Pages

Sunday, June 14, 2015

တောင်တွင်းကြီးမြို့နယ်တွင် မိမိကိုယ်ကို သေကြောင်း ကြံစည်သူကို အရေးယူ

တောင်တွင်းကြီး     ဇွန်      ၁၂

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်၍ ရောက်ရှိဆေးကုသမှု ခံယူလျက် ရှိကြောင်း ဖုန်းဖြင့် အကြောင်း ကြားချက်အရ သွားရောက်စစ်ဆေးရာ တောင်တွင်းကြီးမြို့နယ်၊ ငွေဘိုကျေးရွာနေသူ မလှလေး(၃၈)နှစ် သည် ၎င်း၏ မိသားစုနှင့် အဆင်မပြေသဖြင့် စိတ်ညစ်၍ `မာလာမြိုင်ဆိုက်ဘာ´ ရွက်ဖျန်းပိုးသတ်ဆေး အား သောက်ပြီး မူးဝေအော့အန်နေသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း စစ်ဆေး သိရှိရသဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သူ မလှလေးအား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၃၅/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment