Pages

Sunday, May 13, 2012

`အညာမြေလတ်ဒေသ မှာ မိုးဦးကျစော၍ မြေပဲတွေ နှမ်းတွေ စတင်စိုက်ပျိုး´

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင်းမှ သဖန်းဆိပ် ဧရာဝတီမြစ်ရေစီမံကိန်း ရေတင်မြောင်းဘေးရှိ ကျေးရွာများမှ တောင်သူများ၏ ယာခင်းများတွင် (၈-၅-၂၀၁၂) နေ့တွင် မိုးဦးကျစော၍ မိုးသဲပြီးရွာချကြောင်းသိရသည်။ ၎င်း နေ့နောက်ပိုင်းတွင် တောင်သူများသည် မိမိတို့ယာခင်းများတွင် ပဲ နှင့် နှမ်းသီးနှံများစတင် ကျဲချစိုက်ပျိုးကြောင်း မြင်တွေ့ရပါသည်။ ထိုယာခင်းများသည် ဧရာဝတီမြစ်ရေစီမံကိန်းမှ ရေတင်ပေးဝေနေသော မြောင်းဘေးမှာရှိနေသော်လည်း မိုးကိုသာ မျှော်၍ ရှေးအစဉ်အလာမပျက် စိုက်ပျိုးနေကြကြောင်းသိရသည်။ သက်ဆိုင်ရာ မှလည်း ၎င်းယာမြေများတွင် စပါးစိုက်ပျိုးခိုင်း ကြောင်း သိရသည်။ တောင်သူများကလည်း ကုန်ခေါင်ခေါင်ယာခင်းမှာ စပါးကို မစိုက်ရဲဘူး။(မဖြစ်နိုင်ဘူး) ဟု ဆိုကြသည်။ ဒေသခံ အသက်(၇၀)ရှိ ဘကြီး ဦးကျော်မှ ဤသို့ဆိုပါသည်။ `နိုင်ငံတော်အစိုးရက မြစ်ရေတင်စီမံကိန်းနဲ့ ရေကိုရအောင်တင်ပေးသော်လည်း ကျုပ်တို့ရွာမှ လူတွေက တန်ဘိုးရှိအောင် အသုံးမချတတ်ကြဘူး။ မြောက်အုံးသီးရသလို ခွဲမစားတတ်ဘူးဖြစ်နေတာပါဗျာ..။ သက်ဆိုင်ရာကလည်း မစိုက်ချင်တဲ့ စပါးကိုသာ စိုက်ခိုင်းနေတာ။ ဒါပေမယ့် ဒီနှစ် နွေကာလကြီးထဲမှာ မြောင်းရေအားကိုးနဲ့ နွေနှမ်းတွေကို ဧက(၇၀)ကျော်လောက် ဒီယာမြေတွေကိုငှါးပြီး စိုက်ပျိုးသွားလို့ အောင်မြင်တာကို မြင်လိုက်ရပါတယ်။ ဒီဇယ်အင်ဂျင်ပန့် တွေနဲ့ ရေစုပ်တင်ရတော့ စရိတ်ကြီးတာပေါ့။ လျှပ်စစ်မီးကို ရွာတွေနဲ့ မြောင်းဘောင်ဘေးတွေအထိ မီးပေးရင်တော့ ဒီမြောင်းရေကို အသုံးချစိုက်ပျိုးနိုင်ကြမယ် ထင်ပါတယ်။ ယခုတော့ ရေမြောင်းထဲမှာ ရေတွေဒလောဟော စီးဆင်းနေတာမြင်ရပေမယ့် မိုးကိုသာ မျှော်ပြီး စိုက်ပျိုးနေကြ တယ်ဗျာ..။ ကျုပ်တို့ဆီမှာ စိုက်စရာမြေတွေလဲ အများကြီးရှိနေပါတယ်၊ နည်းပညာတွေနဲ့ အရင်းအနှီးသာလိုအပ်နေကြပါတယ်´ ဟု ပြောဆိုနေ၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်

No comments:

Post a Comment