ရွှေလမ်းငွေလမ်း ဝင်းကြည်
မြေလတ်ဂျာနယ်
Pages
(Move to ...)
Home
မာတိကာ
▼
Monday, August 12, 2013
``မကွေးမြို့တွင် မိုဘိုင်းဖုန်းပြုပြင်ရေး အတွက် PMC (Mobile Hardware & Software Training Center) ပထမ အဦးဆုံး သင်တန်းဖွင့်´´
မြေလတ်ဒေသရှိ လူငယ်များအတွက် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲလာသော နည်းပညာနှင့် လိုအပ်သည့် စီမံခန့်ခွဲမှုအခြေခံသဘောတရားများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆီးပေးနိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် (Mobile Hardware & Software Training Center) ကို မကွေးမြို့၊ရန်ဝေးရပ်၊ ပြည်တော်လမ်း၊ အမှတ်(ပ/၇)၊ ကားကြီးကွင်း တောင်ဘက်တွင်ဖွင့်လှစ်ကြောင်း၊ နယ်မှသင်တန်းများအတွက် အဆောင်အခမဲ့စီစဉ်ပေးခြင်း၊ သင်တန်းပြီးစီပြီးနောက် အသစ်ထွက်သောနည်းပညာများအတွက် မွမ်းမံသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးပို့ခြင်း၊ သင်တန်းသားတစ်ဦးလျှင် Laptop တစ်လုံးစီဖြင့်သင်ကြားပေးခြင်း၊ မိုဘိုင်းဖုန်းနှင့်ပတ်သက်သော Hardware & Software မှ အမှန်တကယ်အသုံးဝင်သည့် Data များပံ့ပိုးပေး၍ ဆိုင်ရာပစ္စည်းများကို PMC တွင်အခမဲ့လာရောက်အသုံးပြုနိုင်ကြောင်း၊ သင်တန်းမတက်မီ အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း၊ သင်တန်းဆင်းများကို သက်ဆိုင်ရာမှ လိုအပ်သော Mobile ဖုန်းဆိုင်များသို့ တာဝန်ခံချိတ်ဆက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်၊ ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်အောင် တာဝန်ယူမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ နှစ်လသတ်မှတ်၍ သင်တန်းချိန်များမှာ နံနက်(၉ မှ ၁၂)နာရီအထိ သင်တန်းသား(၂၀)ဦး နှင့် နေ့လည် (၁ မှ ၄)နာရီအထိ သင်တန်းသား(၂၀)ဦးကို သင်တန်းဆရာ ဆယ်ဦးတို့ဖြင့် တစ်ရက် နှစ်ချိန်ပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းကြေးမှာ တစ်ဦးလျှင် နှစ်သိန်းခွဲကျပ်ဖြစ်ကြောင်း၊ PMC ဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment