Pages

Thursday, May 24, 2012

၁၄-၅-၂၀၁၂ `မကွေးမြို့မှာ ဗုဒ္ဓမြတ်စွယ်တော်ပွား (၂)ဆူ ပူဇော်ထားသည်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၁၄-၅-၂၀၁၂) ၁၄-၅-၂၀၁၂ `မကွေးမြို့မှာ ဗုဒ္ဓမြတ်စွယ်တော်ပွား (၂)ဆူ ပူဇော်ထားသည်´ မနေ့က တိုင်းပြန်ဆက်တိုင်းဦးစီးမှူး ဦးဝင်ခင် ဆီက သွားယူထားတဲ့ စွယ်တော်သတင်းကို ဒီနေ့ ရေးတယ်။ အင်တာနက် ဘလော့ တင်ချိန်တော့ မရလိုက်ပါ။ ဦးဝင်းခင် ရောက်လာတယ်။ ဧည့်ခံပြီး စကား မပြောလိုက်နိုင်ဘူး။ အားနာလိုက်တာ။ သူလည်း သိပါတယ်။ သူ့သင်းကို ဖတ်ခိုင်းလိုက်သေးတယ်။ မိုးကြီးလေကြီး သတင်းသူက ကျွန်တော့်ကို သတင်းပေးတုန်းက သတင်းထဲမှာ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင် မှ ပြောပါသည်လို့ ရေးလိုက်မိတယ်။ အဲဒါကို ညွှန်းပြီး ကျုပ်က ပြေတယ်လို့ သတင်းထဲမှာ ရေးဦးမှာလား လို့ မေးနေပြန်တယ်။ `ဆရာ သက်ပြည့်ပင်စင်သွားခါနီးမှာ တိုင်းပြည်က သိအောင် ကြော်ငြာပေးတာပါလို့ ဖြေပေးလိုက်ပါတယ်။ သူပြန်သွားတော့ မြို့နယ်စည်ပင်သာယာရုံး ကို ပြေးရတယ်။ ထီဆိုင် နဲ့ ဆီဆိုင်(၂)ဆိုင် လမ်းပေါ်မြေအသုံးပြုခွင့် လျှောက်လွှာတင်ရတယ်။ စည်ပင်ရုံးကနေ ဆည်မြောင်းရုံးသို့ ဆက်ပြေးတယ်။ အပြန်မှာ စည်ပင်ရုံးကို လျှောက်လွှာတွေ သားကြီးကို တင်ခိုင်းလိုက်ရပါတယ်။

No comments:

Post a Comment