Pages

Saturday, November 14, 2009

ဖြတ်ညှပ်ကပ်သတင်းသမား တစ်ဦးကြောင့်


ဖြတ်ညှပ်ကပ် သတင်းသမား ငါးခုံးမတစ်ကောင်ကြောင့်
သတင်းလောက တစ်လှေလုံး အပုပ်မခံနိုင်ပါ…။
သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၂၁)ရက်။

တစ်လောက ဈေးကွက်ဂျာနယ်မှာ ဆရာကျွန်းသားငမန်းမှရခိုင်ကဈေးကွက်သတင်းတွေကို ကော်ပီကူးချတဲ့သတင်းသမားတစ်ဦးကြောင့် အညာမြေလတ်သတင်းသမားများကို ၀ါးလုံးရှည်နဲ့ ကလော်ခံလိုက်ရပါတယ်။
ယခုလဲ ဒီပုံကိုကြည့်ပါ အဝေးကမြင်နိုင်ပါတယ်။ (မကွေးမြို့မဈေး ကမ်းနားလမ်း သင်္ဘောဆိပ်အနီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကို ပြုပြင်စဉ်) စာသားနဲ့ သတင်းဓာတ်ပုံမှားကြီးကို ဖော်ပြပေးထားပါတယ်။သတင်းအချက်အလက် ခိုင်လုံသောအကြောင်းအရာလဲ မပါပါဘူး။ သတင်းဓာတ်ပုံမှာ မကွေးကမ်းနားလမ်း လုံးဝမဟုတ်ပါ။ မကွေကမ်းနားလမ်း ရေကာတာ ကျောက်ရိုးကြီးကို (မ-ဆ-လ)ခေတ်ကတည်းက အခိုင်အမာတည်ဆောက် ခဲ့ပါတယ်။ ဧရာဝတီတံတား(မကွေး)တည်ဆောက်စဉ်ကလဲ ထပ်မံပြုပြင် အလှဆင်ထားပါတယ်။ ဘယ်သဘာဝ ဘေးအန္တရာယ်မှ ယနေ့အထိ မကျရောက် မပြိုပျက်ခဲ့ပါ။ ကျွန်တော်နှင့်တကွ စာဖတ်သူများမှာ ဒီဂျာနယ်၊ ဒီသတင်းမှား ဓာတ်ပုံကြီးကိုမြင်တွေ့လိုက်ရတာ များစွာစိတ်ထိခိုက်ကြရပါတယ်။ သာယာလှပနေတဲ့ ဆိပ်ကမ်းသာ မကွေးမြို့ရဲ့ကမ်းနားလမ်းကို ယခုလိုအနိဌာရုံ မဟုတ်မမှန်သတင်းမှားကြီး အတွက် မည်သူမှာတာဝန်ရှိပါသနည်း…။ ဒီသတင်း တစ်ပုဒ်ရေးလို့စာမူခငွေ(၃၀၀၀ိ)(၅၀၀၀)ကျပ် ရရှိရေးအတွက်ကိုသာဦးတည်ပြီး သတင်းဖြစ်အောင် ဖြတ်ညှပ်ကပ် ကော်ပီကူးချ ရေးသားနေတဲ့ သတင်းသမားများ ကို သက်ဆိုင်ရာမှ ထိရောက်စွာ ဖော်ထုတ် ရှင်းလင်းသင့်ပါပြီ…။

၂၂-၁၀-၀၉ နေ့မှာ ၎င်းသတင်းဓာတ်ပုံအတွက် နေလင်း(မကွေး) အား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး၍ကာယကံရှင်မှ မှားယွင်းစွာဖော်ပြမိပါကြောင်းဝန်ခံဂတိလက်မှတ် ရေးထိုးပေးထားရကြောင်း ကြားသိရပါတယ်ခင်ဗျာ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၄-၁၁-၂၀၀၉ ခု၊ ည(၈း၃၀)နာရီ တင်၏။

2 comments:

  1. အဲလိုဖြစ်သွားတာလား။ သတင်းမှားအတွက် စိတ်မကောင်းပါဘူးရှင်။ ဓါတုဗေဒအထူးနဲ့ မကွေးတက္ကသိုလ်မှာ ကျောင်းတက်ဖူးတော့ အဲဒီနေရာတွေကို ကောင်းကောင်းသိပါတယ်။

    ReplyDelete
  2. ဘယ်ကဓါတ်ပုံကိုများ အလွယ်တကူတင်လိုက်ပါလိမ့်။ မသိသူအနည်းငယ်ကိုသာညာလို့ ရပေမယ့် ဒေသခံလူ တွေကိုတော့ဘယ်လိုညာလို့ ရမှာလဲ။ စိတ်မကောင်းပါဘူး ဦးရေ။ မကွေးမြို့ အလှကိုသည် သတင်းတစ်ပုဒ်က ပျက်စီးသွားစေတာပေါ့။

    ReplyDelete