တက္ကသိုလ်ကျောင်းသူ ကိုယ်ဝန်ဖျက်ချသေဆုံးခဲ့မှုနှင့်ပက်သက်၍ ပါဝင်ပက်သက်သူ(၃)ဦးအား တိုင်ကြားအမှုဖွင့်



မကွေးမြို့၌ တက္ကသိုလ်ကျောင်းသူတစ်ဦးကိုယ်ဝန်ဖျက်ချရာမှသေဆုံးခဲ့မှုနှင့်ပက်သက်၍ ပါဝင်ပတ်သတ်
သော လူ(၃)ဦးအား မကွေးနယ်မြေရဲစခန်းမှ သြဂုတ်(၉)ရက်နေ့တွင်အမှုဖွင့်ထားကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ သြဂုတ်(၈)ရက်နေ့ ည(၈)နာရီမိနစ်(၄၀)အချိန်က မကွေးနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းဇော်လွင်
သည် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် မကွေးပြည်သူ့ဆေးရုံကြီး၌ အမျိုးသမီးတစ်ဦးသေဆုံးလျှက်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ မ---------၊အသက်(၁၈)နှစ်၊ဒုတိယနှစ်(သင်္ချာ)၊မကွေးတက္ကသိုလ် ၊----------ကျေးရွာ၊
မကွေးမြို့နယ်နေသူဖြစ်ပြီး ပါးစပ်မှအမြုပ်များထွက်ကာ မိန်းမအင်္ဂါမှသွေးများထွက်လျှက် သေဆုံးနေသည်
ကိုစစ်ဆေးတွေ့ရှိရသဖြင့် ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည့် သုံးဘီးယာဉ်မောင်း ကျော်ကျော်သိုက်
(ခ)ကျောက်သိုက်အား မေးမြန်းရာ ၎င်းသည် သြဂုတ်(၈)ရက်နေ့ ည(၇)နာရီအချိန်က မကွေးမြို့
၊မြို့ပတ်လမ်း၊ နှိုင်းမရ လက်ဘက်ရည်ဆိုင်ရှေ့တွင်ရှိနေစဉ် အမည်မသိ၊အသက်(၂၀)နှစ်ခန့် လူငယ်(၂)ဦးရောက်ရှိလာပြီး လူနာ(၁)ဦးအားဆေးရုံသို့ပို့ရန်ဌားသဖြင့်လိုက်သွားခဲ့ကြောင်း၊ မကွေးမြို့၊အောင်မင်္ဂလာ ရပ်ကွက်၊(၈)လမ်းနေ မယဉ်နုထွေး(ခ)မနီနီဝင်း၊အသက်(၃၁)နှစ်၏နေ
အိမ်ရှေ့တွင်ရပ်ကာ ၎င်းနေအိမ်အတွင်းမှ သတိလစ်နေသောအမျိုးသမီး(၁)ဦးအား လူငယ်(၂)ဦးအနက် (၁)ဦးမှ သုံးဘီးပေါ်သို့ပွေ့တင်ကာ လူငယ်(၁)ဦး နှင့် မယဉ်နုထွေး(ခ)မနီနီဝင်းတို့မှာ သုံးဘီးဆိုင်ကယ်ဖြင့်
လိုက်ပါ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ကျန်လူငယ်(၁)ဦးမှာ ဆိုင်ကယ်ဖြင့်နောက်မှလိုက်လာခဲ့ကြောင်း၊ဆေးရုံသို့ရောက်ရှိပြီးနောက် တာဝန်ကျဆရာဝန်မှ လူနာသေဆုံးနေပြီဖြစ်ကြောင်း ပြောကြားစဉ် မယဉ်နုထွေး(ခ)မနီနီဝင်းနှင့်လူငယ်(၂)ဦးတို့မှာ ဆိုင်ကယ်ဖြင့်ရှောင်ထွက်သွားသည်ကိုတွေ့ရကြောင်း စစ်ဆေးသိရှိခဲ့သည့်အပြင် တာဝန်ကျဆရာဝန်၏ပြောကြားချက်အရ မ--------သေဆုံးခြင်းမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးလွန်သေဆုံးသည့်လက္ခဏာဖြစ်နိုင်ကြောင်းပြောပြသိရှိခဲ့သည်ဆို၏ ။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကိုယ်ဝန်ပျက်ကျစေရန်အကြံဖြင့်ကိုယ်ဝန်ဆောင်မိန်းမအားမဆင်မခြင်ပေါ့လျော့
စွာ ကိုယ်ဝန်ဖျက်ချပေး၍ လူကိုသေစေသူ မယဉ်နုထွေး(ခ) မနီနီဝင်းနှင့်အမည်မသိလူငယ်(၂)ဦးတို့အား
အရေးယူပေးရန် သြဂုတ်(၉)ရက်နေ့တွင် ရဲအုပ်ဝင်းဇော်လွင်မှ တရားလိုပြု လုပ်တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊မကွေးနယ်မြေရဲစခန်းမှ (ပ)၁၃၁၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၁၄/၁၁၄ ဖြင့်
အမှုဖွင့်ထားကြောင်းသိရသည်။
မြေလတ်လင်းယုန်
 

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၂)၊ ဂျာနယ်ကို သြဂုတ် ၁၃ ရက်၊ စနေနေ့ ဖြန့်ချိပါမည်။




မြေလတ်ဂျာနယ်၊ ၂၀၁၆၊ သြဂုတ်လ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၂)၊  ဂျာနယ်ကို သြဂုတ် ၁၃ ရက်၊ စနေနေ့ ဖြန့်ချိပါမည်။

          အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။
မြေလတ်ဂျာနယ်သည်  နယ်ကိုယ်စားလှယ်များနှင့် ဒေသခံသတင်းထောက်(မန်ဘာ)များ၏ အမှာစာ စောင်ရေအတိုင်းသာ ပုံမှန် ရိုက်နှိပ်ဖြန့်ချိပေးပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။

ရုံး ။   ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
ဖြန့်ချိရေး၊ နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈ / ဧသုချို- ၄၃၀၁၀၅၀၆

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇