ရွှေလမ်းငွေလမ်း ဝင်းကြည်
မြေလတ်ဂျာနယ်
Pages
(Move to ...)
Home
မာတိကာ
▼
Saturday, April 27, 2013
``မကွေးမြို့တွင် Isis ကိုးရီးယားအလှကုန်ပစ္စည်း ဆိုင်သစ်ဖွင့်၍ ကံစမ်းမဲများ ချီးမြှင့်´´
ဧပြီ(၂၆)ရက်နေ့တွင် မကွေးမြို့ ဈေးရပ် ပြည်တော်သာလမ်းနှင့် ဘုရားလမ်းထောင့် (မြို့မဈေးကြီး အရှေ့ဘက်) ရှိ Isis အိုက်ဆစ် အမည်ဖြင့် ကိုးရီးယားအလှကုန်များ၊ အလှပြင်ဆိုင်သုံးပစ္စည်းများ အရောင်းဆိုင်သစ် ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်၏ထူးခြားချက်မှာ နိုင်ငံခြားဖြစ် အလှကုန်ပစ္စည်းများသာ အသုံးပြုထားခြင်းနှင့် Joycos ကုမ္မဏီ စက်ရုံထုတ် အလှကုန်များကို ရောင်းချပေးထားကြောင်း၊ Isis ဆိုင်မှ ၀ယ်ယူသုံးစွဲကြသော သူများကို Joycos ကုမ္မဏီ ၏ မန်ဘာများအား လစဉ်ဝင်ငွေများရရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသည်ဆို၏။ တစ်သောင်းအမှတ် ဖြင့်(အနည်းဆုံး) ၀ယ်ယူ သုံးစွဲသူများကို Joycos ကုမ္မဏီ ၏ မန်ဘာအဖြစ်သတ်မှတ်ကြောင်း၊ ဧပြီ(၂၄)ရက်နေ့က Isis ကိုးရီးယားအလှကုန်ပစ္စည်း မိတ်ဆက်ပွဲတွင် မန်နေဂျာ ဦးထွန်းလင်းမှ အသေးစိတ်ပြောကြား၍ သိရသည်။ အိုက်ဆစ်ဆိုင် မှ ငွေကျပ်တစ်သောင်းဖိုးဝယ်ယူသူများကို မန်ဘာအဖြစ်သတ်မှတ်ပေးကြောင်း၊ အလှကုန်ဝယ်ယူသူများကို အလှပြုပြင်ပေးခြင်းနှင့် အဆိုပါ အလှကုန်ပစ္စည်း မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ ပရိပ်သတ်များ(၁၅၀)ဦးတို့ကို ကံစမ်းမဲများ မဲဖောက်၍ ဧပြီ(၂၆)ရက်နေ့ ဆိုင်ဖွင့်ပွဲတွင် တန်ဘိုးမြင့်အလှကုန်ပစ္စည်းများ လက်ဆောင်ပေးကြောင်း၊ ကံထူးရှင်တစ်ဦးချင်းထံသို့ Isis ဆိုင်ပိုင်ရှင် ဦးသန်းရီ နှင့် ဒေါ်သင်းသင်းတို့က ဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment