Pages

Thursday, June 2, 2016

သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း

Aung Kyawkyaw shared RFA Burmese's photo — with Myat Lay Oo and Yamin Hlaing. မှ ကူးယူဖော်ပြသည်။
18 hrs ·
☆ဒေါ်ယမင်းလှိုင်အဆိုတင်
ကိုမြတ်လေးဦးထောက်ခံ☆
■■■■■■■
သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း
မကွေးတိုင်း အနောက်ခြမ်း ဂန့််ဂေါနဲ့ တ၀ိုက်မှာ သစ်ခိုးထုတ်တာတွေနဲ့ သစ်အလွန်အကျံ ခုတ်ယူနေတာတွေကြောင့် တောင်ကတုံးတွေဖြစ်နေတဲ့အတွက် သစ်တောထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ အလွယ်တကူရရှိနိုင်တဲ့ Chain-Saw ခေါ် လျှပ်စစ်လွှတွေနဲ့ သစ်တွေခုတ်ယူနေတာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရဲ့ စာရင်းအရ ဂန့်ဂေါမြို့နယ်မှာ ကြိုးဝိုင်း၊ ကြိုပြင်သစ်တောဧရိယာ သုံးသိန်းခြောက်သောင်းကျော်ရှိပြီး လက်ရှိ ကားလမ်းလူမြင်ကွင်းမှာသာ သစ်တောတွေ ကျန်ရှိနေပြီး အတွင်းပိုင်းမှာ သစ်အလွန်အကျွံခုတ်ယူမှုတွေကြောင့် တောပြုန်းနေပြီဖြစ်ကြောင်းလည်း ဒေါ်ယဉ်မင်းလှိုင်က တင်ပြခဲ့ပါတယ်။
အမြစ်ကနေ တူးယူပြီး ပြည်ပကိုတင်ပို့နေကြသလို ကုမ္ပဏီတွေကလည်း ခွင့်ပြုတဲ့တန်ချိန်ထက် ပိုခုတ်ယူတာတွေ ရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။
အဆိုကို ထီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထောက်ခံခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ကိုင်ဆောင်အသုံးပြုနေတဲ့ Chain- Saw ခေါ် လျှပ်စစ်လွှတွေကို ဥပဒေနဲ့အညီ စီစစ်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး အဲဒီအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
Photo: Win Naung Toe/ RFA ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ဇွန်လ ၁ ရက်နေ့က အဆိုတင်သွင်းနေစဉ် )

No comments:

Post a Comment