မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၆) ထွက်ပါပြီ....

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၆) ထွက်ပါပြီ....၊ ဧပြီ(၁ ရက်မှ ၁၅ ရက်အထိ)

မြန်မာနှစ်သစ် သင်္ကြန်တွင်း  မြေလတ်မီဒီယာဂျာနယ် ဧပြီ (၁၆)ရက်နေ့ထွက် ဂျာနယ်တစ်ပတ်နားပါမည်၊
အတွဲ(၁)၊ အမှတ်(၇) ဂျာနယ်ကို မေ(၁)ရက်နေ့တွင် ပြန်လည်ထုတ်ဝေမည်ဖြစ်ပါကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ကျွန်တော်တို့ဂျာနယ်ကို တစ်ပတ်ထက် တစ်ပတ်၊ အားပေးကြသော မြေလတ်မီဒီယာဂျာနယ် ပရိသတ်များ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူကြပါစေ...။


မြေလတ်မီဒီယာ
 

မကွေး မြေလတ် ကျောင်းသား များ သမဂ္ဂ စတေကာကန်ပိန်းကို 27>> 10:10 စတင်..

မကွေး မြေလတ် ကျောင်းသား များ သမဂ္ဂအဖွဲ့ချုပ်မှ မကွေးကားကွင်းနှင့် မကွေးမြို့ပေါ်အနှံ့လှုပ်ရှားမှု စတေကာကန်ပိန်းကို 27-3-2015- နံနက် 10:10 နာရီမှာ စတင်..ကြောင်း သိရသည်။၎င်းတို့၏ ဖေ့စ်ဘုတ်မှ ဖော်ပြပါသည်။
 

နိုင်ငံတကာမီဒီယာညီလာခံခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ

UPDATE NEWS >>>>>>>>>>
နိုင်ငံတကာမီဒီယာညီလာခံခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ
==============
နိုင်ငံတကာမီဒီယာညီလာခံ (IPI)ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မတ် ၂၇ ရက်၊ နံနက်ပိုင်းက ချက်ထရီယမ်ဟိုတယ်တွင် စတင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် အဖွင့်စကားပြောကြားနေစဉ် ခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
ဆန္ဒပြသူက နှာခါင်းစည်းအုပ်ထားပြီး ဂျာနယ်လစ်များကို ဖိနှိပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ရပ်ဆိုင်းရန် ပါဝင်သော စာတန်းကိုင်ဆောင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆန္ဒပြမှုကို ပြည်တွင်း၊ပြည်ပ သတင်းထောက်များက ဓာတ်ပုံမှတ်တမ်းယူပြီးနောက် ငါးမိနစ်ခန့်အကြာတွင် တစ်ကိုယ်တော်ဆန္ဒပြသူက ခန်းမတွင်းမှ ငြိမ်းချမ်းစွာထွက်ခွာသွားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာမီဒီယာညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေမှုနှင့် ညီလာခံကျင်းပရာ ခန်းမအတွင်းနှင့် ဟိုတယ်ရှေ့တွင် မီဒီယာဖိနှိပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ညီလာခံခန်းမတွင် ရယ်မောလက်ခုပ်တီး၍ တုန့်ပြန်ခဲ့သည်။
ချက်ထရီယမ်ဟိုတယ်တွင် မီဒီယာများအား တိုက်ခိုက်နေမှု ရပ်တန့်ရန် စာတမ်းကိုင်ဆောင်၍ သတင်းသမားအချို့က ဆန္ဒပြလျက်ရှိသည်။ သတင်းထောက်များအား ရိုက်နှက်ထိန်းသိမ်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ဖြစ်ပေါ်နေသောကြောင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာမီဒီယာညီလာခံသို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ရန် မြန်မာဂျာနယ်လစ်ကွန်ရက်က ကြေညာထားသည်။
ယနေ့ ညီလာခံကို မတက်ရောက်ကြသည့် မီဒီယာသမားများ၏ ရပ်တည်မှုကိုလည်း နားလည်ပြီး မီဒီယာလွတ်လပ်ခွင့်အတွက်ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ညီလာခံကို သပိတ်မှောက်ခဲ့သည့် သတင်းသမားများနှင့်ပတ်သက်၍ IPI ၏ Interim Executive Director ဘာဘရာက ပြောသည်။
(ဓာတ်ပုံ - ကောင်းထက်ဖေ့စ်ဘွတ်)
 

မြေလတ်မီဒီယာဂျာနယ် အတွဲ(၁)၊ အမှတ်(၅) ၂၀၁၅၊ မတ် (၁၆ - ၃၁) ရက် ထွက်ပါပြီ




  • လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရ...
  •  
  • မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ မကွေးညီလာခံ...
  •  
  • မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးးအား ရဲတပ်ကြပ်ကြီး နှင့် တပ်သား သုံးဦးတို့မှ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးး ထံသို့တိုင်ကြား...

  • အစိုးရသတင်းစာ ကြော်ငြာနှုန်းများထက် ဈေးနှုန်း အလွန်သက်သာစွာဖြင့် ကြော်ငြာမျာထည့်နိုင်ပါသည်။
  •  
  • အနည်းဆုံး ငွေငါးထောင်ကျပ် အကွက်များ ကြော်ငြာလက်ခံနေပါသည်။
  • မြေလတ်မီဒီယာ ဂျာနယ်
  • ၀၉-၄၄၀၂၂၅၁၀၀
 

" သီတဂူဆရာတော်ကြီး - ၇၈နှစ်ပြည့် " (သီလရှင်-၁၀၀၀ အား ဒါတဗ္ဗ၀တ္ထုလောင်းလှူ)

Naing Aye shared Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)'s post to the group: SIBMA သီတဂူသာသနာပြုအဖွဲ့.  မှ ကူးယူဖော်ပြသည်။
13 hrs ·
 
 
 
 
 
 
 
 
 
 
 
" သီတဂူဆရာတော်ကြီး - ၇၈နှစ်ပြည့် "
(သီလရှင်-၁၀၀၀ အား ဒါတဗ္ဗ၀တ္ထုလောင်းလှူ)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ ၁၃၇၆ခုနှစ်၊ တပေါင်းလပြည့် (၂၀၁၅-၃-၄) ရက်နေ့တွင် ကျရောက်မည့် သက်တော် ၇၈နှစ်ပြည့် အတွက် လှူဒါန်းပွဲကြီး စတင်နေပြီဖြစ်ပါသည်။

ယနေ့ ၂၀၁၅ မတ်လ (၃)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလဆန်း (၁၄)ရက်
သီလရှင် အပါး(၁၀၀၀) တစ်ထောင် တို့အား ၀တ်စုံ (၁၀၀၀)နှင့် ဆွမ်း ဘောဇဉ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပူဇော်ပွဲ မြင်ကွင်းများကို ရပ်နီးရပ်ဝေး တပည့်တကာအပေါင်း ကြည့်ရှုနိုင်စေရန်အတွက် ဓါတ်ပုံများ စုစည်းတင်ပြအပ်ပါသည်။

အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်အပေါင်းတို့၏ မွေးနေ့ပွဲအတွက် ပူဇော်လှူဒါန်းခြင်းကုသိုလ်ဝေစု အစုစုတို့ကို သာဓုခေါ်ဆိုနိုင်ရန်အတွက် အမျှပေးဝေအပ်ပါသည်။
ကုသိုလ် - အမျှ ၊ အမျှ ။ အမျှ ယူတော်မူကြပါကုန်လော့
သာဓု ၊ သာဓု ၊ သာဓု
==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Special Thanks : သီတဂူမန်ဘာများ၊
 

သပိတ်မှောက်ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အာဏာပိုင်တွေက ပယ်ချခဲ့ပြီး သပိတ်ကိုလူစုခွဲဖို့အတွက် အချိန် ၆နာရီပေးလိုက်ပါတယ်။

BREAKING NEWS: Police Announces to Crack Down the Strike (UPDATED)
ကျောင်းသားသပိတ် သံဃာနဲ့ကျောင်းသား အစာငတ်ခံဆန္ဒပြ၊ ကျောင်းသူတစ်ယောက် နံပါတ်တုတ်နဲ့ ရိုက်ခံရ
လက်ပံတန်းကနေ သာယာဝတီကို လမ်းလျှောက်ချီတက်မယ့် သပိတ်မှောက်ကျောင်းသားတွေကို လုံခြုံရေးအင်အား ၅ဝဝကျော်နဲ့ ပိတ်ဆို့ထားပြီး အနည်းငယ် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ချိန်မှာ လက်ချင်းချိတ်ပြီး ထိုင်နေတဲ့ သပိတ်မှောက်ကျောင်းသူတစ်ယောက်ရဲ့လက်ကို ရဲတစ်ယောက်က နံပါတ်တုတ်နဲ့ ရိုက်လိုက်တာကြောင့် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရဆိုရင် လက်ပံတသတင်းထောက်တွေကလည်း ဆန္ဒပြပွဲထဲမှာ ပိတ်မိနေပါတယ်။ သာယာဝတီအထိ လမ်းလျှောက်ပြီး ရန်ကုန်ကိုကားနဲ့သွားမယ့်န်းတစ်မြို့လုံးကို ရဲအင်အား တစ်ထောင်ကျော်နဲ့ ပိတ်ဆို့ထားပြီး  သပိတ်မှောက်ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အာဏာပိုင်တွေက ပယ်ချခဲ့ပြီး သပိတ်ကိုလူစုခွဲဖို့အတွက် အချိန် ၆နာရီပေးလိုက်ပါတယ်။
 

လက်ပံတန်း၌ ပိတ်ဆို့ခံနေရသည့် ကျောင်းသားသပိတ်မှ သံဃာနှင့်ကျောင်းသားများ သရဏဂုံစတင်နေပြီ

BREAKING NEWS:
လက်ပံတန်း၌ ပိတ်ဆို့ခံနေရသည့် ကျောင်းသားသပိတ်မှ သံဃာနှင့်ကျောင်းသားများ သရဏဂုံစတင်နေပြီ
ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံသည့် မန္တလေးမြို့ရှိ ကျောင်းသားများ ထိုင်သပိတ်ကိုစတင်ကြောင်း ကြေညာ

Happening NOW !!!!! 3:45 pm
လက်ပံတန်းရှိ ပိတ်ဆို့တားဆီးခံထားရတဲ့ ပညာရေးပင်မ သပိတ်စစ်ကြောင်းဟာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အချိန် ၆နာရီပြည့်ဖို့ တစ်နာရီအလိုမှာ စတင်ပြီး သရဏဂုံတင်နေကြပါတယ်။ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မှာလည်း ပင်မသပိတ်စစ်ကြောင်း ကျောင်းသားသပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြမှုတွေ တပြိုင်တည်းစတင်နေပါတယ်။
(ဓာတ်ပုံ -ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)

Kamayut Media's photo. Kamayut Media's photo.

Kamayut Media's photo.
Kamayut Media's photo.







Happening Now: 4:30 pm
အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အချိန် ၆နာရီပြည့်သွားချိန်မှာတော့ ပဲခူးတိုင်း နယ်/လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ၃ယောက်တို့ဟာ စတင်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ရဲလုံခြုံရေးတွေနဲ့ ကျောင်းသားသပိတ်ကြား တင်းမာမှုတွေ စတင်လျော့ပါးလာတယ်လို့ယူဆလို့ ရနေပြီး လက်ပံတန်းမြို့ခံပြည်သူတွေက ကျောင်းသားသပိတ်ကိုထိရင် ငုံ့ခံမနေဘူးဆိုတဲ့ ပြောဆိုနေပြီး သပိတဝိုက် ရဲတစ်ထပ်၊ ပည်သူတစ်ထပ်စီဖြစ်နေပါတယ်။
ရန်ကုန်မြို့ ဆူးစေတီအနီးမှာ သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံတဲ့ ဆန္ဒပြမှုဟာ ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ လူအင်အား ၄ဝလောက်နဲ့ စတင်ပြီး စေတီတော်ကို ကြွေးကြော်သံတွေအော်ဟစ်ပြီး လှည့်လည်ချီတက်နေကြပါတယ်။


Kamayut Media's photo.
ရန်ကုန်မြို့လယ် ဆူးလေစေတီတော်ကို သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံတဲ့ ဆန္ဒပြလှုပ်ရှားမှု စတင်နေပြီး လူအင်အား ၄ဝပါဝင်ခဲ့ပါတယ်။
(ဓာတ်ပုံ - အာကာစိုး/ကမာရွတ်မီဒီယာ)
 

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်က ကိုယ်စားလှယ် ၂ယောက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့ခံ ဂိုဏ်းပေါင်းစုံအဖွဲ့က သံဃာတော် ၁ဝပါးကျော်ဟာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ ဆွေးနွေးပွဲ

Kamayut Media added 4 new photos.မှ ကူးယူဖော်ပြသည်။
3 hrs ·
Happening Now -
လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်က ကိုယ်စားလှယ် ၂ယောက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့ခံ ဂိုဏ်းပေါင်းစုံအဖွဲ့က သံဃာတော် ၁ဝပါးကျော်ဟာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ ဆွေးနွေးပွဲတွေ ဆက်လုပ်နေပြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးသက်ထွန်းကို စောင့်ဆိုင်းနေပါတယ်။
ကျောင်းသားတွေဘက်ကတော့ သပိတ်ကို တောင်းဆိုထားတဲ့အတိုင်း သာယာဝတီအထိ လမ်းလျှောက်ချီတက်မှာဖြစ်ပြီး မရပ်ဆိုင်းနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာလည်း ဒီကနေ့နေ့လည်မှာ ကျောင်းသားသပိတ်ကို ထောက်ခံအားပေးတဲ့ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်မယ်လို့ဆိုတာကြောင့် သတင်းထောက်တွေဟာ မြို့တော်ခမ်းမနားကို ရောက်ပြီးစောင့်ဆိုင်းနေကြပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူဦးဆောင်ပြီး လက်ပံတန်းမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သံဃာနဲ့ကျောင်းသားတွေဆီကို ကျန်းမာရေး ကူညီထောက်ပံ့ဖို့အတွက် သွားရောက်နေပါတယ်။ လက်ပံတန်းမြို့ခံတွေက အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ သံဃာတော်တွေကို သောက်ရေတွေ ပံ့ပိုးကူညီပေးနေပါတယ်။
ကျောင်းသားသပိတ်နဲ့ ပညာရေးဥပဒေကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင် သတင်းစာတွေက ပုံဖျက်တိုက်ခိုက် ဝေဖန်ထားတဲ့ ဆောင်းပါးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
(ဓာတ်ပုံ - ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)
 

မန္တလေးမြို့ရှိ ကျုံးနံဘေးတွင် ယနေ့ ၃ နာရီမှ ၄:၁၅ နာရီအထိ မန္တလေးမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားအချို့နှင့် မန္တလေးမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်

Eleven Media Group added 3 new photos. မှ ကူးယူဖော်ပြသည်။
2 hrs ·
Students News: Updated 3 March : 4:45 PM
ကျောင်းသားသပိတ် ပင်မစစ်ကြောင်း၏ တောင်းဆိုချက် ၈ ချက်အား ထောက်ခံကြောင်းနှင့် ကျောင်းသားများအား အကြမ်းဖက်ဖြိုခွဲခြင်းမပြုရန် မန္တလေးမြို့ရှိ ကျုံးနံဘေးတွင် ယနေ့ ၃ နာရီမှ ၄:၁၅ နာရီအထိ မန္တလေးမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားအချို့နှင့် မန္တလေးမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် အာဏာပိုင်အဖွဲ့စည်း များနှင့် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 

၃-၃-၂၀၁၅ နေ့လည်- 2:0 သရနဂုဏ် တင်ကာ နောက်မဆုတ်တမ်း ထိုင်သပိတ် ဆင်နွဲ

Nay Myo Kyaw and Ko Soe shared Ba Thet Aung's post. မှ ကူးယူဖော်ပြသည်။
လက်ရှိ ကျန်ရှိနေတဲ့
(2) နာရီအချိန်မှာ
သရနဂုဏ် တင်ကာ
နောက်မဆုတ်တမ်း
ထိုင်သပိတ် ဆင်နွဲ
ပါမည့်အကြောင်း
ကိုမင်းသွေးသစ်မှ
ပြောကြားခဲ့။
နေပူထဲမှာ။
၃-၃-၂၀၁၅
နေ့လည်- 2:0
2