Pages

Saturday, September 24, 2016

ရင့်ရှည်ကျေးရွာတွင် တရာမ၀င်သစ်ခွဲသားများဖမ်းဆီးရမိ


ငဖဲ စက်တင်ဘာ ၂၃
ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာတွင် ငဖဲမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင် မင်းသူ ပဒါန်းဘိနယ်တာဝန်ခံတောအုပ် ဦးထိန်လင်းဇော် ပါ(၂)ဦး၊စေတုတ္တရာမြို့နယ် သစ်တော ဦးစီးဌာန ဦးကျော်ဆန်းလှိုင် ပါ(၃)ဦး၊စလင်းမြို့နယ် သစ်တောဦးစီးဌာန ဦးရွှေမင်းမောင် ပါ(၂)ဦး၊ ပဒါန်းရဲကင်းစခန်းမှ ရဲအုပ်လွင်ကိုကိုဦး ပါ(၃)ဦးနှင့် ရင့်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှငွေ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဒါန်းဘိနယ်အတွင်း တရားမ၀င်သစ်ရှာဖွေ ဖမ်းဆီးခြင်းဆောင် ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက် နံနက် ၉း၃၀ နာရီအချိန်တွင် ရင့်ရှည်ကျေးရွာမြောက်ပိုင်းနေ ဦးစောထွေး(သ)၅၈၊(ဘ)ဦးဖိုးစိန်၏ နေအိမ်ခြံဝန်းအတွင်း၌ တရားမ၀င်အခြား(နှော)ခွဲသား (၆) ချောင်း(၀.၁၈၀၈)တန်နှင့် အခြား(ချဉ်ယုတ်)ခွဲသား(၃၃)ချောင်း(၁.၀၉၂၆)တန် ပေါင်း(၁.၂၇၃၄) တန်အား ဖမ်းဆီးရမိခဲ့သဖြင့် တရားမ၀င်သစ် ရောင်းဝယ်လုပ်ကိုင်သူ စောထွေးအား သစ်တော ဥပဒေပုဒ်မ-၃၃(က)၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုမှတဆင့် ပူးပေါင်းအဖွဲ့သည် ပဒါန်းဘိနယ်အတွင်း တရားမ၀င်သစ် ဖမ်းဆီးခြင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၁း၃၀ နာရီအချိန်တွင် ပုသိမ်-မုံရွာလမ်း (၂၅၆/၃)မိုင်နှင့် (၂၅၆/၄) မိုင်ကြား မာန်အောင်ကျေးရွာသို့သွားသော လမ်းဘေးနေရာ၌ တရာမ၀င်အခြား(ကညင်)ခွဲသား (၅)ချောင်း(၀.၄၈၄၂တန်၊ အခြား(ဖန်ခါး)ခွဲသား(၁၆)ချောင်း(၁.၄၁၀၆)တန်နှင့် အခြား(စကားဝါ) ခွဲသား(၂၄)ချောင်း(၁.၈၂၉၂)တန် ပေါင်း(၃.၇၂၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
ပူးပေါင်းအဖွဲ့အနေဖြင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တရားမ၀င်အခြားသစ်ခွဲသား စုစုပေါင်း(၄.၉၉၇၄)တန် ဖမ်းဆိးရမိခဲ့ပြီး ၄င်းသစ်ခွဲသားများအား ပဒါန်းသစ်ဆိပ်သို့ သယ်ယူ သိမ်းဆည်းထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။ သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment