Pages

Monday, July 8, 2013

``မကွေးမြို့ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အလှူတော်မင်္ဂလာ´´

မကွေးမြို့ ဈေးလယ်စိုးရပ် ဘုရားလမ်ရှိ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းဓမ္မဗိမာန်တွင် ဇူလိုင်(၈)ရက် နံနက်(၉)နာရီ အချိန်မှာ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အလှူတော်မင်္ဂလာ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါ ဆွမ်းလောင်းအသင်းသည် မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း(၂၀)ကျော် နှင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံးတော် မူလျှက်ရှိသော သံဃာတော်အရှင်အပါး(၂၀၀၀)ခန့်ကို နေ့စဉ်မပျက် အာရုံဆွမ်းလောင်းလှူပေးကြောင်း၊ (၈၈) အရေးတော်ပုံကာလ နှင့် ၂၀၀၇ သံဃအရေးတော်ပုံများကာလတွင်လည်း နေ့စဉ်မပျက်မကွက် ဘုန်းတော်ကြီးကျောင်းများသို့အရောက် ဆွမ်းပို့ ဆက်ကပ် လှူဒါန်းနိုင်ခဲ့သည်ဟု သိရသည်။ ဇူလိုင်(၈)ရက်နေ့ နံနက်(၉)နာရိတွင် နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ (၅၆)နှစ်မြောက် အသင်းနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အလှူတော်မင်္ဂလာသို့ ကြွရောက်ချီးမြှင့်သော ဆရာတော်ကြီး(၂၁)ပါးအား လှူဘွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း၊ ၎င်း(၅၆)နှစ်မြောက်နေ့တွင် ထာဝရဆွမ်းငွေပဒေသာပင်အလှူရှင် ဦးထွန်းခင် ဒေါ်ခင်မျိုးလဲ့မိသားစု မှ ဆွမ်းပဒေသာပင်ငွေကျပ်(၅၆)သိန်း(၁)သောင်းပေးအပ်လှူဒါန်းကြောင်း၊ မကွေးတိုင်းဆေးရုံကြီးတွင် တက်ရောက်လျှက် ဆေးကုသနေကြသော သံဃာတော်များအတွက် (၂၁)ကြိမ်မြောက် ဘေသစ္စဒါန ဆေးဘိုးအလှူ တော်ငွေ တစ်သိန်း နှစ်သောင်းလှူဒါန်းကြောင်း၊ ဖန်းခါးမြေ ဘိုးဘွားရိပ်သာအတွက် တစ်နေ့တာ အဟာရဒါနအလှူတော်ငွေ နှစ်သောင်း ငါးထောင်လှူဒါန်းကြောင်း၊ သီတာရုံသီလရှင်ကျောင်းနှင့် သာသနာ့ဂုဏ်ရည်သီလရှင်ကျောင်းများအတွက် စာရေးကိရိယာ များ အသီးသီးလှူဒါန်းကြောင်း ၊ အသင်း၏လုပ်ငန်းအရပ်ရပ်နှင့် စပ်လျဉ်း၍ အသင်း၏အတွင်းရေးမှူး ဦးခင်မောင်တင့်မှ ဖတ်ကြားလျှောက်ထား၍ အဆိုပါအခမ်းအနားကို ဖိတ်ကြားထားသူ ဆွမ်းအလှူရှင်များနှင့် ဧည့်သည်တော် များ (၁၀၀)ခန့်ကြွရောက်ချီးမြှင့်၍ နေ့လည်(၁၁)နာရီတွင်အခမ်းအနားပြီးကြောင်း နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးတင်လှိုင် က မြန်မာပို့စ် သို့ပြောသည်။

No comments:

Post a Comment