Pages

Monday, March 17, 2014

မင်းဘူးမြို့တွင် မီးလောင်မှုဖြစ်ပွား

မင်းဘူး မတ် ၁၅ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် မတ်လ(၁၅)ရက်နေ့က သနပ်ခါးတောရပ်တွင်နေထိုင်သူ မောင်အောင်ခိုင်(ခ)ဖိုးနီသည် နေအိမ်တွင် တစ်ဦးတည်းရှိနေရာမှ ထမင်းချက်ပြုတ်စားသောက်ကာ မီးငြိမ်းသတ်ပြီး နေအိမ်အပြင်ဘက်သို့ ထွက်သွားစဉ် မီးကြွင်းမီးကျန်မှတဆင့် နေလယ်(၃)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ (၁၅၃၀)ချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှတွင် ၃ပင်၂ပင်မြေစိုက်ထရံကာ သွပ်မိုး ၀ါးကြမ်းခင်းတဲအိမ် တလုံး၊၁၂×၁၂ ပေ ပတ်လည် ၀ါးကြမ်းခင်းထရံကာ သက်ကယ်မိုး မြေစိုက်တဲအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၃၀၀၀၀ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မောင်အောင်ခိုင်(ခ)ဖိုးနီအား အရေးယူထားကြောင်းသိရှိရသည်။ အဆိုပါမီးလောင်ကျွမ်းရာသို့ တာဝန်ရှိသူများရောက်ရှိကြပြီး မင်းဘူးမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၃စီး မကွေးမှ မီးသတ်ယာဉ်၁စီး မန်းရေနံမြေမှမီးသတ်ယာဉ်၁စီး မြို့နယ်စည်ပင်မှ မီးသတ်ယာဉ်၁စီးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ သူရထွန်း(မကွေး) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment