Pages
▼
Saturday, June 29, 2013
``မကွေးမြို့ (အထက-၄) RC နှစ်ထပ်ကျောင်းဆောင်သစ် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းပွဲတွင် နိုင်ငံခြားသံအမတ်ကြီး(၆)ဦးတက်ရောက်´´
``မကွေးတက္ကသိုလ် RC သုံးထပ်ကျောင်းဆောင်သစ် (၃)ဆောင် ဖွင့်ပွဲကျင်းပ´´

``မကွေးမြို့ မြေလတ်ဒေသဆီအိုးကြီး မှ ပထမဆုံးအကြိမ် (နှမ်းဆီ)ကို နိုင်ငံခြားသို့တင်ပို့ပြီ´´
`` ရပ်ကွက်အုပ်ချုပ်ရေးမှူး လာဘ်ငွေတောင်းသည့်ကိစ္စကို တောင်တွင်းကြီးမြို့ က ထူးခြားစည်ကားသော သတင်းစာရှင်းလင်းပွဲ ´´


Thursday, June 27, 2013
``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´
`` ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား)ရုံးချုပ်မှ မကွေးမြို့တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသင်တန်း(၅)ရက်ကျင်းပ ကြောင်းသိရ´´
``မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် တွင် ကုမ္ပဏီဝန်ထမ်းများနှင့် ရေနံစိမ်းသယ်ယူသူများ အပြန်အလှန်ခိုက်ရန်ဖြစ်၍ ဆိုင်ကယ်(၈)စီးကို ဖျက်ဆီးခြင်းခံရ´´
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် (စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေး) ကုမ္ပဏီမှ လုံခြုံရေး ၀န်ထမ်များ နှင့် ရေနံစိမ်းမှောင်ခို သယ်ယူ ရောင်းဝယ်သူများ. ဇွန်(၂၂)ရက်နေ့ ည(၈၁၅)နာရီခန့် အချိန်တွင် အပြန်အလှန် ရိုက်နက်၍ အထိကရုံးဖြစ်ကြောင်း၊ ရေနံမှောင်ခိုသယ်ယူရောင်းဝယ်ရခြင်းမှာ ၎င်းရေနံမှော်အတွင်း ၌ ထွက်ရှိသော ရေနံစိမ်းတစ်ပေပါလျှင်(၈၂၀၀၀ိ)ကျပ်ဖြင့် စိန်တံခွန်ကုမ္ပဏီသို့ မဖြစ်မနေ ပြန်လည်ရောင်းချပေးသွင်း ရကြောင်း၊ ကုမ္ပဏီ၏ ပြင်ပ(ဈေးကွက်တွင်) ရေနံစိမ်းတစ်ပေပါလျှင် (၁၂၀၀၀၀ိ)ကျပ်ဖြင့် ဈေးပေး၍ ၀ယ်ယူနေကြကြောင်း ဒေသခံတစ်ဦး က ပြော၍ မြန်မာပို့စ် မှသတင်းရရှိသည်။
ဖြစ်စဉ်မှာ မင်းလှမြို့၏အနောက်တောင်ဘက် မိုင်(၃၀)ခန့်ရှိ ဓါတ်ကုန်းကျေးရွာအနီးရှိ ငနောင်မုန်းရေနံမှော်လုပ်ကိုင် ခွင့်ရ စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေးကုမ္ပဏီ ၀န်ထမ်းများဖြစ်ကြသော ဦးမောင်လွင် ပါ လုံခြုံရေး(၁၄)ဦးသည် ဇွန်(၂၂)ည (၈း၁၅)အချိန်ခန့် ကင်းလှည့်နေစဉ် ရေနံစိမ်း(၅)ဂါလံဝင် ၁၀ ဘူးကို တင်ဆောင်လာသော ဆိုင်ကယ်များနှင့် ပက်ပင်းတွေ့ဆုံကြသည်ဆို၏။ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း(ရေနံမမြောက်ရွာသား)နှင့် အမည်မသိ သူ နှစ်ဦးတို့သည် လုံခြုံရေးများတားဆီးခြင်းအား လက်မခံဘဲ အပြန်အလှန် ရိုက်နက်ကြကြောင်း၊ ရေနံစိမ်းသယ်ဆောင် လာသူ ကိုအောင်ဇော်ထွန်း ၏ နောက်စေ့တွင် နှစ်လက်မခန့် ပေါက်ပြဲသွားကြောင်း၊ စိန်တံခွန်ရေနံ လုံခြုံရေးဝန်ထမ်း ကိုသန်းနိုင်အေး၏ ညာဘက်ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိ၍ ကိုဟန်ဇော်ထွန်း၏ ညာလက်ခါးတွင် လေးခွဖြင့်ထိမှန်၍ ဒဏ်ရာများ ရရှိကြောင်း အဆိုပါ ဒဏ်ရာရရှိသူများကို ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ထားကြောင်း သက်ဆိုင်ရာ မှစုံစမ်းသိရှိသည်။
အဆိုပါ ဇွန်(၂၂)ရက်ည(၈း၃၀) အချိန်ခန့်တွင် ရေနံစိမ်းသယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း ကို စိန်တံခွန်ရေနံကုမ္ပဏီလုံခြုံရေးများက ရိုက်နက်တိုက်ခိုက်လိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားကြောင်း သတင်းကို ရေနံမြေအတွင်းရှိ ရေနံစိမ်းတူးသူများက ကြားသိရသောအခါ ဆိုင်ကယ်အစီး(၃၀)ဖြင့် အမည်မသိသူများ (၃၀)ဦးခန့် တို့သည် အခင်းဖြစ်ပွားရာ ဓါတ်ကုန်းရွာတွင်းသို့ စုဝေးရောက်ရှိလာကြပြီး တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထပ်မံတိုက်ခိုက်ကြရန် လူစုလူဝေးဖြစ်လာကြသည်ဆို၏။ ထိုအချိန်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင် ဦးစီး၍ ရဲအင်အား(၁၀)ဦး၊ ရေနံမရွာ အရှေ့ကျောင်းဆရာတော် ဦးပညိန္ဒ၊ ဓာတ်ကုန်းရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသီရိဘ၀ါရ တို့နှင့် ဦးသန်းထွန်း ပါ ရပ်မိရပ်ဖ အဖွဲ့တို့ ရောက်ရှိလာပြီး တားဆီးထိမ်းသိမ်း၍ ၎င်းည(၉း၃၀)နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွားပြီး နောက်နေ့ ဇွန်(၂၃)ရက် နံနက်(၈း၃၀)နာရီတွင် စိန်တံခွန်ကုမ္ပဏီက အကြောင်းကြား၍ စခန်းမှူး ရဲအုပ် ဇော်ဝင်နိုင် နှင့်အဖွဲ့၊ ရေနံမကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာလှိုင် နှင့် ဓါတ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းလွင် တို့ သွားရောက်၍ စစ်ဆေးကြသည်သိရ၏။ အခင်းဖြစ်ပွာစဉ် ညက ကုမ္ပဏီဝန်ထမ်းများ စီးနင်းသော မော်တော်ဆိုင်ကယ်(၇)စီး နှင့် ပိုင်ရှင်မသိဆိုင်ကယ်(၁)စီး အဖျက်အဆီးခံထားရ၍ ပျက်ဆီးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆို၏။ အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ နစ်နာသူများမှ တိုင်ကြားလာပါက ရေနံမ ရဲစခန်းမှူး ရဲအုပ်က အရေးယူဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများထံမှ စုံစမ်း၍ မြန်မာပို့စ် က သတင်းရရှိသည်။
Sunday, June 23, 2013
``ဒေါ်အောင်ဆန်းစုကြည် ၏ (၆၈)နှစ်မြောက်မွေးနေ့ပွဲ အဖြစ် မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် က ဆေးလှူဒါန်း´´


``မကွေး NLD နှင့် မင်းဘူး(စကု) NLD ပါတီဝင်တို့ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ဆုတောင်းပွဲ အဖြစ် ဆွမ်းဆက်ကပ်၊ သစ်ပင်စိုက်၊ သွေးလှူဒါန်းပွဲများ ဒါနပြု´´
``ဆိပ်ဖြူ မြို့နယ်လူထု၏ ပဋ္ဌာန်း နှင့်ဆွမ်းဆန်းစိမ်းလောင်ပွဲကို ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်သည်ဟု မမှန်သတင်းထည့် ဟုဆို´´

``ချောက်မြို့တွင် မြန်မာ့ရေနံမြေ(ဂရမ်)လျှောက်ထား၍ နယ်မြေ(၁၄)ရပ်ကွက် ပြည်သူများမှ ကန့်ကွက်စာတင် ဧရာဝတီမြစ် ပြုပြင်ထိမ်းသိမ်းရေးအတွက် ကမ်းနားရပ်ကွက် (၄)ရပ်ကွက် ဖယ်ရှားပေးရမည် ဟုဆို´´

``မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ရန်ကုန် ရွေးချယ်ပွဲ တွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို တက်ရောက်ခွင့် ပိတ်ပင်ခံရ ဟုဆို´´
``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´
``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´
( ပါတီဝင်ကတ် = စမတ်ကတ်)များ ထုတ်မသေးနိုင်သေး။ ပါတီဝင်များထံမှ ငွေတစ်ရာကိစ္စ ဆွေးနွေးကြရ)
မကွေးမြို့ မဲထီလမ်း မြင်သာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်(၁၆)ရက်နေ့ နံနက်(၁၀)မှ နေ့(၁၂း၃၀)နာရီအချိန်မှာ မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သတင်းရရှိ သည်။ အစည်းအဝေး မစမီ မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း နှင့် မြန်မာပို့စ် တွေ့ဆုံသည်။
`` မကွေးခရိုင်NLD ပါတီ နဲ့ အဖွဲ့ချုပ်ရုံးအပါဝင် မြန်မာပြည် တစ်နိုင်ငံလုံးပါတီဝင်တွေရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ ကျွန်တော်တို့ပါတီ အနိုင်ရရေးသာ အဓိကထားပြီးချမှတ်ထားပါတယ်၊ ပါတီဝင်တိုင်းက စည်းရုံးဆောင်ရွက်နေကြပါတယ်။ ပြည်သူလူထု က ၈၀% ထောက်ခံနေရင်တောင် ရာနှုန်းပြည့်ထောက်ခံအောင် တောင်ပြိုကမ်းပြို တဲ့အထိ မဲ အပြတ်အသတ် အနိုင်ရရှိအောင် စည်းရုံးနေကြပါတယ်။´´ ဟု မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း က မြန်မာပို့စ် ကိုပြောသည်။
အဆိုပါ NLD မကွေးခရိုင်တွေ့ဆုံပွဲ၌ (၁၅)ဦးတက်ရောက်၍ ဆွေးနွေးချက်(၃)ချက်၊ ဆုံးဖြတ်ချက်(၃)ချက်ချမှတ်သည်။
ပါတီဝင်ကတ်(စမတ်ကတ်) အသစ်များ အမြန်ရရှိနိုင်ရန် စက်ဝယ်ယူရေးကိစ္စ ကို မကွေးတိုင်းNLD ပါတီသို့တင်ပြရန်၊ မကွေးတိုင်းရုံးမှ တဆင့် ဗဟိုသို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း မကွေးတိုင်းNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ ပြောသည်။ NLD မကွေးခရိုင် နာယက ၏ ဆွေးနွေးချက်အရ ခရိုင်အစည်းအဝေးကို တစ်လတစ်ကြိမ် တွေ့ဆုံရန် ဆုံးဖြတ်သည်။ ဒုတိယအကြိမ် ခရိုင်တွေ့ဆုံပွဲကို ဇူလိုင်(၁၄)ရက်နေ့မှာ ကျင်းပမည်၊ ခရိုင်တွင်းရှိ မြို့နယ် ဥက္ကဋ္ဌ များကိုပါ မကျန်အောင်ဖိတ်ကြားရန်၊ ယခု ပထမအကြိမ် အစည်းအဝေး တွင် ချောက်မြို့နှင့် ရေနံချောင်းမြို့နယ်များသို့ ဖိတ်ကြားရန် ပျက်ကွက်၍ မကွေးခရိုင် ဒု ဥက္ကဋ္ဌ က တောင်းပန်ပြောကြားသည်။ မကွေးခရိုင် ဥက္ကဋ္ဌ က ၂၀၁၄ ခုနှစ်မှစပြီး မဲနိုင်ရေးအတွက် နယ်မြေများသို့ ပြဲပြဲစင်အောင် ကွင်းဆင်း၍ စည်းရုံးမည်ဟု ဆို၏။ ထို့နောက် ပါတီဝင်များထံ ငွေကျပ်တစ်ရာ ကောက်ခံရာ၌ ပါတီဝင်များက မပေးချင်တာမဟုတ်ကြောင်း မပေးဖြစ်သေးတာဖြစ်ကြောင်း ကောက်ခံတဲ့ သူကလည်း မကောက်ခံတာ မဟုတ်ဘဲ မကောက်ဖြစ်သေးတာဖြစ်ကြောင်း ပါတီတွင်းစည်းရုံးရေးအတွက် အသေးစိတ်များ ကို မကွေးခရိုင် ဥက္ကဋ္ဌ ကပြောကြားသွားကြောင်း သတင်းရရှိသည်။