Pages

Monday, August 24, 2009

၂၂-၈-၂၀၀၉ ခုနေ့ ဟော်တယ် မန္တလေးတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီး၏ (၂၄၇)ကြိမ်မှ သိန်း(၁၅၀၀) ကျပ် ဂုဏ်ပြုချီးမြှင်ပွဲ


















မြန်မာပြည် အောင်ဘာလေထီလောကတွင် (၁၀)နှစ်တာကာလတိုအချိန်အတွင်း
အောင်မြင်ကျော်ကြားလာသော ထီဆိုင်ကြီးဖြစ်ပါသည်။ ပိုင်ရှင်သူဌေးများမှာ
ဦးမျိုးညွန်+ဒေါ်တင်တင်မြင့် (လူငယ်သူဌေးများ) ဖြစ်ကြ၏။
သိန်း(၅၀၀)အောင်ဘာလေ ထီခေတ်မှာလည်း အမြင့်ဆုံးစံချိန်တင်၍
နေရာယူထားခဲ့ကြပါသည်။ ယခု သိန်း(၁၀၀၀)အောင်ဘာလေ ထီခေတ်တွင်လည်း
အပိုဆုသိန်း(၅၀၀)ကျပ်အား နှစ်လ၊ နှစ်ကြိမ်ဆက်တိုက်
ခမ်းနားကြီးကြယ်စွာဖြင့် ဂုဏ်ပြုခဲ့ပါသည်။ (၂၄၆) ကြိမ်မှ သိန်း(၁၅၀၀)ကျပ်
ကံထူးရှင် ဒေါ်နွဲ့နွဲ့(ဖြူးမြို့) အား ရန်ကုန်မြို့ စီဒိုးနားဟော်တယ်တွင်
ကြီးကြယ်ခမ်းနားစွာ ဂုဏ်ပြုပေးခဲ့ပါ၏။

ယခု (၂၄၇)ကြိမ်မှ သိန်း(၁၅၀၀)ကျပ် ကံထူးရှင် ဒေါ်နော်စတယ်လာ (ကလေးဝမြို့)
အား ဟော်တယ်မန္တလေးတွင် (၂၂-၈-၀၉)နေ့၊ နေ့လည်(၃)နာရီမှ ညနေ(၅)နာရီအထိ
ဂုဏ်ပြုဧည့်ခံပွဲကျင်းပသည်။ ညနေ(၅း၃၀)နာရီမှ ည(၁၁)နာရီ အထိ
အလှပြကားကြီးဖြင့် ကံထူးရှင်များ ၊ရုပ်ရှင်မင်းသမီးများ ပုလဲဝင်း၊
ခရာဇ်တီးနား၊ အဆိုတော်များ၊ တင်မိုးလွင် မော်ဒယ်အဖွဲ့များဖြင့်
မန္တလေးမြို့အတွင်း လှည့်လည်ပြသ အောင်ပွဲခံခဲ့ကြပါသည်။

မန္တလေး စာနယ်ဇင်းဆရာများနှင့် မန်းမြို့သူ၊မြို့သားများ အံ့သြော် ဘနန်း
လိုက်လံ၍ အားပေးကြည့်ရှုကြပါသည်။

သတင်း ဓာတ်ပုံများအား တင်ပြပေးလိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၄)ရက်နေ့တွင် ရေး၏။

No comments:

Post a Comment