Pages

Friday, July 31, 2015

ရခိုင်ရိုးမကနေ မြစ်ဖျားခံတဲ့ မန်းချောင်းမှာပါ ရေကြီးရင်တော့ မကွေးမြို့ဟာ ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။

Thinn Soe shared Kamayut Media's post. မှကူးယူဖော်ပြသည်။
1 hr · Edited ·
ရေတွေ ရထားလမ်းတက်လျှောက်
ချင်းတောင်တန်းတွေပေါ် မြစ်ဖျားခံစီဆင်းလာတဲ့ မုန်းချောင်းဟာ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေတိုးတာကြောင့် မကွေးတိုင်း စေတုတ္တရာမြို့နဲ့ ပွင့်ဖြူမြို့တွေကို ရေဖုံးလွှမ်းသွားပါတယ်။ ပွင့်ဖြူက မီးရထားလမ်း ကျိုးသွားတာကို ဒေသခံတစ်ယောက်က ဒီကနေ့ညနေ ၄နာရီမှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ မုန်းချောင်းဟာ ရေနံချောင်းနားမှာ ဧရာဝတီမြစ်ထဲ စီးဝင်တာဖြစ်ပြီး ရခိုင်ရိုးမကနေ မြစ်ဖျားခံတဲ့ မန်းချောင်းမှာပါ ရေကြီးရင်တော့ မကွေးမြို့ဟာ ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။
(ဓာတ်ပုံ - Alinkar Kyawswar)

No comments:

Post a Comment