ရွှေလမ်းငွေလမ်း ဝင်းကြည်
မြေလတ်ဂျာနယ်
Pages
(Move to ...)
Home
မာတိကာ
▼
Saturday, August 3, 2013
စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ကို မြို့နယ်အဆင့်တိုးမြှင့်ပေးရန် သမ္မတထံတင်ထား တစ်နှစ်ရှိသော်လည်း အကြောင်းမထူး
``ကျွန်တော်တို့ ဆင်းဖြူကျွန်းမြို့ က စလင်းမြို့ထက် စီးပွားရေး လူမှုရေး အစစအရာရာပိုပါတယ်။ မြေလတ်ဒေသမှာ ဆင်းဖြူကျွန်းမြို့ဟာ မီးဖိုချောင်အတွက် ဟင်းအိုးကြီးဆိုရင် မမှားပါဘူး။ ကုန်စိမ်းများနဲ့ ဒေသခံထွက်ကုန်တွေကို ရန်ကုန်မြို့ထိ ကားလမ်း ရေလမ်းကနေ သင်္ဘောစင်းလုံးနဲ့ တင်ပို့နေကြပါတယ်။ စလင်းမြို့နယ်ကြီးကလဲ တော်တော်ကြီးပါတယ်။ ဒါကြောင့် ဆင်ဖြူကျွန်းမြို့ကို မြို့နယ်တစ်ခုအဖြစ်ခွဲပေးစေလိုပါတယ်။ မြို့နယ်မြို့ မဖြစ်ဖြစ်အောင် ကျွန်တော်တို့ကော်မတီနဲ့ မြို့လူထူ နယ်လူထုအားလုံးစုပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားကြမှာပါ။ သြဂုတ်လ(၅)ရက်နေ့မှာ ကျွန်တော်တို့ ဆင်ဖြူကျွန်းမြို့နယ်ခွဲအဖြစ်တောင်းဆိုရေးကော်မတီနဲ့ စလင်းမြို့အုပ်ချုပ်ရေးမှူးအပါအ၀င် ဌာနဆိုင်ရာလူကြီးတွေ မြို့မိ မြို့ဖဆွေ ဆွေးနွေးညှိနှိုင်းကြပါ့မယ်။ ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာတွေကိုလဲဖိတ်ကြားထားပါတယ်..။´´ ဟု ဆင်ဖြူကျွန်းမြို့ မြို့နယ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်ဝင်း က မြန်မာပို့စ် သို့ပြောသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment