Pages

Thursday, October 15, 2015

မင်းဘူးမြို့ ဧရာဝတီတံတား(မကွေး) Toll Gate အနီး မြေပြိုမှုဖြစ်ပွား၊ လူအသေအပျောက်မရှိ




မင်းဘူး       အောက်တိုဘာ      ၁၅
          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် ဧရာဝတီတံတား(မကွေး) Toll Gate အနီး မင်းဘူးမှ မကွေး ဆိုင်ကယ် သွားလမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့သည်။


          ဖြစ်စဉ်မှာ အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်(၁၀း၁၅)နာရီအချိန်တွင် မင်းဘူးဘက်မှ မကွေးမြို့သို့ ဧရာဝတီတံတား(မကွေး)ဆိုင်ကယ်ဖြတ်သန်းခ ပေးဆောင်ပြီး အမျိုးသမီး(၄)ဦး၊ဆိုင်ကယ်(၂)စီးဖြင့် ဖြတ်သန်းစဉ် လမ်းအရှေ့ဘက်ရှိ တောင်ကမ်းပါးယံ မြေသာနှင့် ကျောက်တုံးများပြိုကျလာပြီး ဆိုင်ကယ်စီးနှင်းသူနှင့် နောက်မှလိုက်ပါလာသူများ မြေပြိုပိခဲ့သည်။ယင်းဖြစ်စဉ်အား အနီးရှိ Toll Gate တွင်တာဝန်ကျဝန်ထမ်းများနှင့် ခရီးသွားပြည်သူများမှ အမြန် ကယ်ဆယ်မှုပြုလုပ်ခဲ့သဖြင့် စကုမြို့ အမှတ်(၂)ရပ်ကွက်နေ မသွယ်သွယ်နှင့် မသက်သက်နွယ် မြေပြိုကျ၍ ခဲများစဉ်သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးနိုင်ခဲ့သည်။ကျန်ရှိနေသော မြေပြိုပိနေသည့် အမျိုးသမီး(၂)ဦးဖြစ်သည့် မင်းဘူးမြို့ ရွာသာယာကျေးရွာနေ ဒေါ်စန္ဒာဦးနှင့်မထက်ထက်ကိုတို့အား မြေပြိုပိရာမှ အမြန်ကယ်ထုတ်နိုင်ခဲ့ပြီး မင်းဘူး ပြည့်သူ့ဆေးရုံးကြီးတွင်  ဆေးကုသမှု(မစိုးရိမ်ရ) ခံယူလျက်ရှိသည်။
          အဆိုပါ မြေပြိုကျမှုအား မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း ၍ ဘက်ဟိုးကား(၅)စီး၊မြေထိုးစက်(၂)စီး၊မြေသယ်ယာဉ်(၃)စီးတို့ဖြင့် လမ်းရှင်းခြင်း၊မြေသယ်ခြင်းများ ချက်ချင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ယာဉ်များပုံမှန် သွားလာနိုင်လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

No comments:

Post a Comment