Pages

Friday, November 6, 2015

(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် ပခုက္ကူ ဒေသခံများက NLD ပါတီအား ထောက်ခံကြောင်း လှည့်လည်ပွဲ ပြုလုပ်

Eleven Media Group added 20 new photos. မှ ကူးယူဖော်ပြသည်။
4 hrs ·
ပခုက္ကူ ဒေသခံများက NLD ပါတီအား ထောက်ခံကြောင်း လှည့်လည်ပွဲ ပြုလုပ်
ပခုက္ကူ ဒေသခံများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသည့် လှည့်လည်ပွဲအား ယနေ့ (နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် စတင်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အင်အားပြလှည့်လည် ပွဲအတွက် ပခုက္ကူမြို့ခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုချက်တင်ခဲ့ရာ ပါတီတစ်ခုကို ထောက်ခံသည့် အင်အားပြ လှည့်လည်မှု ဖြစ်နေခြင်းကြောင့် လှည့်လည်ပွဲအား ခွင့်မပြုသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပူးပေါင်းပြီး ပခုက္ကူမြို့ခံများက အင်အားပြလှည့်လည်ခဲ့ရခြင်း ဖြစ်ကြောင်း ပခုက္ကူ မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် (၂) NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်းက ပြောကြားပါသည်။
"ပခုက္ကူမြို့ခံတွေက NLD နဲ့ အမြဲတသားတည်း ရှိနေကြောင်း ပြဖို့အတွက် ဒီထောက်ခံအင်းအားပြပွဲပြုလုပ်တာပါ။ ညနေ ၃ နာရီအထိ လှည့်လည်သွားပါမယ်" ဟု ဦးဆောင်သူ ဦးပြည့်ဖြိုးကျော်က ပြောကြားခဲ့သည်။

No comments:

Post a Comment