Pages

Sunday, January 20, 2013

`မကွေးမြို့နယ် NLD ပါတီညီလာခံကို ဒီမိုကရေစီ နည်းစနစ်ကျကျဖြင့် ကျင်းပပြီး´

ဇန္န၀ါရီ(၂၀)ရက် နံနက် (၁၀း၃၀)နာရီမှ ညနေ(၆)နာရီအထိ မကွေးမြို့ ဈေးလယ်စိုးရပ်ကွက် မဲထီလမ်း အောင်ဓမ္မာရုံ တွင် မကွေးမြို့နယ် NLD ပါတီညီလာခံ ကျင်းပကြောင်း သတင်းရရှိသည်။ ၎င်း မကွေးမြို့နယ် NLD ပါတီညီလာခံရွေးချယ်ရေးကို မြို့သစ်မြို့နယ် NLD ပါတီညီလာခံရွေးချယ်ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့မှကြီးကြပ်ကျင်းပကြောင်းသိရသည်။ညီလာခံကျင်းပရေးအတွက် သဘာပတိ အဖြစ် မကွေးမြို့နယ်မှ အဆိုပြုတင်မြှောက်ရာ သုံးဦးဖြစ်နေ၏။ ထို့ကြောင့် မကွေးမြို့နယ်မှ ရွေးချယ်ချင်းမပြုနိုင်၍ မြို့သစ်မြို့နယ် NLD ပါတီရွေးချယ်ရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အေး မှ သဘာပတိ အဖြစ် ဦးဆောင်ကျင်းပရသည်။ ထို့နောက် မကွေးမြို့နယ် အလုပ်အမှုဆောင်(၁၉)ဦး ရွေးချယ်တင်မြောက် ကြသည်။ အလုပ်အမှုဆောင် အဆိုပြုသူ(၄၉)ဦး ဖြစ်၍ ၎င်းတို့အား တက်ရောက်လာသူ ပါတီညီလာခံ ကိုယ်စားလှယ်(၂၆၆)ဦးတို့က လျှို့ဝှက်မဲပေးစနစ်ဖြင့်၊ဒီမိုကရေစီ နည်းစနစ်ကျကျရွေးချယ်တင်မြှောက်ကြသည်ကို မြင်တွေ့ရသည်။ အလုပ်အမှုဆောင်(၁၉)ဦးမှာ (၁) ဥက္ကဋ္ဌ ဦးစိုးမိုး၊ (၂) ဒုဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း၊ (၃) အတွင်းရေးမှူး ဦးရဲတင့်၊ (၄) တွဲဘက်အတွင်းရေးမှူး ဦးမောင်မောင်စိုး၊ (၅) ပြန်ကြားရေးမှူး ဦးမြင့်ဦး၊ (၆)ဒေါ်ခင်ချိုလတ်၊ (၇)ဒေါ်ခင်မာဝင်း (၈)ဦးဇော်ဇော်ဟိန်း၊ (၉)ဒေါက်တာတင်ကိုဝင်း၊ (၁၀)ဦးတင့်လွင်၊ (၁၁) ဦးနေ၀င်းစိုး၊ (၁၂)ဒေါ်ပြုံးပြုံးကြည်၊ (၁၃)ဦးဖုန်းမော်၊ (၁၄)ဦးမြမောင်း၊ (၁၅)ဦးရန်အောင်ထွန်း(ခ)ရန်ရှောင်း၊ (၁၆)ဒေါ်လှလှရီ၊ (၁၇)ဦးဝင်းထွန်း၊ (၁၈) ဦးဝင်းနိုင်၊ (၁၉)ဦးစိုးသူဝင်း တို့ကို ရွေးချယ်ခံရကြောင်း သိရသည်။ ထို့နောက် မကွေးမြို့နယ်NLD ပါတီ သဘာပတိအဖွဲ့အဖြစ်(၅)ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ ဦးအောင်စိုး၊ ဦးတင်စိုးဝင်း၊ ဦးရွှေတောင်၊ဒေါ်ခင်မြ၀င်း တို့ကို တင်မြှောက်ကြသည်။ ထို့နောက် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးစိုးမိုး၊ ဦးမောင်မောင်စိုး၊ ဒေါ်ခင်စန္ဒာဝင်း တို့(၃)ဦးအား မဲစနစ်ဖြင့် ရွေးချယ်ကြသည်။ ထို့နောက် ခရိုင်ညီလာခံ ကိုယ်စားလှယ်(၁၅)ဦးအား ရွေးချယ်ရာတွင် မဲခွဲ၍ မရွေးချယ်ကြဘဲ ကိုယ်စားလှယ်များအဖွဲ့လိုက် ညှိနှိုင်းစာရင်းပေး ရွေးချယ်ကြောင်းသိရသည်။ ၎င်းခရိုင်ညီလာခံကိုယ်စားလှယ်များသည် (၁)ဦးရဲတင့်၊ (၂) ဦးတင့်လွင်၊ (၃)ဦးဖုန်းမော်၊ (၄)ဦးမြင့်ဦး၊ (၅)ဦးနေ၀င်းစိုး၊ (၆)ဦးဝင်းနိုင်၊ (၇)ဦးဇော်ဇော်ဟိန်း၊ (၈)ဦးကျော်ဌေး၊ (၉)ဦးစိုးသူဝင်း၊ (၁၀)ဦးမြင့်အောင်စိုး၊ (၁၁)ဦးဝင်းလွင်ညို၊ (၁၂)ဦးလွင်အေး၊ (၁၃) ဦးရန်အောင်ထွန်း(ခ)ရန်ရှောင်း၊ (၁၄)ဦးမြမောင်း၊ (၁၅)ဦးတင်ကိုကို တို့ (၁၅)ဦးစာရင်းအား ညနေ(၆)နာရီ တွင် ခရိုင်ညီလာခံကိုယ်စားလှယ်များအဖြစ် အမည်စာရင်းကြေငြာ၍ မကွေးမြို့နယ် NLD ပါတီညီလာခံရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပကြောင်း သတင်းရရှိသည်။

No comments:

Post a Comment