Pages

Thursday, March 29, 2012

`ဘုရားဆင်းတုတော် နှင့် ရဟန္တာများအား ခိုးယူခဲ့သူ တရားခံများကို ထောင်ချလိုက်ပြီ´

ဆိပ်ဖြူ။ မတ်လ(၁၄)။
၂၀၁၂ ခု၊ မတ်လ(၁၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်တရားရုံးမှ အမှုအမှတ် ၃၄၅/၂၀၁၁ ဖြင့် လက်ခံစစ်ဆေးခဲ့သော တရားခံသုံးဦးအား ပုဒ်မ၂၉၅ (အရ)ထောင် (၁)နှစ်စီ၊ ပုဒ်မ ၃၈၀ အရ ထောင်(၃)နှစ်စီ၊ တို့ဖြင့် ပြစ်ဒါဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်းသိရှိရသည်။ အမှု ဖြစ်စဉ်မှာ ၂၀၁၀ ခု၊ အောက်တိုဘာ လ(၂၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမကျေးရွာ ရဲစခန်းပိုင်၊ ကောတုံကျေးရွာရှိ မြသီတာဘုရားဂူအတွင်းမှ သစ်သားဘုရားဆင်းတုတော်(၁)ဆူ နှင့် ပဉ္စ၀ဂ္ဂီ ရဟန္တာ သစ်သားဆင်းတုတော်(၂)ဆူတို့အား ခိုးယူခဲ့ကြသည်။ ယင်း သူခိုးသုံးဦးကို မြသီတာဘုရားအရှေ့ဘက် ပေ(၁၅၀)အကွာရှိ ကဇွန်းမချောင်းဘေးမှာ ကောတုံရွာသားများမှ ဖမ်းဆီး ရရှိကြောင်းသိရ၏။ ဖမ်းဆီရမိသော တရားခံများမှာ ဥာဏ်စိန် (၅၉)နှစ်၊ (အဘ) ဦးဘိုးပု၊ ကမ်းဖြူရွာ ချောက်မြို့နယ်၊ တင်လင်းအောင် (၃၉)နှစ်၊ (အဘ)ဦးကျော်မြ၊ ရွာသာကြီးကျေးရွာ၊ စစ်ကိုင်းမြို့နယ်၊ သိန်းလွင်(၃၀)နှစ်၊ (အဘ)ဦးအောင် သိန်း၊ ကြူတောကျေးရွာ၊ စလင်းမြို့နယ်၊ များမှ တရားခံသုံးဦးတို့ ဖြစ်ပြီး ကောတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ တရားလိုအဖြစ် တိုင်တန်းခဲ့မှုဖြစ်၏။ ယင်းအမှုအား ဆိပ်ဖြူမြို့နယ် ကဇွန်းမရဲစခန်းမှ (ပ)၆၃/၁၁ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ထိုတရားခံသုံးဦးအား အထက်ပါအတိုင်း ပြစ်ဒါဏ်များဖြင့် အမိန့်ချခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment