Pages

Tuesday, June 29, 2010

မကွေးမြို့ နယ် စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ




မကွေးမြို့ နယ် စာနယ်ဇင်းအဖွဲ့ ပဉ္စမအကြိမ်စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ

ဇွန်၂၇။ မကွေးမြို့ ၊ ကန်သာရပ်ကွက်၊ မေတ္တာလမ်း၊ ဇမ္ဗူရစ်ရွှေ မင်္ဂလာခန်းမတွင် (၂၇-၆-၂၀၁၀) နေ့ နံက်(၈)နာရီမှ (၁၁)နာရီ အချိန်မှာ မကွေးမြို့ နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ မှ မြန်မာနိုင်ငံစာပေညီလာခံ ပဉ္စမအကြိမ် အစည်းအဝေး အတွေ့အကြူံရှင်းလင်းပွဲကျင်းပကြောင်းသိရ၏။ သဘာပတိအဖြစ် မကွေး လှမြင့် မှဆောင်ရွက်ပြီး စာနယ်ဇင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ၏ ပဉ္စမအကြိမ်ညီလာခံသို့ တက် ရောက်ခဲ့ကြသော မကွေးစာနယ်ဇင်း ဥက္ကဋ္ဌ မကွေး ၀င်းမြင့် နှင့် အတွင်းရေးမှူး နေခြည်(မကွေး) တို့မှ နိုင်ငံတော်အေးချမ်းသာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့၏ လမ်းညွှန်အမှာစကားများကို ဖတ်ကြားရှင်း လင်းသည်။ ထို့နောက် ညီလာခံ အစည်းအဝေး အတွေ့အကြုံများကို အသေးစိတ်ရှင်းလင်း တင်ပြကြပါသည်။ပဉ္စအကြိမ်ညီလာခံတွင် ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များအား အောင်မြင်အောင် ဆောင်ရွက်ကြပါရန် မကွေးစာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ မှနိဂုံးချုပ်ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိခဲ့ပါသည်။

ခန်းမအား အခမဲ့အသုံးပြုခွင့်ပေးသော ဇမ္ဗူရစ်ရွှေ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဝင်းဇော်မိသားစု အား စာနယ်ဇင်းမှ ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၉-၆-၂၀၁၀

No comments:

Post a Comment