Pages

Thursday, March 29, 2012

`မကွေးတိုင်းဒေသကြီး ဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန်ဖုန်း GSM ဆင်းကတ်များ စတင်ရောင်းချ´




၂၈-၃-၂၀၁၂ နေ့မှစတင်၍ မကွေးတိုင်းဒေသကြီးဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန် GSMဖုန်း ဆင်းကတ်များစတင် ရောင်းချကြောင်း သိရသည်။ ၀ယ်ယူလိုသူများ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ(၁)စောင် နှင့် လိုင်စင်ဓာတ်ပုံ(၁လက်မခွဲX နှစ်လက်မ)ဆိုဒ် ကာလာပုံ(၂) ပုံ ပါသူများကို “One Stop Service” စနစ်ဖြင့် ဆောင်ရွက်ပေးသည်။ ၀ယ်ယူနိုင်သော နေရာများမှာ (က) လက်ထောက်အထွေထွေမန်နေဂျာရုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့။ (ခ) တိုင်းဒေသကြီး ဆက်သွယ်ရေးစခမ်း(စာတိုက်)၊ မြို့မဈေးကြီးအနီး၊ မကွေးမြို့။ (ဂ) ရန်ကင်းစာတိုက်၊ သုခိတာလမ်း၊ မကွေးမြို့။ (ဃ) AIS ကုမ္ပဏီရုံးခွဲ၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်၊ (စန်းရတနာ(၂) တည်းခိုခန်း အနီး)၊မကွေးမြို့။ တို့တွင် ရရှိနိုင်ကြောင်းသိရသည်။ ယင်း GSM ဆင်းကတ်များတွင် AIS ကုမ္ပဏီ အမှတ်တံဆိပ် မပါရှိသည့် ဖုန်းဆင်းကတ်များ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာလျှင် ပြန်လည်လျှောက်ထားနိုင်ခြင်း မပြုပါကြောင်း အထူးသတိပေး ကြေငြာထားကြောင်း မှတ်တမ်း ဓာတ်ပုံရိုက်၍ သတင်းရယူခဲ့သည်။
``ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေကတော့ (၂)သိန်းလည်း မကိုင်နိုင်သေးပါဘူး၊ ၅၀၀၀ိတန်ဖုန်းကိုသာ မျှော်နေတာပါ။ ၅၀၀၀ိ တန်ပေါ်လာရင်တော့ အပြေးသွားပြီး ၀ယ်ကိုင်မယ်ဗျို့´ ဟု ဆက်သွယ်ရေးရုံးရှေ့မှ ဆိုက်ကားဆရာ တစ်ဦးမှ အော်၍ ပြောဆိုနေကြောင်း ကြားသိခဲ့ရပါသည်။

No comments:

Post a Comment