Pages

Monday, October 12, 2015

ဂန္ထဝင်မေမေ ကရုဏာမေမေ ကောင်းကင်မေမေ မြင်းမိုရ်မေမေ

Thin Nandi and U Aung Win shared သုခဝိဟာရီ အရှင်ဓမ္မာစာရ's post.မှ ကူးယူဖော်ပြပါသည်.
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
သုခဝိဟာရီ အရှင်ဓမ္မာစာရ added 24 new photos — with ငါကမျိုးချစ်သွေး ရဲမှမိတ်ဆွေလုပ် and 38 others.
ဂန္ထဝင်မေမေ ကရုဏာမေမေ
ကောင်းကင်မေမေ မြင်းမိုရ်မေမေ
**********************************

မေတ္တာအမြုတေ ဒို့ မေမေ
---------------------------
မေမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုပန်း နေမှာနွမ်းသောကြောင့်။
မေမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုစမ်း နွေမှာခမ်းသောကြောင့်။
မေမေ့မေတ္တာ လစန္ဒာနှင့်
ပမာခိုင်းဆို မနှိုင်းလိုပါ
ထိုလ တိမ်ဖုံးမသာသောကြောင့်။
မေမေ့မေတ္တာ ထိုအရာကား
နေမှာမနွမ်း နွေမခမ်းနှင့်
တိမ်လွှမ်းမသာ မရှိပါဘဲ
ထာဝရတည်နေ အမြုတေပါတည်း။
သုခဝိဟာရီ အရှင်ဓမ္မာစာရ
Thin Nandi shared သုခဝိဟာရီ အရှင်ဓမ္မာစာရ's post.

No comments:

Post a Comment