Pages

Sunday, June 14, 2015

မကွေးမြို့ပေါ်တွင် မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးမှုဖြင့် အရေးယူ

မကွေး     ဇွန်      ၁၂
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ည(၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုအများဆုံး ဖြစ်ပွားသည့် မကွေးမြို့၊ ရွှေညောင် (၁)ရပ်၊ ကမ်းနားလမ်းဘေး၌ လှည့်ကင်းဆောင်ရွက်စဉ် ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ကျေးရွာ နေသူ များဖြစ်သော ၀င်းစိုး (၄၄)နှစ်၊ ထွန်းလင်းဝေ (၂၆)နှစ်နှင့် မျိုးမင်းသက် (၂၁)နှစ်တို့ (၃)ဦး စီးနင်း လာသော ၃၄ယ/၁၅၁၄၁၉ YUNDE100 အနက်ရောင် ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေး ရာ ဆိုင်ကယ်ပေါ်ပါ ထွန်းလင်းဝေ၏ ခါးကြားတွင် အရိုး(၄)လက်မ၊ အသွား(၈)လက်မခန့်ရှိ သစ်သား ရိုးတပ် ဓါးမြှောင်တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိပြီး ယင်းဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းတို့ (၃) ဦးမှ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်အား နေအိမ် အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မင်္ကာ၍ ၀င်းစိုးပါ(၃)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၁၈/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း၊ တရားမ၀င် ဓါးကိုင်ဆောင်သူ ထွန်းလင်းဝေအား မကွေးမြို့မရဲစခန်း (ပ)၂၁၆/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment