Pages

Wednesday, October 19, 2016

မကွေးတိုင်းဒေသကြီး (၂၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ


မကွေး အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး (၂၁) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား ကို အောက်တိုဘာ ၁၇ ရက်နေ့ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့) နေ့လည်(၂)နာရီက မကွေးမြို့ မြသလွန်စေတီတော် တန်ဆောင်းတော်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မကွေးမြို့ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများနှင့် အနယ်အနယ်အရပ်မှ ဘုရားဖူးပြည်သူများက ကျောင်းတိုက်အသီးသီးမှ သံဃာတော်အပါး စုစုပေါင်း(၉၆)ပါးအား ဆွန်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


Thannaing Oo's photo.
Thannaing Oo's photo.
Thannaing Oo's photo.
Thannaing Oo's photo.
Thannaing Oo's photo.

Wednesday, October 12, 2016

မြေလတ်ဂျာနယ်၊ ၂၀၁၆၊ အောက်တိုဘာ(၁၆-၃၁)ရက်၊ အတွဲ(၂) အမှတ်(၁၆)၊ ဂျာနယ်ကို အောက်တိုဘာ ၁၄ ရက်၊ သောကြာနေ့ ဖြန့်ချိပါမည်။


အပတ်စဉ် ၀ယ်ယူအားပေးကြသော စာဖတ်ပရိသတ်များကို အထူးကျေးဇူးတင်ပါသည်။

သို့ပါ၍ နယ်ကိုယ်စားလှယ်အသစ်များ၊ ဌာနဆိုင်ရာများမှ ဖြန့်ချိလိုပါလျှင် ဂျာနယ်တိုက် လိပ်စာနှင့် ဖြန့်ချိရေးတာဝန်ခံ ဖုန်းနံပတ်များသို့ အမှာစာ အော်ဒါများ ကြိုတင်ပေးပို့နိုင်ပါသည်။


ရုံး ။ ၀၆၃-၂၅၁၉၇ / ၀၉-၄၄၀၂၂၅၁၀၀ / ၇၉၄၅၇၅၀၇၀ /
နိုင်ယုဝေ- ၇၉၁၄၇၈၄၂၈

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်တိုက်
အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်
မကွေးမြို့ ။ ၀၆၃-၂၅၁၉၇