Pages

Saturday, September 21, 2013

``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြင်ဆင်ပြီ..။´´

စက်တင်ဘာ(၂၁/၂၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃း၃၀)နာရီအထိ နှစ်ရက်တွင် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို မကွေးမြို့ တက္ကသိုလ်လမ်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (မကွေးတိုင်း ဒေသကြီး) ပါတီရုံးချုပ်တွင်ပြုလုပ်ကြောင်း။ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်အဖွင့်အမှာစကားပြောကြား၍ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ချောက်၊ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်မြို့မှ ကော်မတီဝင်များ၊ မကွေးမြို့(၁၅) ရပ်ကွက်မှ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု(၄)အုပ်စုမှ စည်းရုံးရေးမှူးများ နှင့် ရေနံချောင်းမြို့မှ လူမှုရေးဆောင်ရွက်နေသော NGO အဖွဲ့များ စုစုပေါင်း(၁၅၀)ခန့်တက်ရောက် ဆွေးနွေးကြကြောင်းသိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ဦးဆောင်ကူညီသောအဖွဲ့မှာ ရန်ကုန်မြို့အခြေစိုက် Myanmar Egress နှင့် The Sun Instrtute အဖွဲ့မှ ဦးအောင်ကိုကို က နိုင်ငံရေးနှင့်ပတ်သက်သောသင်တန်းများပို့ချခြင်း၊ နိုင်ငံရေးဘောဂဗေဒ အကြောင်းများ ဆွေးနွေးခြင်း နှင့် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်း ဖြေကြားဆွေးနွေးကြကြောင်း၊ စက်တင်ဘာ(၂၂)ရက်နေ့တွင် နိုင်ငံရေးပညာရှင်များဖြစ်ကြသည့် ဦးနေမျိုးမောင် နှင့် ဦးနိုင်လင်းထွန်း တို့နှစ်ဦးနှင့် တက်ရောက်သူများ အပြန်အလှန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment