Pages

Thursday, July 23, 2015

 
 
 
 
 
“သူရဦးအောင်ကိုထံ လူနာမေးသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်”
ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သူရဦးအောင်ကို ဆေးကုသမှုခံယူနေသည်ကို ဒေါ်အောင်ဆန်းစုကြည်က လူနာသတင်းမေးသွားရောက်ခဲ့သည်။
သူရဦးအောင်ကိုသည် နှလုံးခုန်နှုန်း ၁၅၅ ထိရောက်နေသည့်အတွက် ဆေးရုံတက်ရောက်ကုသခံရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌတစ်ဦး ဖြစ်သည့် သူရဦးအောင်ကိုသည် ပုဒ်မ ၁၈ ဖျက်သိမ်းနိုင်ရေး အပါအဝင် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်သော ဥပဒေများ၊ကို လွှတ်တော်တွင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးတွင် ရဲဝံ့စွာပြောကြားသူတစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် နေပြည်တော်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ကို တက်ရောက်ခဲ့သည့် တစ်ဦးတည်းသော ပြည်ခိုင်ဖြိုးအမတ်လည်း ဖြစ်သည်။

ဓာတ်ပုံ-Thetdwe Aung FB

No comments:

Post a Comment