Pages

Wednesday, February 18, 2015

စံပြလယ်ယာမြေဧက ၂၀၀ ဖော်ထုတ်




တောင်တွင်းကြီး   ဖေဖော်ဝါရီ   ၁၈
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်lပရပ်ကြယ်ကျေးရွာအုပ်စုကွင်း
အမှတ် ၂၀၉၈ (က)နှင့် ၂၀၉၈(ခ)တိုတွင်တောင်သူလယ်သမားများ၏ပုံ
သဏ္ဍန်မမှန်သောလယ်ကွတ်များနှင့်ရေသွင်းရေထုတ်မလွယ်ကူသည့်လယ်
မြေဧက ၂၀၀  ကိုစံပြလယ်ယာမြေအဖြစ်ဖော်ထုတ်လျှက်ရှိရာမကွေးတိုင်း
ဒေသကြီးအစိုးရအဖွဲဝန်ကြီးချူ ပ်ဦးဘုန်းမော်ရွှေနှင့်အဖွဲ့သည်ဖေဖော်ဝါရီ ၁၇
ရက်မွန်းလွဲ  ၂  နာရီကအဆိုပါလုပ်ငန်းခွင်သို့ရောက်ရှိရာမြို့နယ်အုပ်ချူ ပ်ရေး
မှူးဦးသိန်းဇော်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက်ဒေသခံတောင်
သူများနှင့်တွေ့ဆုံကာတောင်သူများ၏တင်ပြချက်များကိုရှင်းလင်းဖြေကြားခဲ့
ပြီးစံပြလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုကွင်းဆင်းကြည့်ရှု၍လိုအပ်ချက်များကိုကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့
သည်။
        တောင်သူလယ်သမားအကျိုးပြုစံပြလယ်ယာမြေအဖြစ်ဇန်နဝါရီ  ၉  ရက်မှစ၍ဒေသံတောင်သူများကုန်ကျစရိတ်များပေးချေရန်မလိုပဲအခမဲ့ဖော်
ထုတ်ပေးခြင်းဖြစ်ပြီးလာမည်နှစ်များတွင်လည်းစံပြလယ်ယာမြေများဆက်
လက်ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာန
မှူးဦးသိန်းလွင်ဦးကပြောကြားသည်။
                                                       နိုင်ဝင်း

No comments:

Post a Comment