Pages

Monday, May 13, 2013

(မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ မီဒီယာသတင်းယူခွင့် မေးခွန်းအား ပယ်ချခံရ ဟုသိရ)

``မကွေးတိုင်းဒေသကြီး (တ.စ.ည)ပါတီ မှ မီဒီယာအဖွဲ့အား ဖိတ်ကြား၍ လူထုထဲက လိုအပ်ချက်များကို မေးမြန်း´´ (မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ မီဒီယာသတင်းယူခွင့် မေးခွန်းအား ပယ်ချခံရ ဟုသိရ) မေ(၅)ရက် နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီရုံး မှာ တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်အဖွဲ့က သတင်းမီဒီယာအဖွဲ့ပေါင်းစုံအား ဖိတ်ကြားကြောင်း သတင်းရရှိ သည်။ တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်းရေးမှူး ဦးစန်းအောင် နှင့်အမှုဆောင်များ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် စုစုပေါင်း(၈)ဦးတက်ရောက်၏။ မကွေးတိုင်း(တ.စ.ည)ပါတီက တက်ရောက်လာသော သတင်းသမားများ(၁၅)ဦးတို့ထံမှ အများပြည်သူများအတွက် လိုအပ်နေသော တင်ပြချက်များကို မေးမြန်း ဆွေးနွေးကြ၏။ မြေယာကိစ္စများ၊ စည်ပင်သာယာရေးကိစ္စများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများ၊ ပြည်သူ့ဆေးရုံမှ အရေးပေါ်လူနာ ကိစ္စများနှင့် လွှတ်လပ်စွာသတင်းယူခွင့်ကိစ္စများကို တင်ပြ ဆွေးနွေးကြသည်။ သတင်းသမားများ၏ သိလိုသောအချက် အလက်များကို ပါတီ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်း၍ ယခု တင်ပြပေးသော အများပြည်သူအတွက် လိုအပ်ချက် အခက်အခဲများအား အနီးစပ်ဆုံး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံသို့ တင်ပြပေးမည်။ တင်ပြချက်များကို သက်ဆိုင်ရာမှ လုပ်ဆောင်မပေးခဲ့လျှင် လွှတ်တော်အဆင့်ဆင့်ထံ ဆက်လက်တင်ပြပေးပါမည်ဟု တ.စ.ည ပါတီ အတွင်းရေးမှူး ဦးစန်းအောင်က ရှင်းလင်းသည်။ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်(ဆိပ်ဖြူမြို့နယ်)က မီဒီယာသမားများ၏ တင်ပြချက်အရ မေးမြန်းခဲ့သော မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ လွှတ်လပ်စွာဖြင့် မီဒီယာသတင်းယူခွင့် ရှိ/မရှိ မေးခွန်းအား ပယ်ချခံရသည်ဟု ဖြေကြားသည်။ အဆိုပါ ဆွေးနွေးပွဲကို နံနက်(၁၀း၃၀)နာရီမှာ ပြီးဆုံးကြောင်း သတင်းရယူခဲ့ပါသည်။

No comments:

Post a Comment