Pages

Monday, June 1, 2009

မျက်မှန်

မျက်မှန်

ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်


* လှတာလည်း ငါမသိ
မလှတာလည်း ငါမသိ
မင်းကြည့်ချင်ကြည့်……။

* မင်းကြည့်လို့မြင်ရအောင်
ပါဝါ ဒီဂရီ အမျိုးမျိုးနဲ့
ငါအမြဲ အကျိုးဆောင်…။

* ဒါပေမဲ့ စေတနာထားရတာ
အလကား….
ငါ့ကြောင့် မင်းရုပ်ဆိုးသွား..
မင်းချစ်သူ တွတ်ထိုးစကား
ငါ့အသည်းထဲမှာ နားခါး..
မျက်မှန်ကြီးတကားကားနဲ့
“ကိုကို” အသက်ကြီးပြီလား..ဟင်?..တဲ့။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂/ ၆ /၂၀၀၉ နံနက် ၉ နာရီတွင်ရေးသည်။

No comments:

Post a Comment