Pages

Monday, October 12, 2015

အမျိုးဘာသာသာသနာကို ထိန်းသိမ်းမြှင့်တင်မယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် သမ္မတအကြံပေး (ငြိမ်း) ဦးနေဇင်လတ်ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီ

Kamayut Media added 8 new photos from October 12. မှ ကူးယူဖော်ပြသည်။
Yesterday · ·
အမျိုးဘာသာသာသနာကို ထိန်းသိမ်းမြှင့်တင်မယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် သမ္မတအကြံပေး (ငြိမ်း) ဦးနေဇင်လတ်ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ အောက်တိုဘာ ၁၂ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မှာ ရဟန်းရှင်လူပြည်သူတွေကို သူတို့ပါတီရဲ့အမတ်လောင်းတွေကို အပ်နှံတဲ့ပွဲ လုပ်ခဲ့ပါတယ်။
မဘသ သံဃာတစ်ပါးက မျိုးစောင့်ဥပဒေ ၄ခုကို ထောက်ခံသလားဆိုတဲ့ မေးခွန်းကို မေးခဲ့ပြီး ဦးနေဇင်လတ်က နောင်နှစ်ပေါင်းများစွာကို မျှော်ကြည့်ပြီး ရေးထားတဲ့ဥပဒေတွေဖြစ်လို့ ထောက်ခံတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီသံဃာတစ်ပါးကပဲ ရွေးကောက်ပွဲမှာ သံဃာတွေ မဲပေးနိုင်ခွင့်အပေါ် သဘောထား မေးရာမှာလည်း အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌက အခြားဘာသာရေး ခေါင်းဆောင်တွေ မဲပေးခွင့်ရှိရင် သံဃာတွေ မဲပေးခွင့်ရနိုင်ရမယ်လို့ ဖြေခဲ့ပါတယ်။
(ဓာတ်ပုံ - ကျော်ဇင်သန့်/ကမာရွတ်မီဒီယာ)

No comments:

Post a Comment