Pages

Wednesday, June 3, 2009

လူစစ်စစ်မှ နှားခေါင်းကြိုးထိုးခံကြရသူများ

လူစစ်စစ်မှ နှာခေါင်းကြိုးထိုးခံကြရသူများ..

ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

* လောကထဲက ဘဝ
ဘ၀ထဲက ဝေဒနာ
အငို၊ အရီ်၊ ပင့်သက်တွေနဲ့
ဖြစ်ချင်တာရယ်၊ မဖြစ်ချင်တာရယ်
ချစ်တာရယ်၊ မုန်းတာရယ်
ချစ်တာလည်းမဟုတ်၊ မုန်းတာလည်းမဟုတ်
ဥပက္ခာအဖြေကို၊ ပု စ္ဆာဖွဲ့ရရင်
ဒုက္ခဟာ၊ ဒုက္ခပါပဲ…။

* ဒုက္ခကို အရောင်ဆိုးကြတော့
လောကထဲမှာ ပြိုးပြိုးပျက်ပျက်
မြိုးမြိုးမျက်မျက် ၀တ်ရစားရ
နေရ၊ ထိုင်ရမှ ကြေနပ်ကြသတဲ့….။

* ဆင်းရဲ မွဲတေနေသူတွေရော
လက်ရှိအာဏာ၊ ငွေအသပြာ၊
ဂုဏ်ပါဝါတွေ ပြည့်စုံနေကြသူတွေရော
ဘယ်သောအခါမှ အလိုပြည့်ကြသည် မရှိကြပါ…။

* ဟိုနေ့ ဒီနေ့ မနက်ဖြန်ကောင်းနိုးနိုး
အကြောင်း အကျိုး မဆင်ချင်မိလို့သာ
သြော်..ဒါပေမဲ့ အချိန်တန်တော့
မရဏ သေမင်းရဲ့ နှာခေါင်းကြိုးထိုးသက်တမ်းဟာ
ဘာလိုလိုနဲ့.. တစ်နှစ်သက်တမ်းတိုးပြန်ပါပြီတကား…..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၎-၆-၂၀၀၉ နံနက်(၅)နာရီ ။့

2 comments:

  1. သက်တမ်းတွေက အချိန်နဲ့အမျှတိုးနေတာပါပဲလေ..။
    ဒီနေ့မွေးနေ့လားဗျ...။

    ReplyDelete
  2. ရွှေလမ်းငွေလမ်းဝင်းကြည်
    အချိန်နဲ့အမျှတိုးနေတဲ့ မွေးသေ (စိတ်ဖြစ်ပျက်)ကို မမြင်ကြတဲ့ အာဏာရှင်တွေကို ရည်ရွယ်ပါသည်။
    ပြုသူ ခံရသူ နှစ်ဦးလုံးဟာ သေမင်း နှာခေါင်းကြိုးထိုးပြီးသားတွေပါ..။မသေခင် အပစ်မမြင်၍ချစ်ခင်ကြစေချင်ပါသည်..ခင်ဗျား..။
    အားလုံးအတွက်နေ့တိုင်းမွေးနေ့၊ သေနေ့တွေပါနော်။

    ReplyDelete