Pages

Friday, July 31, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ်မုန်းချောင်းရေကြီးရေလျှံမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

Ye Htut shared MOI Webportal Myanmar's post. မှ ကူးယူဖော်ပြသည်။
4 hrs ·
 
 
 
 
 
 
 
 
 
 
 
 
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ်မုန်းချောင်းရေကြီးရေလျှံမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ(၂၉) ရက်နှင့် (၃၀) ရက်တို့တွင် မိုးများအဆက် မပြတ်သည်းထန်စွာ ရွာသွန်းပြီး မုန်းချောင်း ရေကြီးရေလျှံမှုအခြေအနေကြောင့် မြို့ပေါ်ရပ်ကွက် အားလုံး တွင် ရေများ မြှင့်တက်လာသဖြင့် ဒေသခံပြည်သူလူထုများ ဘေးကင်းရာ သို့ ပြောင်းရွှေ့လျက်ရှိကြောင်း ဇူလိုင်လ (၃၁)ရက် နံနက်(၁၁း၂၀)အချိန်တွင် သိရှိရသည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေကိုယ်တိုင် ပါဝင်၍ သက်ကြီး ရွယ်အိုများနှင့် ပြည်သူများကို စက်တပ် ရေယာဉ်နှင့် လှေများဖြင့် ဦးစားပေး ကယ်ဆယ်နေကြောင်း သိရှိရသည်။ ထိုသို့ကယ်ဆယ်ရာတွင် မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တပ်မတော်သားများ မီးသတ် စခန်းမှ ရဲဘော်များ ဌာနဆိုင်ရာများ၊ NGOနှင့်လူမှု ရေးအဖွဲ့အစည်း များမှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
သန်းဌေး(မင်းဘူး)

No comments:

Post a Comment