ဖိတ်ကြားလွှာ
မ​ကွေးမြို့၊ ကပ်​​ကျော်​ပညာပါရမီကုသိုလ်​ပြုအဖွဲ့မှ ၁၃၇၇ခုနှစ်​၊ န​ယုန်​လ္ဆုတ်​(၁၄)ရက်​​​၊ (15.6.2015)တနင်္လာနေ့ နံနက်​(၈း၃၀)နာရီတွင်
မ​ကွေးမြို့ ၊​ကျောက်​ပြစ်​ကုန်းကျေး​ရွာ
ကျောင်းပြင်​ပပညာ​ရေး(NFPE)ကျောင်း၌
စာသင်​​ဘော(ဝှိုက်​ဘုတ်​) ၂ချပ်​ ၊ စာသင်​ခုံ(၁၀)ခုံ​နှင့်​စာ​ရေးကိရိယာတို့ကို
သွား​ရောက်​လှူဒါန်းမည်​ဖြစ်​ပါသည်​။
သို့ပါ၍ ပညာပါရမီ ကုသိုလ်​ပြုအဖွဲ့ဝင်​များနှင့်​ စိတ်​ပါဝင်​စားသူတိုင်းအား
အတူတကွ လှူဒါန်းလိုပါ​သော​ကြောင့်
လေးစားစွာ ဖိတ်​ကြားအပ်​ပါသည်​။
မှတ်​ချက်​။ ။ အဖွဲ့ဝင်​များနှင့်​ စိတ်​ပါဝင်​စားသူတိုင်း နံနက်​ (၆း၃၀)နာရီ၌ အဖွဲ့တည်​ရှိရာသို့ အ​ရောက်​ကြွ​ရောက်​ကြပါရန်​ ​မေတ္တာရပ်​ခံအပ်​ပါသည်​။
ပညာပါရမီ စာကြည့်​တိုက်
ပညာပါရမီ ကုသိုလ်​ပြုအဖွဲ့
ကပ်​​ကျော်​ကမ္ဘာ​အေး
ဝိပဿနာဓမ္မရိပ်​သာ
အောင်​​ဇေယျာရပ်​ ၊ ​မ​ကွေးမြို့ ။
Ph- 09401557922
thitzana.mgy@gmail.com
mgymgy000@gmail.com
www.carpkyaw.blogspot.com
ဘေးကင်းလုံခြုံ လိင်ဆက်ဆံပုံများ
ဘေးကင်း လုံခြုံသော လိင်ဆက်ဆံပုံများ မှာ်
့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်း အားဖြင့် လိင်ဆက်ဆံ မှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင် ရခြင်းကို ကာကွယ် နိုင်ပါတယ်
ဘေးကင်းစိတ်ချရရတဲ့ လိင်ဆက်ဆံမှု အလေ့အထတွေကို ကျင့်သုံးခြင်းအားဖြင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ စိတ်ချရတဲ့ နည်းလမ်းတချို့ ရှိတယ် ဆို ပေမယ့်လည်း ၁၀၀ ရာခိုင်နှုန်းကာကွယ်မှုပေးနိုင်တယ် ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုခြင်းလိုမျိုး ကာကွယ် နည်းတချို့ကို အသုံးပြုတဲ့ အတွက် နောက်ဆက်တွဲဆိုးကျိုး တွေကို အများကြီး လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အသေချာဆုံးနဲ့ စိတ်အချရဆုံးနည်းလမ်းကတော့ လိင် ဆက်ဆံမှုကို ရှောင်ကျဉ်ခြင်း သို့မဟုတ် လုံးဝ မပြုလုပ်ခြင်း ပါပဲ။ ဒါ ပေမယ့် ဒီလမ်းကို အများစုက ရွေးချယ်ကြမှာ မဟုတ်တာ သေချာပါတယ်။ ရောဂါကူးစက်မှုနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရ ခြင်းစတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ လျှော့ချပေးနိုင်တဲ့ နည်းလမ်းတချို့ကို ဒီတပတ်ရဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ အသိပညာပေးအဖြစ် တင်ပြလိုက်ပါတယ်။
ကွန်ဒုံး သုံးပါ။
လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးသုံးပါ။ ကွန်ဒုံး ကို အမျိုးသားတွေပဲ သုံးလေ့ရှိတယ် ဆိုပေမယ့် အခုအချိန်မှာတော့ အမျိုးသမီး သုံး ကွန်ဒုံးတွေလဲရှိလာတဲ့ အတွက် အမျိုးသမီးတွေလည်း အသုံးပြုနိုင်ပါတယ်။ ကွန်ဒုံးက ရေလုံလေလုံတဲ့ အတွက် ဗိုင်းရပ်စ် ပိုးတွေ ကိုယ်ခန္ဓာထဲ မ၀င်ရောက်နိုင်အောင်တားဆီး ပေးနိုင်ပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆက်ဆံသူ ၂ ဦးကြားမှာ ကိုယ်ခန္ဓာ အရည်များ ကူးစက် ပျံ့ နှံ့ မှု မရှိအောင် ကာကွယ်ထားတဲ့ အတွက် စနစ်တကျ အသုံးပြုမယ်ဆိုရင် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ၉၈ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်ပါတယ်။
တလင်တမယား စနစ်ကျင့်သုံးပါ။
တလင်တမယား စနစ် သို့ မဟုတ် မိမိရဲ့လိင်ဆက်ဆံဖက်ကို သတ်သတ်မှတ်မှတ် ထားရှိခြင်းကလည်း လိင်ဆက်ဆံမှု ကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ၂ ယောက်လုံး ဟာရောဂါကင်းစင်သူတွေ ဖြစ်ရပါမယ်။ ဒါကြောင့် မိမိ အဖော်ရဲ့ လိင်မှုဆိုင်ရာ နောက် ခံ သမိုင်းကြောင်း ကို သိထားရမှာဖြစ်ပြီးတော့ တယောက်နဲ့ တယောက်လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်း အားဖြင့် ဆိုး ကျိုးတွေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂ ယောက်လုံးက တယောက်ကို တယောက်ကာကွယ်ပေးဖို့ လိုအပ်တယ်ဆိုတာ သိနားလည်ထားရင် ပိုကောင်းပါတယ်။
ပဋိသန္ဓေတားဆေးသောက်ပါ (သို့မဟုတ်) အမျိုးသမီး သားအိမ်တွင်းထည့် ပစ္စည်းများ (IUDs)ကို အသုံးပြုပါ။
ပဋိသန္ဓေ တားဆေး သောက်ခြင်းနဲ့ သားအိမ်တွင်းမှာထည့်ထားရတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းက မလိုချင်တဲ့ ကိုယ် ၀န်ကို တားဆီးပေးနိုင်ပေမယ့် ရောဂါကူးစက်မှု ကနေကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ Spermicidal ခေါ်တဲ့ သုက်ပိုး သေဆေးကလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် မိမိဟာ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါ ရှိနိုင်တယ်လို့ ယူဆရင် ကွန်ဒုံးလို အကာအကွယ်ကိုလည်း အသုံးပြုရမှာ ဖြစ်ပါတယ်။
အရက်နဲ့ မူးယစ်ဆေးကိုရှောင်ပါ။
လိင်ဆက်ဆံမှုနဲ့ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးကို မရောယှက်မိပါစေနဲ့။ လိင်ဆက်ဆံမှု မပြုမီ သို့ မဟုတ် လိင် ဆက်ဆံနေ စဉ်မှာ အရက် နဲ့ မူးယစ်ဆေးကို ရှောင်ရှားသင့်ပါတယ်။ အဲဒီ အရာတွေက စဉ်းစားဆင်ခြင်နိုင်မှုကို အတား အဆီးဖြစ်စေပါတယ်။ ကိုယ်ခံအား စနစ်ကို အားနည်းစေပါတယ်။ မလုပ်သင့်တာတွေကို လုပ်မိတတ်စေပါတယ်။ ပါတီပွဲ လိုမျိုးမှာ သောက်စားပျော်ပါးမှုကနေ မုဒိန်းမှုဖြစ်တာ၊ မလိုချင်တဲ့ ကိုယ်ဝန်ရလာတာ၊ လိင်ဆက်ဆံမှု ကြောင့် ကူးစက် တတ်တဲ့ ရောဂါတွေရလာတာတွေ ဖြစ်လာစေနိုင်ပါတယ်။ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။
ကျန်းမာရေး စစ်ဆေးမှုကို မှန်မှန်ပြုလုပ်ပါ။
လိင်ဆက်ဆံဖော် များတဲ့ သူတယောက်ဟာ ဘာရောဂါ လက္ခဏာမှ ပြသခြင်းမရှိရင်တောင် ဆေးစစ်တာကို ပုံမှန် လုပ်သင့် ပါတယ်။ ဒါမှလည်း ရောဂါကူးစက်ခံရပြီ ဆိုရင် မြန်မြန်ဆန်ဆန် ကုသနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန် နဲ့ တိုင်ပင်ပါ။ ကုသဖို့ လိုအပ်ရင် ကုသမှုခံယူပါ။ ပြီးရင် ကိုယ့်ရဲ့ အဖော်ကို ဖွင့်ပြောပြပါ။ ဒါမှ သူလည်း စစ်ဆေး ကုသနိုင် မှာ ဖြစ်ပါတယ်။ ဆရာဝန်က ခွင့်ပြုချက် မပေးမချင်း ဘယ်သူနဲ့မှ လိင်ဆက်ဆံမှုမလုပ်ပါနဲ့။
ကျား/မ လိင် အင်္ဂါ အတုများ အသုံးပြုမယ်ဆိုရင်ဘာတွေ လုပ်ဖို့လိုလဲ။
ဒီလို ပစ္စည်းတွေ အသုံးပြုတဲ့ နေရာမှာလည်း စနစ်တကျသန့်ရှင်းအောင် မထားဘူးဆိုရင် လူသားတယောက်နဲ့ ဆက်ဆံ တာထက်တောင်ပိုပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အဲဒါတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တဦးတည်း သီးသီးသန့်သန့် သုံးပါ။ ဖြစ်နိုင်ရင် ကွန်ဒုံးစွပ်ပြီး အသုံးပြုပါ။ တခြားသူ သုံးပြီးသားတွေ မသုံးပါနဲ့။
လိင်ကိစ္စ ဆိုတာ လိင်ဆက်ဆံခြင်းထက်ပိုပါတယ်။
လိင်မှု ကိစ္စဆိုတာကို အဓိပ္ပါယ် အများကြီးဖွင့်လိုရပါတယ်။ လူသား ၂ယောက် လိင်ဆက်ဆံခြင်း တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှု မပြုလုပ်ပေမယ့် စိတ်ကျေနပ် နှစ်သိမ့်မှုကို ရှိနိုင်ပြီး ဘေးကင်းတဲ့ နည်းလမ်းတွေ လည်း ရှိပါတယ်။ ကိုယ်ခန္ဓာချင်း ထိတွေ့ပွတ်သပ်ခြင်း၊ အပြန်အလှန် စိတ်ဖြေ ဖျောက်မှုပြုလုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း တွေက ကျေနပ်သာယာမှုကို ရနိုင်သလို လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရခြင်းတွေကို အနည်းဆုံး အထိလျှော့ချပေး နိုင်ပါ တယ်။
Source: onlymyhealth.com
ဒေါ်နုနုဝါ-ကျန်းမာရေး(မကွေး)
နောက်ဘီးကျွံကျ၍ တံတားကျိုးကျ ပျက်စီးသွားသဖြင့် ယာဉ်မောင်းအား အမှုဖွင့်အရေးယူ
*efYa*g     ZGef     15
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် (၆း၁၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ်၊ ရွာစည်ကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၁၂/၅ နှင့် ၁၁၂/၆ အကြား ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ တံတားအမှတ် (၃/၁၁၃) မဖေးတံတား၊ (သံဘေလီပျဉ်ခင်း)အလျား ၄ဝ ပေ အကျယ် ၁၃ပေရှိ တံတားပေါ် တွင် မုံရွာမြို့မှ တမူးမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျွဲတဲကျေးရွာ နေ ငြိမ်းစိုး၊ (၂၉)နှစ်မောင်းနှင် သည့် ယာဉ်အမှတ်၊ ၉ခ/၈၃၇၅ Nissa အမျိုးအစား ၁ဝ ဘီးယာဉ်သည် ကွမ်းသီးအိတ် ၃၄၅ အိတ်၊ ခြင်ဆေးခွေဖာ ၂ဝဝ ခန့်၊ ယာဉ်တန်ချိန် ၁ဝ.၅ တန်၊ ကုန် တန်ချိန် ၂၈.၅ တန်၊ စုစုပေါင်း ယာဉ်+ကုန်တန်ချိန် ၃၉ တန်ဖြင့် သယ်ဆောင်မောင်းနှင်လာရာ မဖေးတံတားပေါ် ဖြတ်သန်း စဉ် နောက်ဘီးကျွံကျ၍ တံတားကျိုးကျကာ ပျက်စီးသွားသဖြင့် တံတားဆုံးရှုံးမှုတန်ဘိုး (18)odef;ausmfဆုံးရှုံး ခဲ့ကြောင်းသိရှိရသည်။       ယာဉ်မောင်း ငြိမ်းစိုးအား အရေးယူပေးရန် ၁၄.၆.၂ဝ၁၅ ရက်နေ့တွင် အငယ်တန်း အင်ဂျင်နီယာ
မြို့ပြ အဆင့်-၂၊ ဦးသိန်းကျော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဂန့်ဂေါမြို့နယ်၊မြို့မရဲစခန်း(ပ) ၆၂/ ၂ဝ၁၅ ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
သန်နိုင်ဦး(ငဖဲ)
မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံး ပွင့်ဖြူမြို့နယ် ရရှိ
ပွင့်ဖြူ     ဇွန်     ၁၁
၂၀၁၅-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန် ၆ ရက်နေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာပေးခဲ့ရာ မကွေးတိုင်းေးသကြီး ပွင့်ဖြူမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၂၀၅၃ ဦးရှိသည့်အနက် အောင်မြင်သူ ၁၁၀၀ ဦးပြီး အောင်ချက်ရာခိုင်နှုန်း( ၅၃.၅၈)ဖြစ်ကြောင်း သိရသည်။
ဂုဏ်ထူးရရှိအောင်မြင်သူများမှာ ၅ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊၄ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊၂ ဘာသာဂုဏ်ထူးရှင် ၅၁ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၃၈ ဦး ဖြစ်ပြီး စုစုပေါင်း ၂၄၆ ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီိးအတွင်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံး ဖြစ်သည့်အပြင် တိုင်းဒေသကြီး အခြေခံပညာအထက်တန်းကျောင်းများ တွင် ပွင့်ဖြူမြို့နယ်မှ အထက(ကျောင်းတော်ရာ)သည် (၆၄.၄၅)ရာခိုင်နှုန်းဖြင့် အောင်ချက်အ ကောင်းဆုံးဖြစ်ကာ တိုင်းဒေသကြီးနှင့်မြို့နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့ပြီး ပွင့်ဖြူမြို့နယ်တွင်၂၀၁၁ ခုနှစ်မှ၂၀၁၅ ခုနှစ် (၅)နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အမြင့်မားဆုံး ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
မင်းဘူးမြို့ပေါ်တွင် ရွှေဧရာစတိုးဆိုင်မှာ လူတစ်ဦး ဓါတ်လိုက် သေဆုံး
မင်းဘူး     ဇွန်     ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးခရိုင်ဆေးရုံကြီးတွင် ဓါတ်လိုက်သေဆုံးသော အမျိုးသား (၁)ဦး ရောက်ရှိနေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ သက်သေများ နှင့် အတူ သွားရောက် စစ်ဆေးရာ ၀က်လက်မြို့နယ်၊ နှမ်းကြီးကျေးရွာနေသူ ရွှေသိုက်ကုမ္ပဏီ သံပန်းစင် လုပ်သား ချစ်ကောင်း (၂၂)နှစ်သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းဘူး-စကု ကားလမ်းဘေးရှိ ရွှေဧရာမိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် အရောင်းဆိုင်ရှိ ဈေးဆိုင်ဆိုင်းဘုတ်အား ကုမ္ပဏီ၏ တာဝန်ပေးချက်အရ ပြုပြင်စဉ် အမြင့်(၁၅)ပေရှိ သံစင်ပေါ်တက်၍ ဖောက်စက်အသုံးပြုရန် ရွှေဧရာဆိုင် အတွင်းရှိ ၀ါယာမှ Extension ကြိုးဖြင့် လျှပ်စစ်မီးအား ဖောက်ယူသုံးစွဲရာတွင် ကြိုးအား မီးတိတ်ပတ် ထားခြင်း မရှိသဖြင့် သွပ်မိုးနှင့်ထိ၍ လျှပ်စီး ၀င်ကာဓါတ်လိုက်ပြီး သံစင်အောက်(၂)ပေခန့် နိမ့်သည့် ဆိုင်ခေါင်မိုးပေါ်သို့ ပြုတ်ကျသေဆုံးကြောင်း စစ်ဆေးသိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေတခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
တောင်တွင်းကြီးမြို့နယ်တွင် မိမိကိုယ်ကို သေကြောင်း ကြံစည်သူကို အရေးယူ
တောင်တွင်းကြီး     ဇွန်      ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍ ရောက်ရှိဆေးကုသမှု ခံယူလျက် ရှိကြောင်း ဖုန်းဖြင့် အကြောင်း ကြားချက်အရ သွားရောက်စစ်ဆေးရာ တောင်တွင်းကြီးမြို့နယ်၊ ငွေဘိုကျေးရွာနေသူ မလှလေး(၃၈)နှစ် သည် ၎င်း၏ မိသားစုနှင့် အဆင်မပြေသဖြင့် စိတ်ညစ်၍ `မာလာမြိုင်ဆိုက်ဘာ´ ရွက်ဖျန်းပိုးသတ်ဆေး အား သောက်ပြီး မူးဝေအော့အန်နေသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း စစ်ဆေး သိရှိရသဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သူ မလှလေးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၃၅/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
မကွေးမြို့ပေါ်တွင် မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးမှုဖြင့် အရေးယူ
မကွေး     ဇွန်      ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ည(၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုအများဆုံး ဖြစ်ပွားသည့် မကွေးမြို့၊ ရွှေညောင် (၁)ရပ်၊ ကမ်းနားလမ်းဘေး၌ လှည့်ကင်းဆောင်ရွက်စဉ် ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ကျေးရွာ နေသူ များဖြစ်သော ၀င်းစိုး (၄၄)နှစ်၊ ထွန်းလင်းဝေ (၂၆)နှစ်နှင့် မျိုးမင်းသက် (၂၁)နှစ်တို့ (၃)ဦး စီးနင်း လာသော ၃၄ယ/၁၅၁၄၁၉ YUNDE100 အနက်ရောင် ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေး ရာ ဆိုင်ကယ်ပေါ်ပါ ထွန်းလင်းဝေ၏ ခါးကြားတွင် အရိုး(၄)လက်မ၊ အသွား(၈)လက်မခန့်ရှိ သစ်သား ရိုးတပ် ဓါးမြှောင်တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိပြီး ယင်းဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းတို့ (၃) ဦးမှ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အား နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မင်္ကာ၍ ၀င်းစိုးပါ(၃)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၁၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း၊ တရားမ၀င် ဓါးကိုင်ဆောင်သူ ထွန်းလင်းဝေအား မကွေးမြို့မရဲစခန်း (ပ)၂၁၆/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
အောင်လံမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
အောင်လံ     ဇွန်     ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သမ္ဘူလ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လှံတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းအေးမှ ကြက်သွန်ခင်းကျေးရွာတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံးကြောင်း တယ်လီ ဖုန်းဖြင့် သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာ ကြက်သွန်ခင်းကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ မသင်းသင်းလှိုင် (၂၁)နှစ် သည် ၁၀.၆. ၂၀၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ၎င်း၏ နေအိမ် အောက်ထပ် ထုတ်တန်းတွင် ပလပ်စတစ်နွားချည်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း စစ်ဆေးသိရှိရ သဖြင့် ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အတွက် အောင်လံ မြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
မြို့သစ်ဇွန်(၈)ရက် ၂၀၁၅ခုနှစ်သီးနှံထုပ်လုပ်မှု့ဘဏ်ချေးငွေထုတ်ယွှူရန်တောင်သူများအခက်တွေ့ကြုံနေရ
၂၀၁၅ခုနှစ်သီးနှံထုပ်လုပ်မှု့ဘဏ်ချေးငွေထုတ်ယူ
ွှရန်တောင်သူများအခက်တွေ့ကြုံနေရ
မကွေးခရိုင်မြို့သစ်မြို့တွင်လည်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြိးဌာနမြန်မာလယ်ယာဖွံ့ဖြိုးရေး
ဘဏ်မှ၂၀၁၅ခုနှစ်မိုးရာသီသိးနှံထုတ်လုပ်မှု့ဘဏ်ချေးငွေများကိုထုတ်ယူရန်ကျနော်တို့တောင်သူတွေ
အခက်တွေနေတယ်နှစ်ပေါင်း  ၁၅နှစ်   နှစ်၂၀  နှစ်၃၀လယ်မြေအဖြစ်လုပ်ကိုင်ခဲ့တဲ့လယ်တွေကို
ပုံစံ(၇)မှာယာပေါ်တယ်ဆိုပြိးလယ်အဖြစ်မချေးဌားပဲ
ယာအတွက်ခြေးမှာဆိုတော့တစ်ဧက ၂၀၀၀၀ိပဲရ
မှာအဆင်မပြေဘူးယခင်နှစ်တွေကတော့လယ်အ
ဖြစ်ချေးပေးတော့အဆင်ပြေတယ်အခုနှစ်ကျတော့
စိုက်ပျိုးစာရိတ်ခြေးငွေကိုမြန်မာဖွံ့ဖြိုးဘဏ်ရုံးချူပ်မှ
၁၁ ၅ ၂၀၁၅ ရက်စွဲပါစာအမှတ်-နစ-၁/၆၈၅(၂၀၁၅)
ညွန်ကြားချက်အရဆိုပြိးပုံစံ(၇)ပါသတ်မှတ်ချက်အတိုင်းသာထုတ်ချေးမှာဖြစ်တယ်လို့မြိုနယ်ဘဏ်မန်
နေဂျာဦးတင်ဌေးအောင်ကလည်းတောင်သူတွေကို
ရှင်းပြပါတယ်ဟုဘုရားကြိးရပ်ကွက်တောင်သူ
ကိုဇော်ဝင်းသိန်းကပြေားပါတယ်၊။
သိးပင်ကျေးရွာမှတောင်သူကိုမောင်သိန်းကတော
တစ်မြို့နယ်လုံးနောင်သူတွေကအခုမှလယ်ဖြစ်တာ
မဟုတ်ဘူး မဆလခေတ်မှာစပါးခွဲတမ်းတွေပေးရ
တယ်ရေခွန်မြေခွန်ပေးရတယ် နဝတ  နအဖ
မှာတောင်ယာတွေကိုလယ်လုပ်ရမယ်မလုပ်ရင်
လယ်သိမ်းမယ်အရေးယူမယ်ဆိုလို့နောက်ထပ်ယာ
တွေလယ်လုပ်ရတယ်ကျနော်တှိုလယ်တွေဘာ
ကြောင့်ပုံစံ ၇မှာဘာကြောင့်ယာပေါနေတာလည်း
ဟုမြေစာရင်းကိုမေးတော့(၂၀၁၀)မြေပုံအရလို့ဖြေ
တယ်တာဝန်ရှိလူကြိးမင်းတွေတောင်သူတွေဆင်းရဲမွဲတေမှု့မဖြစ်အောင်အမှန်တစ်ကယ်မြေပြင်ကွင်း
ဆင်းစစ်ဆေးပြီးလယ်သမားဘဝစာနာမှုပေးကာ
ချေးငွေအပြည့်ပေးစေချင်ကြောင်းပြောပါသည်
အထွေထွေအုပ်ချုပ်ရေးမှူးသို့ဖုန်းဖြင်းဆက်သွယ်
မေးမြန်းရာမြို့နယ်စိုက်ပျိုးဘဏ်သို့ဆက်သွယ်မေး
မြန်းရန်ပြန်လည်ဖြေကြားပြီးစိုင်ပျိုးဘဏ်မန်နေဂျာ
ဦးတင်ဌေးအောင်သို့ထပ်မံမေးမြန်းရာယခုနှစ်တွင်
ညွှန်ကြားခိက်အတိုင်းသာချေးငှားပေးမည်ဖြစ်
ကြောင်းမြေလတ်မီဒီယာသို့အတည်ပြုပြောကြား
သည်။
အောင်ကျော်(မြို့သစ်)
တရားမဝင် ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချသူအား အမှုဖွင့်အရေးယူ
မင်းဘူး     ဇွန်     ၁၃
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၄၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စကုမြို့ စည်ပင်သာယာဈေးအတွင်း တရားမဝင် ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။
 စကုမြို့၊ အမှတ်(၂)၊ အောင်သုခရပ်နေ မရီဝင်း(၄၁)နှစ်သည် ဈေးအတွင်းလမ်းဘေးတွင် ဆင်ဆာမဲ့ ဗွီဒီယိုခွေများရောင်းချနေပြီး ဆင်ဆာမဲ့နိုင်ငံခြား ဇာတ်လမ်းခွေ (၂၅ဝ)ခွေ၊ ဆင်ဆာမဲ့မြန်မာ ဇာတ်လမ်း ခွေ (၂၄ဝ)ခွေ၊ ဆင်ဆာမဲ့ မြန်မာအငြိမ့်ခွေ(၁ဝ)ခွေ စုစုပေါင်း(၅ဝဝ)ခွေ(တန်ဘိုး ၁၂၅ဝဝဝိ/-)နှင့် ဆင်ဆာမဲ့ခွေ များရောင်းရငွေ ၄၁၅ဝိ/-အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမဝင် ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချသူ မရီဝင်းအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၈၉/၂ဝ၁၅၊ ရုပ်မြင် သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 
သန်းနိုင်ဦး(ငဖဲ)
မင်းဘူးမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင် သေဆုံးနေ
မင်းဘူး     ဇွန်     ၁၄
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ အောက်ကျောင်းကျေးရွာတွင် အမျိုးသား တစ်ဦး ၎င်းနေအိမ် တွင် သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ မှာ အောက်ကျောင်းကျေးရွာနေသူ ဦးခင်မောင်ချို (၆၁)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ နေ အိမ်လှေကားထိပ်တွင် ခြေထောက် နှစ်ချောင်းမှာ လှေကားထစ်ပေါ် တင်လျှက် ကိုယ်ခန္ဓာမှာကြမ်းပြင်ပေါ် တွင် တုံးလုံးအနေအထားဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဦးခင်မောင်ချို သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စိစစ်နိုင်ပါရန် မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
ညအချိန် မီးမပါဘဲမောင်းနှင်လာသော ဆိုင်ကယ်မှ လမ်းလွှဲဆိုင်းဘုတ်အား တိုက်မိ ဒဏ်ရာရ
မြိုင်     ဇွန်     ၁၄
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ည (၈း၁၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၃၆/၇ နှင့် ၃၇) အကြား၊ ပူတွင်းကျေးရွာအနီး တံတားတည်ဆောက်နေသည့် နေရာ၌ ဆိုင်ကယ်တိမ်းမှောက် မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်းအတိုင်း ရေစကြို မြို့နယ်၊ ကုကိ္ကုစု ကျေးရွာဘက်မှ မြိုင်မြို့နယ်၊ ပူတွင်းကျေးရွာဘက်သို့ ရေစကြိုမြို့နယ်၊ ကုက်္ကိုစုကျေးရွာနေ သူ သောင်းစု (၂၃)နှစ် စီးနင်းမောင်းနှင်သော ၂၅ယ/xxxxx ZONGSHEN-110 အနက်ရောင် ဆိုင်ကယ်သည် မီးမပါဘဲ တစ်ဦးတည်း မောင်းနှင်လာစဉ် တံတားအသစ် တည်ဆောက်နေ၍ လမ်း လွှဲပြုလုပ်ထားသည့် ဆောက်လုပ်ရေး ဆိုင်းဘုတ်အား ၀င်ရောက် တိုက်မိခဲ့သဖြင့် သောင်းစုတွင် အပြင်း အထန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သောင်းစုအား မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အရေးယူဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
ပေါက်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်အလွန်အကျွံသောက်ကာ အအေးပတ်သေဆုံး ပေါက
ပေါက်မြို့နယ်တွင် အမျိုးသားတစ်ဦး အရက်အလွန်အကျွံသောက်ကာ အအေးပတ်သေဆုံး
ပေါက်     ဇွန်     ၁၄
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ၊ပေါက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်     ပေါက်မြို့၊ စည်ပင်သာယာ ပန်းခြံအတွင်း ထိုင်ခုံပေါ်တွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပေါက်မြို့၊ အောင်တံခွန် ရပ်ကွက်နေ သူ မောင်မိုး(၄၅)နှစ် မှာ အရက်အလွန်အကျွံ သောက်စားပြီး ပန်းခြံအတွင်း ၀င်ရောက်အိပ်ရာမှ အအေး ပတ်၍ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် မောင်မိုး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် သိရှိနိုင်ရန် ပေါက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုရေး ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)