` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´
အမှားပြင်ဆင်ချက်။ ။ မတ်(၂၇)ရက်နေ့က ဤသတင်းအား (မျက်စေ့ဆေးရုံအဆောက်အဦး) ဟု မှားယွင်းဖော်ပြခဲ့၍ စာဖတ်သူများကို လေးစားစွာတောင်းပန်အပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ တင်အောင်၊ ဦးစိုးဝင်း၊ ဦးခင်မောင်ဝင်းနှင့် ကိုဇော်မင်းဦးပါ လူငယ်အဖွဲ့ဝင်(၁၁)ဦးတို့သည် ကားနှစ်စီးဖြင့် ယနေ့မတ်(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်မှ မကွေးမြို့သို့ ထွက်လာကြောင်း သတင်းရရှိသည်။ ညနေ(၅)နာရီခန့်တွင် မြို့သစ်မြို့နယ် လမ်းဆုံရွာ သို့ရောက်လာကြောင်း၊ ၎င်းအဖွဲ့အား မြို့သစ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးသာအောင် နှင့်အဖွဲ့ဝင်(၅)ဦးတို့မှ နှုတ်ဆက်ကြိုဆို ကြကြောင်း၊ ထို့နောက် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟော်တယ်သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိ၍ ညအိပ်ရပ်နားကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား မကွေးမြို့နယ် NLD ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တိုင်း/ခရိုင်/ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း(၃၀) ဦးတို့က ၎င်းဟော်တယ်တွင် ကြိုဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မတ်(၂၈)ရက်နေ့ နံနက်(၇း၃၀)နာရီခန့်တွင် မကွေးမြို့မှ နတ်မောက်မြို့သို့ ဆက်လက် သွားရောက်ကြောင်း၊ နတ်မောက်မြို့တွင် သီတဂူဆရာတော်ဘုရားကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသား တစ်ဦးက (ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုအထိမ်းအမှတ်) အဖြစ် ကွန်ပျုတာကျောင်းဆောင်သစ် (အဆောက် အဦးအသစ် လှူဒါန်းဖွင့်လှစ်ပွဲ)မှ ဖိတ်ကြား၍ တက်ရောက်လာကြောင်း၊ ၎င်းကွန်ပျုတာကျောင်းအတွက် မြန်မာငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်ခန့်လှူဒါန်းကြောင်းသိရသည်။ စစ်ကိုင်းမြို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ မကွေးတိုင်း/ခရိုင်/ မြို့နယ်မှ သံဃာတော်များ၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များမှ အစိုးရအဖွဲ့ဝင်များ၊ကွန်ပျုတာကျောင်း အဆောက်အဦး အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ၍ မတ်(၂၈)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် အဆိုပါ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားကြောင်း သတင်းရရှိသည်။
ယခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် နတ်မောက်မြို့ သို့ ဒေါ်စုလာရောက်ခဲ့စဉ်မှ ဓာတ်ပုံများကို အသုံးပြုထားပါသည်။
Artikel ` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, March 27, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment