Pages
▼
Thursday, May 24, 2012
၇-၅-၂၀၁၂ `သတင်းရေးဖို့ ကုန်ကြမ်းလိုပြီ´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၇-၅-၂၀၁၂) ၇-၅-၂၀၁၂ `သတင်းရေးဖို့ ကုန်ကြမ်းလိုပြီ´
ညက ကျွန်တော်တို့မိသားစု(၃)ယောက် အောက်ထပ် အဲယားကွန်းခန်းမှာ ပြောင်းပြီးအိပ်ကြတယ်။ နံနက် ခါတိုင်း အိပ်ယာထနေကြ (၅)နာရီ နိုးပါတယ်။ ဘုရားဝတ်တက်၊ ဈေးဆိုင်ဖွင့်ပြီး ပဌာန်းရွတ်တယ်။ နံနက်ပိုင်း မြေးမလေး ဖြိုးမြတ်သော်တာ လေးကို ထိမ်းရင်း သတင်းဂျာနယ်များ ဖတ်ဖြစ်တယ်။ ဂျာနယ်များ ရောင်းအားကျနေလို့ သားကြီး ထွန်းဝင်းကျော်က နံနက်စောစော သွားယူပေးနေပါတယ်။ ယခင်ဆိုရင် နံနက်(၈)နာရီး အရောင်းကလေးမ မမဉ္ဖူဝင်းကွန့် လာမှ ဂျာနယ်များကို ချိတ်ရပါတယ်။ ယနေ့တော့ နံနက်(၆း၃၀)နာရီမှာ ဂျာနယ်များကို ချိတ်ပြီးရောင်းရပါတယ်။ ကိုယ်လည်း စောစောဖတ်ဖြစ်ပါတယ်။ နံနက်ပိုင်း ရုံးသွားဖို့ ရေချိုးနေစဉ် ကိုနေခြည်ရောက်လာပါတယ်။ လာတဲ့ကိစ္စမှာ ယနေ့ သူ့သမီးအတွက် လက်တော့ပ်ကွန်ပျူတာ တစ်လုံးသွား၍ ၀ယ်ပေးရန်ခေါ်ပါတယ်။ သူ့နဲ့ နှစ်ယောက်ထွက်ခဲ့ကြပါတယ်။ ပထမ ကွန်ပျူတာပြင်ဆရာ ကိုဖြိုးထံသို့ သွားတယ်။ သူနဲ့ မတွေ့ပါ။ ဒါနဲ့ စကိုင်းနက် အင်တာနက်လပေးယူသုံးနေတဲ့ ဇာမနည် ကွန်ပျူတာ အရောင်းဆိုင်ကို သွားပါတယ်။ ဆိုင်ရှင် ကိုအေးမင်းစိုး နဲ့တွေ့တယ်။ သူ့ဆိုင်မှ NEC အမျိုးအစား လက်တော့ပ်ကွန်ပျူတာတစ်လုံးကို ရွေးလိုက်ပါတယ်။ (ဂျပန် မှ သုံးပြီး) အဟောင်းဖြစ်တယ်။ ဈေးကတော့ (၁၇၅၀၀၀ိ) ကျပ်သာ ပေးရတယ်။ ဟတ်ဒစ်(40)GB ဖြစ်တာက လွဲလို့ ကျန်တာ အဆင့်မြင့်ပါတယ်။ အသံဖမ်းစက် MP3 (၃၀၀၀၀ိ) တန်ပါ အားလုံးကို (၂)သိန်းနဲ့ ဈေးတည့်ကြပါတယ်။ စရံ ငါးသောင်းပေးခဲ့ပါတယ်။ ကွန်ပျူတာက မနက်ဖြန်(၈-၅-၂၀၁၂) နေ့ နံနက်ပိုင်းမှာ လာပို့မည်ပြောပါတယ်။ ညမှာ ကြန့်ခိုင်းရေးလုပ်ရမည်လို့ ပြောပါတယ်။
အဲဒီကနေ ဆည်မြောင်းရုံကိုဆက်သွားပါတယ်။ ရုံးမှာ ညွှန်ကြားရေးမှူးအသစ် ရောက်မည်ဟု သိရပါတယ်။ ရုံးက အပြန်လမ်းမှာ တန်(၃၀) သမဆီစက်ဝိုင်းထဲမှာ နှမ်းထောင်တွေ နေလှန်ထားတာကို မြင်ရပါတယ်။ နွေကာလကြီးမှာ ဘယ်က နှမ်းဆိုတာကို စုံစမ်းကြည့်တော့ မြစ်ရေတင် နွေနှမ်းလို့ သိရပါတယ်။ အဲဒီအကြောင်းကို မနက်ဖြန်မှာ သတင်းရေးဖို့ ကုန်ကြမ်းယူရပါမည်။ တစ်ဆက်တည်း အဲဒီနေရာက ဇီးခွဲစက်ကိုလည်း ကုန်ကြမ်းဝင်ပြီး ယူရပါမည်။ ယခု တစ်ပတ်အတွက် ဂျာနယ်များးကို တင်ဖို့ သတင်းက တစ်ပုဒ်မှ မရသေးဘူး။ သတင်းရေးဖို့အတွက် ကုန်ကြမ်းများ အလိုရှိနေပါတယ်။ ဘယ်ကမှ မရရင် ချောက်မြို့ ဆိပ်ဖြူမြို့များသို့ ပြေးရပါမည်။ ဆိပ်ဖြူမှ မြေယာမှု သတင်းများကို နောက်ဆက်တွဲ သတင်းရေးဖို့ စိတ်ကူးထားပါတယ်။
No comments:
Post a Comment