Pages

Tuesday, January 29, 2013

`မကွေးမြို့နယ် စာရေးဆရာအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုများ ပေးအပ်´

ဇန်န၀ါရီ(၂၂) နေ့ နေ့လည်(၁း၃၀)နာရီအချိန်တွင် မကွေးမြို့ အထက(၁) ပန်းဟေ၀န်ခန်းမ၌ မကွေးမြို့နယ် စာရေးဆရာအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အထက်တန်း အလယ်တန်းကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မကွေးမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှုးကျင်းပခဲ့ကြောင်းသိရသည်။(ဆရာသိန်းဖေမြင့်၏ ကျောင်းသားလူငယ်ပြဿနာ များ) စာအုပ်အား ဖတ်စေ၍ မေးခွန်းထုတ်ပြီး ဖြေဆိုရကြောင်းသိရသည်။ ၎င်း ဖြေဆိုကြသော ပြိုင်ပွဲအဆင့် စာမူများအား ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆုများ ရွေးချယ်၍ ချီးမြှင့်ပေးကြောင်းသိရသည်။ ပထမ ဆုရသူ မမြတ်နိုးမေကဗျာ အား ဆုတော်ငွေလေးသောင်းကျပ်ဖြင့် ဒေါက်တာကျော်ဇေယျ( ဒီဝေလျှံ ကျူရှင်ဘော်ဒါ) ၏ ကိုယ်စား မကွေးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မကွေးဝင်းမြင့်က ဆုချီးမြှင့်သည်။ ဒုတိယဆုရသူ မမေသက်မွန် အား ဆုတော်ငွေ သုံးသောင်းကျပ်ဖြင့် ဆရာဦးဇော်သူဝင်း (ဆုထူးပိုင်ကျူရှင်ဘော်ဒါ) မှ ဆုချီးမြှင့်သည်။ တတိယဆုရသူ မခင်ချောစု အား ဆုတော်ငွေ နှစ်သောင်းကျပ်ဖြင့် ဒေါ်နီလာ မှ ဆုချီးမြှင့်သည်။ အထူးဆုရရှိသူများကို အလှူရှင်များကိုယ်တိုင်မှ ဆုတော်ငွေ တစ်သောင်းကျပ်ဖြင့် အသီးသီးဆုချီးမြှင့်ကြောင်း သိရသည်။ မကွေးမြို့တွင် ဤစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရေးအတွက် မကွေးမြို့နယ် စာရေးဆရာအသင်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနတို့မှ စီမံချက်ဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ကျင်းပ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ၊ မကွေးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး မှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မကွေးမြို့တွင်း၌ အလှူခံရရှိထားသော ငွေစာရင်းအား ရှင်းလင်းဖော်ပြခြင်း မရှိခဲ့ကြောင်း၊ မကွေးခရိုင်ပြန်/ဆက်ရုံး၌ ပထမ တစ်ကြိမ်တည်းသာ အစည်းဝေးခေါ်ပြီး ကော်မတီဖွဲ့ထားခဲ့သော်လည်း ယခု အခမ်းအနား ကျင်းပသည့်အထိ လုံးဝအစည်းအဝေးမခေါ်ကြောင်း၊ ဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။ ထို အခမ်းအနား တွင်လည်း အခမ်းးအနားနှင့် မသက်ဆိုင်သော စကားများကို ၎င်းအတွင်းရေးမှူးမှ ပြောဆို၍ `ကျွန်တော်သည် အတွင်းရေးမှူးတာဝန်မှ နှစ်ကုန်(ဧပြီ)လထဲမှာ နုတ်ထွက်သွားမည်´ဟု မကွေးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူးမှ ပြောကြားသွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment