Pages

Tuesday, May 22, 2012

၂၈-၄-၂၀၁၂ `မဟာရန်ကုန်မြို့ကြီးမှ ပြန်ခဲ့တယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၈-၄-၂၀၁၂) ၂၈-၄-၂၀၁၂ `မဟာရန်ကုန်မြို့ကြီးမှ ပြန်ခဲ့တယ်´ နံနက်(၁၀း၃၀)နာရီမှာ FANE ဟော်တယ်က ထွက်ခဲ့တယ်။ မြန်မာပို့စ် ဂျာနယ်တိုက်ကို ၀င်တယ်။ အလွတ်တန်း သတင်းထောက်ကဒ် ထုတ်ပေးတယ်။ စာမူခ အမှတ်(၁၄)အတွက် ၆၀၀၀ိ ထုတ်ပေးတယ်။ လိပ်စာကဒ်(၂၀) ဒီဇိုင်းလုပ်ပြီး ပရင့်ထုတ်ပေးလိုက်တယ်။ ဒီဇိုင်းကိုလည်း တောင်းယူလာခဲ့တယ်။ အယ်ဒီတာ ကိုခိုင်လင်းကျော် တာဝန်ကျေပွန်ပါတယ်။ ယခုထွက်မဲ့ အတွဲ(၄) အမှတ်(၁၆) ဂျာနယ်မှစပြီး အလွတ်တန်းသတင်းထောက်မှာ ၀ိုင်းကြည်အောင် ကလောင်အမည်ထည့်မည် ပြောပါတယ်။ ဖွဲ့စည်းပုံအသစ်လုပ်ရင် သတင်းတာဝန်ခံအဖြစ်ခန့်ထားပေးမယ်။ လစာပါ ပေးမည်လို့ ပြောပါတယ်။ ဂျာနယ်တိုက်မှ ဘားလမ်းက မျိုးဆက်သစ်စာပေ ဒေါ်တင်မာဦးထံ သွားတယ်။ ဒုတိယအကြိမ် ၀ထ္ထုအုပ်(၅၀၀)က သူဆီကို (၂၆၃)အုပ်သာ စွယ်တော်မှ ပေးပို့ကြောင်း သိရတယ်။ ပြန်ပို့(၂၂၅) ဆိုတော့ စာရင်းရှင်းရန်ကျန်ငွေ (၈၅၀၀ိ)သာ ပေးလိုက်ပါတယ်။ သူက မှုန့်ဗူး(၂)ဗူးလက်ဆောင်ပေးလိုက်ပါတယ်။ လက်တော့ ကွန်ပျူတာကို ဒီဗွီဒီ အသစ်လဲတယ်။ ငွေ(၄၂၀၀၀ိ)ပေးရတယ်။ ကင်မရာအသေးလေးအတွက် ဓါတ်ခဲ(၂)လုံး(၅၀၀၀ိ)တန် ၀ာယ်။ နေ့လည် ကားဂိတ်သို့ ဘတ်စ်ကားနဲ့ဆင်းခဲ့တယ်။ ပူတယ်လေ ဆယ်နေကဲဆိုသလို တော်တော်အပူဒဏ်ကို ခံစားရပါတယ်။ ဘတ်စ်ကားကလည်း အထဲမ၀င်တဲ့ကားဆိုတော့ ကားကွင်းထဲကို လမ်းမလျှောက်နိုင်လို့ (၃)ခါလောက် နားပြီး သွားရပါတယ်။ (၄)ရက်လောက် အဲယားကွန်းနဲ့နေလာရတော့ ယခု ငရဲပြည်ကျနေသလိုကို ခံစားရပါတယ်။ ညနေ(၆)နာရီ နဒီဧရာကားနဲ့ မကွေးသို့ ပြန်လာခဲ့ပါတော့တယ်။ အင်း(၄)ရက်အတွင်း ရန်ကုန်မြို့ထဲမှာ တက်ကစီကားငှါးခ(၂၀၀၀၀ိ) ကုန်ပါတယ်။ နှမျောစရာ ကောင်းနေပါတယ်။ တစ်လမ်းလုံး ပင်ပန်းလွန်းလို့ အိပ်လိုက်လာခဲ့ရပါတယ်။ ၁၁၅ မိုင်မှာ ထမင်းဆီဆမ်းတစ်ပွဲ စားပါတယ်။ အိမ်အတွက် လက်ဆောင် ၃၂၀၀ိဖိုးဝယ်ခဲ့ပါတယ်။ ကားထွက်တော့လည်း ပြန်အိပ်ပြီး လိုက်လာခဲ့ရတယ်။ မကွေးကို နောက်တစ်နေ့(၄း၃၀)နာရီမှာ ပြန်ရောက်ခဲ့တယ်။ အိပ်ချိန်ရလို့ ဆက်လက် အိပ်ပါတယ်။

No comments:

Post a Comment