Pages

Sunday, June 14, 2015

မင်းဘူးမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင် သေဆုံးနေ

မင်းဘူး     ဇွန်     ၁၄
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ အောက်ကျောင်းကျေးရွာတွင် အမျိုးသား တစ်ဦး ၎င်းနေအိမ် တွင် သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူ မှာ အောက်ကျောင်းကျေးရွာနေသူ ဦးခင်မောင်ချို (၆၁)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ နေ အိမ်လှေကားထိပ်တွင် ခြေထောက် နှစ်ချောင်းမှာ လှေကားထစ်ပေါ် တင်လျှက် ကိုယ်ခန္ဓာမှာကြမ်းပြင်ပေါ် တွင် တုံးလုံးအနေအထားဖြင့် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဦးခင်မောင်ချို သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စိစစ်နိုင်ပါရန် မင်းဘူး မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment