Pages

Sunday, June 14, 2015

မင်းဘူးမြို့ပေါ်တွင် ရွှေဧရာစတိုးဆိုင်မှာ လူတစ်ဦး ဓါတ်လိုက် သေဆုံး

မင်းဘူး     ဇွန်     ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးခရိုင်ဆေးရုံကြီးတွင် ဓါတ်လိုက်သေဆုံးသော အမျိုးသား (၁)ဦး ရောက်ရှိနေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ သက်သေများ နှင့် အတူ သွားရောက် စစ်ဆေးရာ ၀က်လက်မြို့နယ်၊ နှမ်းကြီးကျေးရွာနေသူ ရွှေသိုက်ကုမ္ပဏီ သံပန်းစင် လုပ်သား ချစ်ကောင်း (၂၂)နှစ်သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ မင်းဘူး-စကု ကားလမ်းဘေးရှိ ရွှေဧရာမိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် အရောင်းဆိုင်ရှိ ဈေးဆိုင်ဆိုင်းဘုတ်အား ကုမ္ပဏီ၏ တာဝန်ပေးချက်အရ ပြုပြင်စဉ် အမြင့်(၁၅)ပေရှိ သံစင်ပေါ်တက်၍ ဖောက်စက်အသုံးပြုရန် ရွှေဧရာဆိုင် အတွင်းရှိ ၀ါယာမှ Extension ကြိုးဖြင့် လျှပ်စစ်မီးအား ဖောက်ယူသုံးစွဲရာတွင် ကြိုးအား မီးတိတ်ပတ် ထားခြင်း မရှိသဖြင့် သွပ်မိုးနှင့်ထိ၍ လျှပ်စီး ၀င်ကာဓါတ်လိုက်ပြီး သံစင်အောက်(၂)ပေခန့် နိမ့်သည့် ဆိုင်ခေါင်မိုးပေါ်သို့ ပြုတ်ကျသေဆုံးကြောင်း စစ်ဆေးသိရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေတခင်း အမှတ်စဉ် ၂/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment