Pages

Saturday, November 26, 2011

ဆရာအောင်သင်း၏ တောင်တွင်းကြီးမြို့တွင် စာပေဟောပြောပွဲ (၂) ညကျင်းပ





ဆရာအောင်သင်း၏ တောင်တွင်းကြီးမြို့တွင် စာပေဟောပြောပွဲ (၂) ညကျင်းပ။
ဆရာအောင်သင်း၊ ဆရာမောင်သာချို၊ ဆရာအော်ပီကျယ်၊ ဆရာဦးထွန်းလွင်
မကွေး၊ နိုဝင်ဘာ(၂၁)။

၁၉-၁၁-၂၀၁၁၊ နေ့ ညနေ(၆)နာရီ မှ ည(၁၀)နာရီအချိန်ထိ တောင်တွင်းကြီးမြို့ မြို့နယ်ခန်းမ မှာ စာပေဟောပြောပွဲကျင်းပကြောင်း သိရပါသည်။ တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ တောင်တွင်းမြို့နယ်စာနယ်ဇင်းအဖွဲ့၊ လောကအလင်းစာကြည့်တိုက် ကော်မတီ နှင့် စာပေ၀ါသနာရှင်လူငယ်များမှ ဦးဆောင် ကျင်းပကြောင်းသိရ၏။

တောင်တွင်းကြီးမြို့နယ် စာပေဟောပြောပွဲအား တောင်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာ စကားပြောကြား ဖွင့်လှစ်ပေးပါသည်။ တောင်တွင်းကြီးမြို့ လောကအလင်း စာကြည့်တိုက် ဥက္ကဋ္ဌ ဦးကြည်ဝင်း မှ ၀မ်းမြောက် ကျေးဇူးတင် ကြောင်း ပြောကြားပြီး လောကအလင်းစာကြည့်တိုက်၏ အသင်းဝင်များထဲမှ စာဖတ်အား အကောင်းးဆုံးဆု ပထမ၊ ဒုတိယ၊ တတိယဆု များ အား သက်ဆိုင်ရာတာဝန်ရှိသူများ မှ ဆုအသီးသီးချီးမြှင့် ၍ စတင်ဖွင့်လှစ် ပေးကြောင်း မြင်တွေ့ရပါသည်။

ပထမနေ့ည တွင် ဆရာမောင်သာချို မှ (ကူ၍တွန်းပေးကြပါ) ခေါင်စဉ် ဖြင့်၎င်း။ ဆရာအော်ပီကျယ် မှ (တိုင်းပြည်၏ စာမျက်နှာ) ခေါင်းစဉ်များဖြင့် ဟောပြောကြကြောင်း သိရှိပါသည်။ ယင်း ၁၉-၁၁-၂၀၁၁ နေ့၊ နေ့လည် (၁)နာရီတွင်လည်း တောင်တွင်းကြီးမြို့နယ်၊ ဆီမီးထွန်းကျေးရွာ၊ ဘ၀ဘဏ်စာကြည့်တိုက် နှင့် စာပေ၀ါသနာရှင်လူငယ်များ ၏ စာပေဟောပြောပွဲတွင် ဆရာအောင်သင်းမှ အထက်ပါခေါင်းစဉ်ဖြင့် နေ့ခင်း စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရ၏။

၂၀-၁၁-၂၀၁၁ နေ့ည(၆ နာရီ မှ ည ၁၀နာရီ)တွင်လည်း ဆရာအောင်သင်း မှ (ရသ၊ သုတ၊ စာပေအကြောင်း သိကောင်းစရာ) ခေါင်းစဉ်ဖြင့်၎င်း၊ ဆရာဦးထွန်းလွင် မှ (ရာသီဥတု လူထုအကျိုးပြု) ခေါင်းစဉ်ဖြင့် ဟောပြောကြကြောင်း သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်

No comments:

Post a Comment