Pages

Monday, February 19, 2018

မင်းဘူးမြို့ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ရာသီမရွေး သွားလာမှုအဆင်ပြေစေရေး ပြုပြင်ဆောင်ရွက်ပေး




မင်းဘူး   ဖေဖော်ဝါရီ   ၁၉
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၈၆၀၀၀၀၀)ဖြင့် လမ်းအရှည်ပေ(၇၇၅)ပေအား လမ်းဘေး(ဝဲ၊ ယာ) တစ်ဖက်လျှင် အကျယ်(၃)ပေချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင် ဆောင်ရွက်ပေးခဲ့ ရာ ယခု ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
          အဆိုပါ မင်းဘူးမြို့၊ စည်ပင်သာယာဈေးအနီးရှိ ကံ့ကော်လမ်းမှာ ယခင်က ပျက်စီးနေ၍ မိုးရာသီကာလများတွင် ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ သွားလာအသုံးပြုရာ၌ အဆင်မပြေမှုများ ကြုံတွေ့နေရလေ့ရှိကြောင်း သိရ သည်။ ထိုသို့ လမ်းများပျက်စီးနေသည့်အတွက် ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ နေ့စဉ်သွားလာအသုံးပြုနေ ရသည့် မင်းဘူးမြို့၊ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ယခု ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈၆၀၀၀၀၀)ဖြင့် လမ်းအရှည်ပေ(၇၇၅)ပေအား ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် လမ်းဘေး (ဝဲ၊ ယာ)တစ်ဖက်လျှင် (၃)ပေစီ တိုးချဲ့ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ကံ့ကော်လမ်းတစ်လျှောက်တွင် ယခင် လုပ်ငန်းအပိုင်း(၁)အနေဖြင့် လမ်းအရှည် ၆၆၀ ပေအား ခွင့်ပြုငွေကျပ် (၁၅၇၀၀၀၀၀)ဖြင့် လမ်းဘေး(ဝဲ၊ ယာ)တစ်ဖက်လျှင် (၃)ပေစီချဲ့ထွင်ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း နှင့်  မြေနိမ့်သည့်နေရာ လမ်းအရည်(၄၅၀)ပေအား ခွင့်ပြုငွေကျပ် (၁၉၂၀၀၀၀၀)ဖြင့် လမ်းအကျယ် (၁၈)ပေ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍  ယခုအခါ အဆိုပါ မင်းဘူးမြို့၊ စည်ပင်သာယာဈေး အနီး ကံ့ကော်လမ်းအား လမ်းပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သဖြင့် ရပ်ကွက်နေပြည် သူများနှင့် ဈေးသူဈေးသားများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment