးတို့က လိုက်ပါလာကြောင်း၊ကိုတင်ထွန်းအောင်က ပြောသည်။

၎င်းအမှုအား မကွေးမြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၃၃၉၁/၂၀၀၄ ဖြင့်လက်ခံ၍ ၂၀၁၄၊ နိုဝင်ဘာ(၃)ရက်နေ့တွင် စစ်ဆေးရန် ရုံးချိန်းရက် သတ်မှတ်ကြောင်း မြို့နယ်တရားရုံးမှ သတင်းရရှိသည်။



ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

အလွတ်တန်းသတင်းထောက် ကိုပါကြီးအတွက် ဆန္ဒပြကုန်ကြပြီ...

Aung Gyi Dvb added 5 new photos. မှ ကူးယူဖော်ပြပါသည်။
10 mins ·
မြို့‌တော်‌ခန်းမ‌ရှေ ဆန္ဒပြ ပွဲကို ရဲးတပ်‌ဖွဲ့ဝင်‌များက လာ‌ရောက်‌စစ်‌‌ဆေး‌မေးမြန်းမူများပြုလုပ်‌ခဲ့ပါတယ်‌

ကိုပါကြီးအမျိုးသမီး ‌အောက်‌တိုဘာလ ၂၅ ရက်‌‌နေ့
ရန်‌ကုန်‌အပြည်‌ပြည်‌ဆိုင်‌ရာ‌လေဆိပ်‌ကို ‌နေ့လည်‌ ၁၁ နာရီ မှာပြန်‌‌ရောက်‌မှာဖြစ်‌ပီး ‌အောက်‌တိုဘာလ ၂၆ ရက်‌‌နေ့ တနင်္ဂ‌နွေ‌နေ့ ည‌နေ ၄ နာရီ မှာ‌တော့ မြို့‌တော်‌ခန်းမ‌ရှေ မှာ စစ်‌တပ်‌ရဲ့မတရားပစ်‌သတ်‌ခံရတဲ့ အဖြစ်‌ကို မ‌ထောက်‌ခံ
တဲ့လွှတ်‌‌တော်‌ပြင်‌ပ နိုင်‌ငံ‌ရေးအင်‌အားစုများစု‌ပေါင်း
ဆန္ဒပြကြမှဖြစ်‌ပါတယ် ၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်‌ပုံမှာပါတဲ့‌
ကျောင်းသား‌ခေါင်း‌ဆောင်‌‌တွေနဲ့ ၂၀၀၇ ‌
ရွှေဝါ‌ရောင်‌ ‌တော်‌လှန်‌‌ရေးမှာပါဝင်‌ခဲ့တဲ့‌ကျောင်း
‌ခေါင်း‌ဆောင်‌များ ဘာလုပ်‌မှာလည်း
နိုင်‌ငံ‌ရေးအကျဉ်းသား
‌ဟောင်း‌တွေဘာလုပ်‌မှာလည်း ဒီမိုက‌ရေစီ ဆိုပြီး ပါစ်‌က‌အော်‌မ‌နေပဲးတိုက်‌ပွဲဝင်‌သင့်‌ပြီ နိုင်‌ငံ‌ရေးအမြတ်‌ထုတ်‌လုပ်‌စားတဲ့လူ‌တွေ‌
တော်‌သင့်‌ပြီ မီဒီယာသမား‌တွေ လည်း‌သွေးစည်းကြရမှာဖြစ်‌ပါတယ်‌

 

``မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်တပ်မှသိမ်းဆည်းထားခဲ့သောမြေဧကငါးထောင်ကျော် အတွက် တောင်သူများဆန္ဒပြခွင့် အင်အားတင်သည့်အတိုင်းမရ၍ တောင်သူများဖမ်းဆီးမည်ထင်ပြီး ၁၆ဦးဖြင့်ဆန္ဒပြ´´



ဂန့်ဂေါ၊ အောက်တိုဘာ ၂၆ ။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၁၉၉၆ ခုနှစ်ခန့်၊စစ်အာဏာရှင်လက်ထက်၊ တပ်မ (၁၀၁)မှ ယာမြေဧက ၅၄၂၁ ဧကကို သိမ်းဆည်းခဲ့ကြောင်း၊စစ်တပ်မှပြန်လည်စွန့်လွှတ်ဧက ၅၀၀၊ မူလပိုင် တွေလက်ထဲ မရရှိသေးကြောင်း၊ ၎င်းကိစ္စအား အထက်အဆင့်ဆင့်ထံတင်ပြတိုင်ကြားခဲ့သော်လည်း  ယနေ့အထိ အကြောင်း မထူး၍ ဒေသ ခံအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄၊ အောက်တိုဘာ ၂၆ ရက်၊ နေ့လည် ၂ နရီမှ ညနေ ၅ နာရီ အချိန်ခန့်အထိ မြေအသိမ်းခံတောင်သူများ ဆန္ဒဖော်ထုတ်တောင်းဆိုကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဒေသခံတောင်သူ ဦးဘိုဝင်း ၏အတည်ပြုပြောကြားချက်အရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

``ကျွန်တော်တို့ စိုင်ဒွန်းတံတားကနေ မြို့ပတ်လမ်းအတိုင်း နေ့လည် ၂ နာရီမှာစထွက်ပါတယ်၊ တောင်သူ အင်အား နှစ်ရာဦးတင်ထားသော်လည်း တောင်သူ ၈၀ဦးသာ ခွင့်ပြုတော့ တောင်သူတွေက ဖမ်းမယ်ထင်ပြီး ကြောက်သွားကြတယ်ဗျာ၊ ယခုအင်အား ၁၆ ယောက်ထဲနဲ့ဆန္ဒပြကြရတယ်။ ယခု မြစ်သာခမ်းမရှေ့မှာ တောင်သူ တွေ ရဲ့ ခံစားချက်များကို တစ်နာရီခန့် ရင်ဖွင့်ဟောပြောကြပါတယ်။ ညနေ ၅ နာရီအချိန်အထိ လှည့်လည် ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။´´ ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဒေသခံတောင်သူ ဦးဘိုဝင်း က  မြေလတ်မီဒီယာ ကိုပြော သည်။


``ဂန့်ဂေါခရိုင်၊မြို့နယ်၊ရဲတပ်ဖွဲ့တို့သိမ်းထားတဲ့ဧက ၂၂ နဲ့ ပြည်ခိုင်ဖြိုးပါတီသိမ်းထားတာ ၅၀ ဧကရှိပါတယ်။´´ ဟု ဒေသခံ ဦးမြင့်ကြိုင်ကလည်း  မြေလတ်မီဒီယာ ကိုပြောသည်။ 

          အဆိုပါမြေယာများကို စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့စဉ်အခါမှာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဆွေဖြစ်ပြီး၊ ၎င်းဦးလှဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( ယခု မကွေးတိုင်းအတွက် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ခေါင်းဆောင်) ဖြစ်နေခြင်းကြောင့် မြေအသိမ်းခံ တောင်သူများအတွက် အကြောင်းမထူးဘဲဖြစ်နေကြောင်း၊ ဦးလှဆွေ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ယူစဉ်က လည်း ချင်းအမျိုးသား တစ်ဦးထံမှ ယာမြေဧက ၅၀ ကိုသိမ်းယူ၍ ယနေ့အထိ ဦးလှဆွေ အမည်ဖြင့်လုပ်ကိုင် လျှက်ရှိကြောင်း၊ ဂန့်ဂေါဒေသခံ ဦးမြင့်ဇော်က  မြေလတ်မီဒီယာ ကိုပြောသည်။ (ဦးလှဆွေ ထံဖုန်းခေါ်သော်လည်း မရပါ)။

          ဒေသခံဆန္ဒပြတောင်သူဦးစိန်ဝင်းက ``  ဒီဆန္ဒပြပွဲတင်ထားတာ အင်အား၂၀၀ ကိုအင်အား ၈၀ ပဲပေး တော့လန့်သွားကြတယ်၊ ရုံးဖွင့်ရက်ကို ဆန္ဒပြဖို့တင်တယ်၊ သူတို့က ရုံးပိတ်ရက်ကိုပေးတယ်။ ကျွန်တော်တို့ တင်ထားတဲ့ အစိုးရရုံးတွေနဲ့ မြို့ထဲလမ်းကြောင်းကိုလည်းမပေးဘူး။ စိုင်ဒွန်းတံတားကနေ မြို့ပတ်လမ်း လေယာဉ်ကွင်းထိပဲပေးတယ်၊ ကျွန်တော်တို့တင်ထားတဲ့ ဆိုင်းဘုတ် ၂ခုက အသိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး- ဒို့အရေး၊ ဌာနဆိုင်ရာအသီးသီးက သိမ်းဆည်းထားသော လယ်ယာမြေများ ဌာနဆိုင်ရာများမှ ပြန်လည်ရရှိရေး- ဒို့အရေး။ ဆိုတဲ့ဆိုင်ဘုတ် နှစ်ခုကိုလည်း မကိုင်ရဘူး။ သူတို့ပေးတဲ့ (မြေယာမဲ့များအတွက် လယ်ယာမြေများပြန်လည်ရရှိရေး) ဆိုတဲ့ ဆိုင်းဘုတ် ၂ ခုကိုသာ ကိုင်ရတယ်ဗျာ..။ ယခင်က အာဏာရှင်တွေ အတိုင်းပါဘဲ၊ တောင်သူတွေကို ကြောက်အောင် တမင်သက်သက် လုပ်တဲ့သဘောဖြစ်နေပါတယ်။´´ဟု ဒေသခံ တောင်သူ ဦးစိန်ဝင်းက  မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ