Pages
▼
Sunday, July 28, 2013
`` မကွေးမြို့တွင် HIV /AIDS ဆိုင်ရာအသိပညာပေးပြပွဲကို လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းအဖွဲ့ (SCVG) မှ ကျင်းပ´
``မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်´´
``
မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီအလုပ်အမှုဆောင် ပြန်လည်ရွေးချယ်´´
(မကွေးမြို့နယ်စာရေးဆရာအသင်းဝင် နှစ်ဦး ဥက္ကဋ္ဌ တာဝန်နေရာများ ရွေးချယ်ခံရပြီး
ယခင်မြို့နယ်အတွင်းရေးမှူးဟောင်း က ပါတီဝင်အဖြစ်မှ ချက်ချင်းနှုတ်ထွက်မည်ဆို)
မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၉ လမ်း အမှတ်(၃၀၂) ရှိ မကွေးတိုင်း/မြို့နယ် NDF ပါတီရုံးတွင် ဇူလိုင်(၂၇)ရက်နေ့ နံနက်(၁၀)နာရီမှ နေ့(၁၂း၃၀) အထိ မကွေးတိုင်း NDF ပါတီလစဉ်အစည်းအဝေး နှင့် မကွေးမြို့နယ် NDF ပါတီ အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ကြောင်း သတင်းရရှိသည်။
အဆိုပါ NDF ပါတီရွေးချယ်ပွဲသို့ စုစုပေါင်းတက်ရောက်သူ(၃၅)ဦးခန့်တက်ရောက်၍ မကွေးမြို့နယ်အတွင်း စုဆောင်းထားဆဲ ပါတီဝင်အင်အား(၁၀၀)ကျော်ခန့်ရှိကြောင်း၊ မကွေးတိုင်းNDF ပါတီအလုပ် အမှုဆောင်(၁၅) ဦးမှ (၁၀)ဦး တက်ရောက်ကြောင်း၊ ၎င်း NDF တိုင်းအမှုဆောင်တွင် ဥက္ကဋ္ဌ ဦးမြင့်ဖေ က ဦးဆောင်၍ ရွေးချယ်ပွဲကော်မရှင်ပြုလုပ်ကြောင်း၊ ဥက္ကဋ္ဌ ဦးမျိုးအေး (စာရေးဆရာဝင်းနွယ်-သစ်တော) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးခင်မောင်တိုး(စာရေးဆရာ မြန်မာပြည် ဆရာဟိန်း) ၊ အတွင်းရေးမှူး ဦးဝင်း နှင့် အလုပ်အမှုဆောင်(၁၃)ဦးတို့ကို အသစ်ပြန်လည်ရွေးချယ်အတည်ပြုကြောင်း၊ မကွေးမြို့နယ်NDF ပါတီ ဥက္ကဋ္ဌ ဦးမျိုးအေး (၀င်းနွယ်-သစ်တော) မှ ပါတီဝင်အင်အား နှစ်ထောင်ကျော်ခန့်ရအောင် စုဆောင်းပေးမည်ဟု ပြောဆိုသည်ကို ကြိုဆိုပါကြောင်း အခမ်းအနားမှုး ဦးအေးမင်းထွန်း(မကွေးတိုင်းEC) က ကြေငြာသည်။ ဆက်လက်၍ မြို့နယ် ECရွေးချယ်ပွဲ အပြီး မကွေးတိုင်း NDF ပါတီအလုပ်အမှုဆောင်အဖွဲ့ လစဉ်အစည်းအဝေးကျင်းပသည်။
တိုင်းအစည်းအဝေး မစမှီ ယခင်မကွေးမြို့နယ်NDF ပါတီအတွင်းရေးမှူး (ဟောင်း) ဦးချစ်ကိုကို(တိုင်းNDF ပါတီအမှုဆောင်အဖွဲ့စည်းဝင်) က မြို့နယ် ဥက္ကဋ္ဌ အသစ်ထံသို့ သူ၏ ပါတီဝင်ကတ်ကို အပ်နှံ၍နှုတ်ထွက်ကြောင်းဆို၏။ ထို့ကြောင့် NDFပါတီ မှ ဘာကြောင့် နှုတ်ထွက်ရကြောင်းမေးမြန်းရာ..
`` နှုတ်ထွက်ရခြင်းအကြောင်းပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ ဒါပေမယ့် ပြောမှသိမယ့်သူတွေကို မပြောချင်တော့ ပါဘူး။ လက်ရှိယခု ရွေးချယ်လိုက်တဲ့ အမှုဆောင်အဖွဲ့ကိုလည်းမကြိုက်လို့ပါ။ ဒီပါတီကို ကျွန်တော်ရောက်လာစက ဘယ်သူမှ မရှိသေးပါဘူး၊ တော်တော်နည်းပါတယ်၊ ဒါပေမယ့် မြို့နယ်စည်းပေါ်အောင် ကျွန်တော်တို့ ဖော်ဆောင်ပေး ခဲ့ပြီးပါပြီ..။ နောက်လူတွေ ဆက်လုပ်ကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီNDF ပါတီဝင်အဖြစ်က လုံးလုံးထွက်ဖို့ ဆုံးဖြတ်ပြီး ပါပြီခင်ဗျာ..။´´ ဟုဦးချစ်ကိုကို က မြန်မာပို့စ် သို့ပြောသည်။
အဆိုပါအစည်းအဝေးတွင်မကွေးမြို့နယ်NDF ပါတီ ဥက္ကဋ္ဌ (ဟောင်း) ဦးအောင်လင်းဦး (တိုင်းNDFပါတီအလုပ်အမှု ဆောင်အဖွဲ့ဝင်) ၏ နာမည်နှင့် မကွေးတိုင်းမြန်မာ့ဆက်သွယ်ရေးသို့ လျှောက်ထားထုတ်ယူ၍ ရထားသော(၁၅၀၀ိ)CDMA 800 ဆင်ကတ် နှင့် ဟန်းဆက်ပါ ဖုန်းတစ်လုံးကို မကွေးတိုင်း NDF ပါတီရုံးပိုင်အဖြစ်အပ်နှံသည်။ ထို့နောက် ပါတီဝင် အဆိုပြုလွှာများကို တိုင်း ဥက္ကဋ္ဌ ဦးမြင့်ဖေ သို့ပေးအပ်သည်။ တိုင်းNLD ဥက္ကဋ္ဌ မှ မကွေးမြို့နယ်အတွက် ပါတီဝင် အသိအမှတ်ပြုကဒ် များ ပြန်လည်ပေးအပ်ကြကြောင်း သတင်းရရှိသည်။
``မကွေးမြို့နယ် ကြာကန်ကျေးရွာ (ငါးရက်ဈေး) ဈေးကောက်နှုန်းကြီး၍ ဈေးအိမ်သာမရှိ ဈေးတွင်းကျူးကျော်အိမ်များ နှင့် အမှိုက်များစုပုံထား ကျန်းမာရေးစိုးရိမ်ရ´´
Wednesday, July 24, 2013
``မကွေးမြို့ တ.စ.ည ပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲ´´

Monday, July 22, 2013
``မကွေးမြသလွန်စေတီတော်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်၍ ဘုရားဖူး အများပြည်သူများဖြင့် အလွန်စည်ကားလျှက်ရှိ´´


``မကွေးတိုင်းအတွင်း အကြီးဆုံးဟိုတယ် ဆိုရမည့် မကွေးမြို့မှ နန်းထိုက်သူ အဆင့်မြင့်ဟိုတယ် ဖွင့်ပြီ´´
``ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအားရည်းစူး၍ ပဲပြုပ်နဲ့ နံပြား ဂေါ်ဆွမ်းလောင်းလှူသော စကုမြို့´´
Friday, July 19, 2013
``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် သံဃာတော်(၉)ပါးဆွမ်းဆက်ကပ်´´
``မကွေးမြို့နယ် NLD ပါတီဝင်များ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ ချီတက်၍ လွမ်းသူပန်းခွေချ အလေးပြု´´
``မကွေးမြို့ 19 July (၆၆)နှစ်မြောက် အာဇာနည်နေ့ ကောင်းမှုဒါနကုသိုလ်များ အမျှဝေ´´
Monday, July 8, 2013
``မကွေးမြို့ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အလှူတော်မင်္ဂလာ´´
Sunday, July 7, 2013
``မကွေးမြို့တွင် 7 JULY နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ´´
``မြန်မာပြည်တွင်း၌ ရှားစေးစက်ရုံ တစ်လုံးတည်းသာရှိသော ဆိပ်ဖြူမြို့နယ်ရှိ မျိုးဇင်ဇာ ကုမ္ပဏီပိုင် ရှားစက်ရုံကို မပိတ်သိမ်းနိုင် ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ပြန်လည်ရှင်း´´
ဇူလိုင်(၄)ရက်မှ(၉)ရက်နေ့ထိ ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်း အဝေးတွင် (မိုးနည်းရေရှားဒေသ စိမ်းလန်းစိုပြေရေးကို ဖျက်ဆီးနေသော ဆိပ်ဖြူမြို့နယ်ရှိ` မျိုးဇင်ဇာ´ ရှားစေးချက်စက်ရုံကို ပိတ်သိမ်းပေးရန်) အစီအစဉ်ရှိ/မရှိမေးခွန်းတင်ခဲ့ကြောင်း၊ ၎င်းမေးခွန်းတင်သူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက အဆိုပါမေးခွန်းဖြေကြားချက်များနှင့်ပါတ်သက်၍ သဘောမကျခဲ့ကြောင်း၊ (အပူပိုင်းဒေသ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို ပြေရေး)နှင့် လုံးဝဖီလာကြီးဖြစ်နေကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ သစ်တောသတ္တုနှင့် စွမ်းအင် ၀န်ကြီး ဌာန ၀န်ကြီး ဦးသိန်းထွန်း ၏ ဖြေဆိုချက်များကို ဦးမြင့်စိုး က မြန်မာပို့စ်သို့ ပြောပြသည်။
မျိုးဇင်ဇာ ကုမ္ပဏီသည် ရှားစေးကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်အတွင်း ရှားစေးစက်ရုံတည်ပြီး ရှားစေးကို ရှားစေးအရည်အဖြစ်ကုန်ချောပြုလုပ်ပြီး အန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချကြောင်း၊ ထိုကုမ္ပဏီကို ၂၀၀၈၊ ဇန်န၀ါရီ(၁) နေ့တွင် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်- ၁၃၃၀/၂၀၀၇-၂၀၀၈ ဖြင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်အမှတ် မှတ်ပုံတင်လက်မှတ် ၂၁၆၉၁/၂၃-၁-၂၀၀၈၊ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ် အသင်းဝင်လက်အမှတ် ၁၇၃၀၇/၈-၂-၂၀၀၈ လက်မှတ် အသီးသီးဖြင့် လုပ်ကိုင်ခွင့်ရထားသော(အထောက်အထားများ တင်ပြ) ကုမ္ပဏီဖြစ်ကြောင်း၊ ထိုစက်ရုံကို အမှတ်(၁)၀န်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန( EI) မှ ၂၀၁၀ အောက်တိုဘာ(၁၂)ရက်နေ့စွဲဖြင့် ခွင့်ပြုခဲ့ပြီး ၂၀၁၂ နိုဝင်ဘာ (၂၂)ရက်နေ့စွဲဖြင့် ၎င်းEI က ယာယီလက်မှတ်ထုတ်ပေး၍ စက်ယန္တရားလည်ပတ်ခွင့်ပေးထားကြောင်း၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးရုံးစာဖြင့် ၂၀၁၀ အောက်တိုဘာ(၁၂)ရက်နေ့ခွင့်ပြုချက်အရ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၀ ခုနှစ်မှ၂၀၁၄ အထိ ရှားသစ်(သစ်မာ) ခွဲစိတ်ရန်အတွက် သက်ခွဲစက်(၃)လုံးကို နှစ်စဉ် သက်တမ်းတိုးပေးပြီး လုပ်ပိုင်ခွင့်ပေးထားကြောင်း၊ ကုန်ကြမ်း ရှားပင်များကိုလည်း ဆိပ်ဖြူမြို့နယ်အပြင် စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်း၊ ပေါက်၊ မင်းတုန်း စသည့်မြို့နယ်များမှ ရှားပင်များကို ၂၀၀၈မှ ၂၀၁၄ခုနှစ် အထိ နှစ်စဉ်သတ်မှတ်ပေးထားသော ရှားစေးပိဿာချိန်အလိုက် ရှားသစ်ပင်များကို ခုတ်ယူခွင့်ပြုပြီး ရှားစေးစက်ရုံအရောက် သယ်ဆောင်ခွင့်ပါ ပေးထားကြောင်း၊ ရှားပင်များခုတ်ရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရှားပင်ရင်စို့ လုံးပတ်(၄)ပေ အထက် အပင်ကြီးများ၊ ချောင်းမြောင်းနားအနီးတွင် ယိုင်လဲနေသောရှားပင်များကိုသာ ခုတ်ယူစေကြောင်း၊ အဆိုပါ ခုတ်လဲပြီးရှားပင် များကို ကားဖြင့်သယ်ယူရန်(၄)ပေအရှည်ခန့် ဖြတ်ယူတင်ဆောင်ပြီး ရှားပင်ခုတ်ပေးသော ဒေသခံရွာသား များကို ကာလပေါက်ဈေး သတ်မှတ်ပေး၍ ကုမ္ပဏီမှ ၀ယ်ယူကြောင်း၊ ဆုံးရှုံးသွားခဲ့သော ရှားပင်များအစား ၂၀၁၀ ခုစ၍ တစ်နှစ်လျှင် (၁၀)ဧကခန့် ရှား(သစ်မာ) ပင်များကို ပြန်လည်စိုက်ပျိုးရန် သက်ဆိုင်ရာမှ တွန်းအားပေးခဲ့ပြီး ပုဂ္ဂလိက စိုက်ခင်းအဖြစ် ဆက်လက်ဆောင် ရွက်စေရန် စီမံဆောင်ရွက်ထားကြောင်းရှင်းလင်းချက်တွင် ဖော်ပြထားသည်ဆို၏။
ဒေသခံများမှ မိရိုးဖလာအတိုင်း ရှားစေးထုတ်လုပ်လျှင် ရှားပင်(၁)တန်မှာ ရှားစေးပိဿာ(၂၅)ပိဿာ သာထွက်ပြီး မျိုးဇင်ဇာ ရှားစေးစက်ရုံမှ ၀န်ထမ်း(၃၇)ဦးလုပ်အားကိုအသုံးပြု၍ နည်းပညာသစ်များဖြင့် ရှားစေးစက်ရုံလည်ပတ်လျှင် ရှားပင်(၁)တန် မှာ ရှားစေးပိဿာချိန်ပေါင်း(၁၇၇) ပိဿာကျော်ထွက်ရှိကြောင်း၊ အဆိုပါ စက်ရုံမှ တစ်နေ့ ရှားပင်ကုန်ကြမ်း (၄.၅)တန်ကို ခွဲစိတ်ချက်လုပ်လျှင် ရှားစေးပိဿာပေါင်း(၇၀၉)ပိဿာကျော်ထွက်ရှိကြောင်း၊ ရာသီဥတု၊ လမ်းပန်းဆက် သွယ်မှု၊ ကုန်ကြမ်း ရရှိရန် အခက်အခဲများကြောင့် တစ်နှစ်လျှင် (၅)လခန့်မျှသာ စက်ရုံလည်ပတ်နိုင်ကြောင်း၊ အဆိုပါစက်ရုံ တည်ထားခြင်း ကြောင့် စက်ရုံလုပ်သား(၃၇)ဦး နှင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများ ရှားပင်ရောင်းရ၍ ၀င်ငွေများ ရရှိခြင်းတို့ကို အထောက်အကူပြုခြင်း၊ သက်ဆိုင်ရာဌာနများအတွက် အခွန်အကောက်ငွေများရရှိပြီး နိုင်ငံတော် အတွက် ၀င်ငွေများ နှစ်စဉ် တိုးတက်ရရှိနေပါကြောင်း၊ ဆိပ်ဖြူမြို့နယ်မှ မျိုးဇင်ဇာ ရှားစေးစက်ရုံမှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ပေးထားသော စက်ရုံဖြစ်ကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ အဆိုပါ ရှားစေးစက်ရုံ ပိတ်သိမ်းပေးရန် တောင်းဆိုခြင်းကို စက်ရုံပိတ်သိမ်းရန် အစီအစဉ်မရှိပါကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောသတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း၏ ပြန်လည်ရှင်းလင်းချက်များကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့သို့ ပြောသည်။
``မိုးနည်းရေရှားဒေသ စိမ်းလန်းစိုပြေရေးကို ဖျက်ဆီးနေသော ဆိပ်ဖြူမြို့နယ်တွင်းက ` မျိုးဇင်ဇာ´ ရှားစေးချက်စက်ရုံကို ပိတ်သိမ်းပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်သို့တင်ပြ´´
