Pages

Friday, May 27, 2016

မိဘပြည်သူများနှင့် တစ်နိင်ငံလုံးရှိကျောင်းသားသမဂ္ဂများသိရှိစေရန် ကြေငြာအပ်ပါသည်။

‪#‎နကသလက်မခံ‬
မိဘပြည်သူများနှင့် တစ်နိင်ငံလုံးရှိကျောင်းသားသမဂ္ဂများသိရှိစေရန် ကြေငြာအပ်ပါသည်။
၂၅ရက် ၅လ၂၀၁၆တွင့်အလျင်စလို ဖွဲ့ စည်းလိုက်သော နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲံချုပ်သည် တစ်နိုင်ငံလုံးရှိကျောင်းသားသမဂ္ဂများကို ကိုယ်စားပြု ခြင်းမရှိကြောင်းနှင့် အဆိုပါဖွဲ့ စည်းမှုအားမကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့် လုံးလ လက်ခံခြင်းမရှိကြောင်း။
နကသ ၏ တစ်နိုင်ငံလုံးကျောင်းသားသမဂ္ဂများစုစည်းပေးမည်ဆိုသောရည်ရွယ်ချက်မှာ မိမိတို့ ကိုယ်မိမိ အထင်းကြီးလွန်းပြီ အခြားသမဂ္ဂများ၏ သမဂ္ဂစိတ်ဓါတ်များအပေါ် ဂရုမပြု့ စော်ကားခြင်းဖြစ်သည်။
နကသ အနေဖြင့် အလျင်စလို ဖွဲ့ စည်းပြီး ညီလာခံခေါ်ယူနိုင်ရေးဆိုသောစိတ်ကူးတွေမှာ မိမိတို့ ၏ အာဏာရှင်ဆန်ဆန် စိတ်ကူးများအပေါ်အခြေခံကာတွေးခေါ်လုပ်ဆောင်မှု မျှသာဖြစ်သည်။
ဗကသ မြေလတ် ၁၁ဦးကော်မတီသည် မြေလတ်ဒေသကျောင်းသားသမဂ္ဂများအကိုကိုယ်စား ပြုခြင်းမရှိကြောင်းအသိပေးပါသည်။
အဆိုပါ၁၁ဦးသည်မိမိတို့ ဘာသာ ရွေးချယ်တင်မြှောက်ထားခြင်းသာဖြစ်ပါသည်။ အဆိုပါနကသအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်စုကြည်ဦးဆောင်သော နိုင်ငံတော်အစိုးနှင့် ပညာရေးကိစ္စများဆွေးနွေးမည်ဆိုသည်မှာ စိတ်ကူယဉ်ဆန်သောအတွေးအခေါ်များသာဖြစ်ပြီးလက်ရှိအစိုးရအပေါ်မယုံကြည်ကြောင်းကိုပြသခြင်းသာဖြစ်သည်။သမဂ္ဂရုံးခန်းများရရှိရေးဆိုသည်မှာ လူကြားကောင်းအောင်ပြောထားသောစကားများသာဖြစ်သည်။ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအစိုးရကိုယုံကြည်သောကြောင့် သမဂ္ဂရုံးခန်း ရရှိရေးနှင့်ပညာရေးပြောင်းလဲရေးကိစ္စတို့ မှာ နိုင်ငံလုံးကျောင်းသားထုညီလာခံလုပ်ဖိုါလိုခိုင်လုံတဲ့အကြောင်းပြချက်များမဟုတ်ပါ။ သို့ ပါသောကြောင့်
ဗကသ မြေလတ်၁၁ဦးနှင့်
နကသ ဆိုသောအဖွဲ့ များရဲ့ ယခုလုပ်ဆောင်ချက်များကို မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် လုံးဝမထောက်ခံကြောင်းနှင့် ကိုယ်စားပြု့ မှု မရှိကြောင်း သိစေအပ်ပါသည်။
အဆိုပါထုတ်ပြန်ချက်သည် မကွေးတက္ကသိုလ်ဦးဆောင်ကကော်မတီ ၏ဆွေးနွေးဆုံးဖြတ်ချက်ဖြစ်သည်။
မကွေးတက္ကသိုလ်၏ကိုယ်စားပြု့ မှုနှင့် လုပ်ဆောင်ချက်များကို မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂPAGE တွင် လေ့လာနိုင်ပါသည်။
ဥက္ကဌ
မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မကွေးတက္ကသိုလ်။
postတင်သူ
အတွင်းရေးမှူး

No comments:

Post a Comment